Home သတင်း စစ်ရေး ULA/ AA အနေ နဲ့ ပြည်သူ့အကျိုးစီးပွါး ဗဟိုပြု ကန့်သတ်တားမြစ်တဲ့ NDEP ပြဋ္ဌာန်းချက်ကို ပြန်လည်စဉ်းစားဖို့ လိုအပ်တယ်လို့ CPSC...

ULA/ AA အနေ နဲ့ ပြည်သူ့အကျိုးစီးပွါး ဗဟိုပြု ကန့်သတ်တားမြစ်တဲ့ NDEP ပြဋ္ဌာန်းချက်ကို ပြန်လည်စဉ်းစားဖို့ လိုအပ်တယ်လို့ CPSC သုံးသပ်ပြောဆို

26
0

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA က ပြဋ္ဌာန်းလိုက်တဲ့ အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် NDEP ပြဋ္ဌာန်းချက်ထဲက ပြည်သူလူထုအကျိုးစီးပွါးကို ဗဟိုပြုကန့်သတ်တားမြစ်ချက်ကို ပြန်လည်စဉ်းစားသုံးသပ်ဖို့ လိုအပ်တယ်လို့ ချင်းနိုင်ငံရေး ဦးဆောင်ကော်မတီ – CPSC (ရခိုင်ပြည်နယ်) က သုံးသပ်ပြောဆိုလိုက်ပါတယ်။

ဒီပြောဆိုချက်ကို ပြည်မထွက်ကာ အလုပ်လုပ်ကိုင်ဖို့ နဲ့ ပညာသင်ကြားဖို့ ထွက်ခွါတဲ့ ချင်းလူငယ်တွေကို အာရက္ခတပ်တော်က ဖမ်းဆီးထားခြင်း နဲ့ ပတ်သက်ပြီး ဒီနေ့ မေလ ၂၈ ရက်နေ့မှာထုတ်ပြန်လာတဲ့ သဘောထားထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းပြောဆိုထားတာလည်းဖြစ်ပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA ဟာ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့မှာ အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် NDEP ပြဋ္ဌာန်းခဲ့ပြီးတော့ မေလ ၂၂ ရက်နေ့မှာတော့ ဒီပြဋ္ဌာန်းချက်ကို အာရက္ခတပ်တော်က တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA က ပြဋ္ဌာန်းလိုက်တဲ့ မျိုးသား ကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်ချက်(NDEP) ထဲမှာတော့ အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိ၊ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ်ကနေ ၂၅ နှစ် အတွင်းရှိတဲ့ လူငယ်တွေကို ကျိုးကြောင်းဆီလျော်မှုမရှိရင် ပြည်မကိုထွက်ခွါခွင့် မပြုဆိုတဲ့ အချက်အပါဝင် အချက် ၄ ချက် ကို ကန့်သတ်တားမြစ်ထားတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဒီပြဋ္ဌာန်းချက်ကိုတော့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA အနေ နဲ့ အများပြည်သူသိရှိအောင်အတွက် ပြဋ္ဌာန်းချက် နဲ့ ပတ်သက်ပြီးတော့ အသေး စိတ်ကို ရှင်းလင်းပြထားတာ မတွေ့ ရဘူးလို့ ချင်းနိုင်ငံရေး ဦးဆောင်ကော်မတီ – CPSC (ရခိုင်ပြည်နယ်) က ထောက်ပြပြောဆိုထားပါတယ်။

ဒီအမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် NDEP ပြဋ္ဌာန်းချက် နဲ့ပတ်သက်ပြီးတော့ ရခိုင်ပြည်ကို ဗဟိုပြုတဲ့ (State Centric)လို့ဆိုတာကို ချင်းနိုင်ငံရေး ဦးဆောင်ကော်မတီ – CPSC (ရခိုင်ပြည် နယ်) အနေ နဲ့ နားလည်ပေမယ့် အဲဒီ ပြဋ္ဌာန်းချက် တွေ ထဲမှာ တားမြစ်ချက်တွေပါလာတဲ့ အတွက် ဒီတားမြစ်ချက်တွေဟာ ပြည်သူတွေ အနေ နဲ့ အကြပ်အတည်းတွေ နဲ့ ကြုံတွေ့ရမယ့် တားမြစ်ချက်တွေ ဖြစ်ပြီးတော့ လူ့အခွင့်အရေး စံနူန်းတွေ နဲ့လည်း ကင်းကွာနေတာကိုလည်းတွေ့ ရတယ်လို့ ဆိုထားပါတယ်။

ဒီပြဋ္ဌာန်းချက်ဟာ ရခိုင်ဒေသမှာဒေသမှာ နေထိုင်တဲ့ ရခိုင်လူမျိုးအပါအဝင် တခြားလူမျိုးတွေ နဲ့ပါ သက်ဆိုင် နေတာကြောင့် ဒီ ပြဋ္ဌာန်းချက်ကို မပြဋ္ဌာန်းခင်မှာ ဌာနေချင်းနိုင်ငံရေး အင်အားစုတွေ နဲ့လည်း ကြိုတင်ညှိနှိုင်းမှုတွေကို လုပ် ဆောင်ခဲ့သင့်တယ်လို့လည်း ဆိုထားပါတယ်။

အဲဒီလို အပြန်အလှန်တန်ဖိုးထားမှု၊အသိအမှတ်ပြုမှုဟာလည်း တိုင်းပြည်ကြန်အင်လက္ခဏာတည်ဆောက်တဲ့ နေရာမှာ အလွန်အရေးကြီးတယ်လို့လည်း ဆိုထားပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA အနေ နဲ့ လက်ရှိ စစ်ရေး ၊နိုင်ငံရေးတွေ အောင်မြင်မှုတွေ ရလာတာဟာလည်း ရခိုင်ပြည်သူတွေ ရဲ့ထောက်ခံမှု ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် အောင်မြင်မှုတွေ ရရှိလာတာ ဖြစ်တဲ့ အတွက် ဒီပြဋ္ဌာန်းချက်မှာ ပါတဲ့ ပြည်သူလူထုအကျိုးစီးပွါးကို ဗဟိုပြုပြီးတော့ ကန့်သတ်တားမြစ်ချက်တွေကို ပြန်လည် စဉ်းစားဖို့ လိုအပ်တယ်လို့ ချင်းနိုင်ငံရေး ဦးဆောင်ကော်မတီ – CPSC (ရခိုင်ပြည်နယ်) က ထောက်ပြ ပြောဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here