CNA၊ မြတ်သူ။
အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ထားပြီးဖြစ်တဲ့ ပဲခူးတိုင်းအတွင်းကညောင်ကျိုးတပ်စခန်းကို စစ်ကောင်စီက ပြန်လည်ရယူနိုင်ဖို့အတွက် ထိုး စစ်ဆင်တိုက်ခိုက်လာနေတာကြောင့် အာရက္ခတပ်တော် နဲ့ စစ်ကောင်စီတပ်တို့ဟာ နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတယ်လို့ စစ်ရေးသတင်းရင်း မြစ်တွေကပြောပါတယ်။
အာရက္ခတပ်တော် နဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ငလျင်ဘေးသင့်ပြည်သူတွေကိုလူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့အတွက် ဆိုပြီးတော့ ဒီမေလ ၁ လတာကို ထပ်မံ တစ်ဖက်သတ်ယာယီ အပစ်ရပ်သက် တမ်းတိုးထားတာဖြစ်ပြီးတော့ အဲဒီအပစ်ရပ်ထားတဲ့ကာလမှာ စစ်ကောင်စီဟာ သူတို့ လက်လွှတ်ထားရတဲ့ တပ်စခန်းကို ပြန်လည် ရယူနိုင်ဖို့အတွက် အခုလို ထိုးစစ်ဆင် တိုက်ခိုက်လာနေတာလည်း ဖြစ်ပါတယ်။
အာရက္ခတပ်တော် ရဲ့ စစ်ရေးသတင်းရင်မြစ်တစ်ဦးပြောတာက”အခု စစ်ကောင်စီက ထိုးစစ်ဆင်လာလို့ ပန်းတောင်းမြို့ ထဲက မသုံးကျေးရွာ အနီးတဝိုက်မှာ တိုက်ပွဲတွေ ဖြစ်နေတယ်။လေကြောင်း၊ဒရုန်း သုံးပြီးတော့လည်း အပြင်းအ ထန် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်။ကပစ ၁၆ ကလည်း လက်နက် ကြီးပစ်ကူပေးတာတွေလုပ်နေတယ်”လို့ သူကပြောပါတယ်။
စစ်ကောင်စီဟာ အာရက္ခတပ်တော် အပါအဝင် ညီနောင်မဟာမိတ်တပ်တွေ ရဲ့ ပထမအကြိမ်အပစ်ရပ်ကာလ ဖြစ်တဲ့ ဧပြီလ အတွင်းမှာလည်း ဒီတပ်စခန်းကို ပြန်လည်ရယူနိုင်ဖို့အတွက် စစ်ကောင်စီဘက်က ပထမအကြိမ် ထိုးစစ် ဆင်တိုက်ခိုက်တာကို လုပ်ဆောင်ခဲ့တာလည်းရှိခဲ့ပါသေးတယ်။
အဲဒီလိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမယ့် အာရက္ခတပ်တော် နဲ့ မဟာမိတ်တပ်တွေရဲ့ ပူးပေါင်းကာ ခုခံတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဟာ အကျအရှုံးများစွာ နဲ့ ညောင်းကျိုးတပ်စခန်း နဲ့ ၄ မိုင်ခန့်အကွာမှာရှိတဲ့ ရှု့ခင်းသာ တပ်စခန်းကို တပ်ဆုတ် ထွက်ခွါခဲ့ရပါသေးတယ်။
အဲဒီနောက် စစ်ကောင်စီဟာ စစ်အင်အား လူအင်အားထပ်မံဖြည့်တင်းပြီးတော့ ဒီမေလ တတိယအပတ်ထဲမှာ ဒုတိယအကြိမ် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာနေတာ ဖြစ်ပြီးတော့ လက်ရှိမှာလည်း စစ်ကောင်စီတပ်တွေဘက်က အကျအရှုံးတွေ နဲ့ ရင်ဆိုင်နေရတယ်လို့လည်း အဲဒီစစ်ရေး သတင်းရင်းမြစ်ကပြောပါတယ်။
“အခုလည်း အကျအရှုံးတွေရှိနေတယ်။လေကြောင်း ဒရုန်း နဲ့ တိုက်ခိုက်နေလို့ နည်းနည်း ခုသာခံသာဖြစ်နေတာ”လို့ သူကပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ အာရက္ခတပ်တော်ရဲ့ ထိုးစစ်ကို ခုခံနိုင်ဖို့အတွက် ညောင်ခြေထောက်နဲ့ ဥသျှစ်ပင်မြို့နယ် အတွင်းမှာလည်း စစ်အင်အားဖြည့်တင်းတာ နဲ့ လက်နက်ကြီးတပ်ဆင်တာကာ စခန်းသစ်တွေ တိုးချဲ့ထားတာတွေလည်း ရှိနေတယ်လို့ ဒေသ သတင်းရင်းမြစ်တွေကပြောပါတယ်။
အဲဒီလို စစ်ကောင်စီက စခန်းသစ်တွေ တိုးချတာ စစ်အင်အားဖြည့်တင်းမှုတွေ လာပ်ဆောင်လာတာ နဲ့အတူ ဒေသအတွင်းမှာ ရှိနေတဲ့ အရပ်သားပြည်သူတွေကို စစ်မှုထမ်းဖို့အတွက် အတင်းဖမ်းဆီးတာ၊ငွေညှစ်တာတွေကို ဆက်တိုက် လုပ်ဆောင်တာတွေလည်း ရှိနေတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။





Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me?