မကွေးအကျဥ်းထောင်မှာ တိုက်ပိတ်ခံထားရတဲ့ အကျဥ်းသား ၂၀၀ ကျော်ဟာ ဆေးကုသခွင့် မရဖြစ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဥ်သားများကွန်ရက်(PPNM)က ဒီနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။
ဒီတိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေး အကျဥ်းသား ၂၀၀ ကျော်ဟာ ပြီးခဲ့တဲ့ မေ လ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အကျဥ်းထောင်အနီး ပစ်ခတ်မှု နဲ့ ပတ်သက်ဆက်နွယ်နေတယ်ဆိုပြီးတော့ အကျဥ်းဦးစီးက စွပ်စွဲ ပြီးတော့ နိုင်ငံရေးအ ကျဉ်းသား ဦးဝင်းဝင်းနဲ့ ကိုဖြိုးတို့အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေကို
ထောင်အာဏာပိုင်တွေက ဖမ်းဆီးရိုက်နှက်ကာ တိုက်ပိတ်ခံထားရသူတွေ ဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီလို ဖမ်းဆီးရိုက်နှက်မှုကြောင့်နိုင်ငံရေးအကျဉ်းသားတွေမှာ ခါး၊ ခြေ ထောက်နဲ့ တင်ပါးတွေမှာ ရိုက်နှက်ဒဏ်ရာတွေ ရရှိထားခဲ့သလို သေနတ် နဲ့ ပစ်ခတ်မှုကြောင့်လည်း သေနတ်ဒဏ်ရာရရှိသူတွေ ရှိနေတယ်လို့ ဆိုထားပါတယ်။
လက်ရှိ အဲဒီလို ဒဏ်ရာ ရပြီးတော့ တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေး အကျဥ်းသား ၂၀၀ ကျော်ဟာ တစ်လကျော်ကြာတဲ့ဘအထိ ဆေးဝါးကုသခွင့်မရတာဖြစ်တယ်လို့လည်းဆိုပါတယ်။
ဒါ့အပြင် ဒီအကျဥ်းသားတွေကိုလည်း ထောင်ဝင်စာတွေ့တာ၊ ထောင်ဝင်စာပါဆယ်ပို့ခွင့်တွေကို ပိတ်ပင်တာတွေကိုလည်း လုပ်ထားတယ်လို့ (PPNM) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီတိုက်ပွဲ ဖြစ်ပွားချိန်ကတည်းကပင် မကွေးအကျဉ်းထောင်မှာရှိတဲ့ နိုင်ငံ ရေးအကျဉ်းသားတွေကို ရေသန့်မပေးတော့တဲ့အတွက် သောက်သုံးဖို့အတွက် ရေးတွေကို ဈေးကြီး ပေးဝယ်သောက်နေရသလို ချိုးရေအတွက်လည်း အိမ် သာရေတွေကိုသာ ချိုးနေကြရတယ်လို့လည်း ဆိုပါတယ်။
ဒီလို မကွေးထောင်တွင်းမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာ ဏာပိုင် တွေ အနေ နဲ့ တရားမဲ့စွာ ပြုလုပ်နေတာဟာ လူ့အခွင့်အရေးကို ပေါ်ပေါ်တင်တင် ချိုးဖောက်နေတာဖြစ်တယ်လို့လည်းဆိုထားပါတယ်။
ဒါ့အပြင် လက်ရှိ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဥ်းသားတွေဟာ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးတာကို ခံခဲ့ရသူတွေ ဖြစ်ပြီးတော့ ဒီလိုဖြစ်ရပ်ကို အခွင့်ကောင်းယူပြီးတော့ လူသားတစ်ဦးရဲ့ အခြေခံရပိုင်ခွင့်တွေကို ကျူးလွန်နေတဲ့ ထောင်အာဏာပိုင်တွေဟာလည်း မိမိတို့ ပြုလုပ်ခဲ့တဲ့ လုပ်ရပ်တွေကို မိမိတို့ အနေ နဲ့ အပြည့်အဝ တာဝန်ယူရမယ်လို့လည်း (PPNM)က ဆိုထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်အနေ နဲ့လည်း ဒီကိစ္စကို စုံစမ်းမှုတွေ လုပ်ပြီးတော့ ကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူမှုတွေကိုလည်း လူ့အခွင့်အရေးအဖွဲ့အစည်းတွေ နဲ့ ပူးပေါင်းဆော င်ရွက်သွားမှာ ဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။





Your article helped me a lot, is there any more related content? Thanks!
Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me?