Home လူ့အခွင့်အရေး ပလက်ဝမြို့သိမ်းတိုက်ပွဲက ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကို အာရက္ခတပ်တော်က ဆက်တိုက်လွှတ်ပေးနေ

ပလက်ဝမြို့သိမ်းတိုက်ပွဲက ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကို အာရက္ခတပ်တော်က ဆက်တိုက်လွှတ်ပေးနေ

26
0

CNA၊မြတ်သူ။

ပလက်ဝမြို့သိမ်းတိုက်ပွဲအတွင်းက အာရက္ခတပ်တော်က ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းနဲ့ သုံ့ပန်းမိသားစုဝင်တွေကို အာရက္ခတပ်တော်က ပြန်လွှတ်ပေးတာတွေ ဆက်တိုက်ရှိနေတယ်လို့ အာရက္ခတပ်တော် နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့ မှာလည်း တိုက်ပွဲအတွင်းက ဖမ်းဆီးရမိထားတဲ့ သုံပန်းမိသားစုဝင် ၃၃ ဦးကို ပြန်လွတ်ပေးခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အာရက္ခတပ်တော်က ပလက်ဝမြို့သိမ်းတိုက်ပွဲအတွင်းမှာ ဖမ်းဆီးရမိတဲ့ စစသုံ့ပန်းတွေကို ​ပြန်​လွတ်ပေးတာဟာ ဒီတစ်ကြိမ် နဲ့ ဆိုရင် ၈ ကြိမ်မြောက်ထိရှိလာနေတာဖြစ်ပြီးတော့ သုံ့ပန်း ၃၀၀ ကျော်အထိကို လူသားချင်းစာနာထော က်ထားတဲ့အနေနဲ့ ပြန်လွှတ်ပေးနေတာလည်း ဖြစ်တယ်လို့ဆိုထားပါတယ်။

ဒါ့အပြင်အာရက္ခတပ်တော်ဆီမှာ သုံ့ပန်းအဖြစ်နဲ် ဖမ်းဆီးခံခဲ့ရတဲ့ စစ်ကော င်စီတပ်ဖွဲ့ဝင်တွေ နဲ့ မိသားစုဝင်တွေဟာ ဖမ်းဆီးခံခဲ့ရစဥ်အတွင်းမှာစစ်သုံ့ပန်း ဥပဒေနဲ့အညီ အာရက္ခတပ်တော်က စောင့်ရှောက်ပေးထားခဲ့တာရှိတယ်လို့ လည်း ပြန်လည်လွှတ်မြောက်လာတဲ့ စစ်သုံ့ပန်း မိသားစုဝင်တွေကပြောပါတယ်။

အာရက္ခတပ်တော်ဟာ ဒီနှစ်အတွင်းမှာ ပလက်ဝအပါအဝင် ရခိုင်မြို့သိမ်း တိုက်ပွဲ အတွင်းက ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်း ၁၆၀၀ နီးပါးကိုလည်းလူသားချင်းစာနာထောက်ထားတဲ့ အနေ နဲ့ ပြန်လွှတ်ပေးတာတွေ လည်းရှိနေပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here