Home နိုင်ငံရေး ဘင်္ဂလား အနဲ့ အေအေ မဆက်ဆံဖို့ ကန့်ကွက်စာ ပေးပို့ခဲ့တာကို ပယ်ချလိုက်တာကြောင့် စစ်ကောင်စီ နဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး...

ဘင်္ဂလား အနဲ့ အေအေ မဆက်ဆံဖို့ ကန့်ကွက်စာ ပေးပို့ခဲ့တာကို ပယ်ချလိုက်တာကြောင့် စစ်ကောင်စီ နဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး အတင်းမာဆုံးကိုရောက်ရှိ

242
1

အာရက္ခတပ်တော် နဲ့ ဘင်္ဂဒေ့ရှ်နိုင်ငံတို့ အကြား ဆက်ဆံကို စစ်ကောင်စီက ကန့်ကွက်စာပေးပို့ခဲ့ပြီး အဲဒီကန့်ကွက်စာကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပယ်ချလိုက်တဲ့ အတွက် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး အခြေအနေတွေဟာ အတင်းမာဆုံးအခြေအနေကို ရောက်ရှိသွားခဲ့ရပြီးဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

အဲဒီလိုတင်းမာမှုတွေ ရှိလာချိန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရကလည်း ရန်ကုန်မှာရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး မိုနဝာဟိုဆိန်း (Md. Monowar Hossain) နဲ့ စစ်သံမှူး ဗိုလ်မှူးချုပ်အာဖတပ် ဟိုစိန်း (Aftab Hossain)တို့ကို ပြန်လည်ခေါ်ယူလိုက်ပြီးဖြစ်ကြောင်းကိုလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ သတင်းဌာနတွေမှာ ရေးသားဖော်ပြထားပါတယ်။

အဲဒီနောက်မှာတော့ စစ်ကောင်စီ နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရဲ့ နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးဟာ အတင်းမာဆုံး အခြေအနေကို ရောက်ရှိသွားခဲ့ရတာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရအနေ နဲ့ကတော့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်‌ဖို့အတွက် လိုအပ်တယ်လို့ ယူဆရင် သူတို့ အနေ နဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို ချိတ်ဆက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြောဆိုပြီးတဲ့ နောက်မှာ စစ်ကောင်စီရဲ့ ကန့်ကွက်စာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပယ်ချခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ နယ်စပ်မှာ ထိန်းချုပ်ထားတဲ့သူဟာ အာရက္ခတပ်တော်သာ ဖြစ်တာကြောင့် သူတို့နဲ့ဆက်ဆံရမှာဖြစ်ပြီးတော့ ဒါကသာ အမှန်တရားဖြစ်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေး အကြံပေး ခလီလူရ် ရဟ်မာန်(Khalilur Rahman)ကပြီးခဲ့တဲ့ မေလ ၆ ရက်နေ့မှာ သတင်းထောင်တွေကို ပြောဆိုခဲ့ပါတယ်။

အာရက္ခတပ်တော် (AA) ဟာ လက်ရှိမှာတော့ ဘင်္ဂလားဒေ့ရှ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မောင်တော၊ ဘူးသီးတောင် နဲ့ ပလက်ဝအပါအဝင် ရခိုင်က မြို့နယ် ၁၄ ခုကို သိမ်းပိုက်ထိန်းချုပ်ထားပြီးတော့ လက်ရှိမှာလည်း သိမ်းပိုက်ဖို့ ကျန်နေသေးတဲ့ စစ်တွေ ၊ကျောက်ဖြူ နဲ့ မာန်အောင်မြို့တွေကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here