အပစ်ရပ်ကြေညာပြီးတော့ မြေပြင်ထိုးစစ်တွေ ဆက်တိုက်လုပ်ဆောင်တာတွေ ရှိနေတဲ့ စစ်ကောင်စီတပ်တွေဟာ အခု ဇွန်လ တစ်လတာကိုလည်း ထပ် မံ အပစ်ရပ် သက်တမ်းတိုးတယ်လို့ မနေ့က မေလ ၃၁ ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။
စစ်ကောင်စီအနေ နဲ့ အင်အားပြင်းမန္တလေးငလျင်ကြီးလှုပ်ခတ်တာကြောင့်ထိခိုက်ပျက်စီးမှုတွေ ဖြစ်ခဲ့ရတဲ့ ငလျင်ဒဏ်သင့် ဒေသတွေကို ကူညီကယ် ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ဖို့အတွက် မေ ၆ ရက်မှ ၃၁ ရက်အထိကာလကို ယာယီပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီကာလအတွင်းမှာ စစ်ကောင်စီဝါ လေကြောင်းကနေတဆင့် အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ၊တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ နေမြေတွေကို ပြန်လည်ရယူလိုစိတ်နဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့တာတွေရှိတယ်လို့ ဒေသခံပြည်သူတွေက ဆိုကြပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီဟာငလျင်ဒဏ်သင့်ဒေသတွေက ထိခိုက်ပျက်စီးခဲ့ရတဲ့အစိုးရရုံးဌာနတွေ ပြည်သူတွေ ရဲ့အိုးအိမ်နဲ့ လမ်းပန်း ဆက်သွယ်ရေး တွေကိုပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို နိုင်ငံတကာအကူအညီ နဲ့အင် တိုက်အားတိုက်လုပ်ဆောင် နေတာရှိနေတယ်လို့စစ်ကောင်စီက ဆိုထားပါတယ်။
Data for Myanmar ရဲ့ မေလ ၂၈ ရက်နေ့ ထုတ်ပြန်ချက်အရ ငလျင် လှုပ်ခတ်ပြီး ၂ လတာကညလအတွင်းမှာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေဟာ တဖြေးဖြေးလျော့နည်းလာပြီးတော့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေကိုလည်း စနစ်တကျ လုပ်ဆောင်နိုင်မှု မရှိကြောင်းကို ဖော်ပြထားခဲ့ပါတယ်။
ဒါ့အပြင် နယ်မြေစိုးမိုးမှု အများအပြား မရှိတော့တဲ့ စစ်ကောင်စီဟာ သူတို့ကျင်းပပြုလုပ်မယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လည်း ဒီနှစ်အတွင်းမှာ ပြုလုပ်နိုင်ဖို့အတွက် ဆောင်ရွက်နေတယ်လို့ဆိုထားပါတယ်။
ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပချိန်မှာလည်း တစ်နိုင်ငံလုံးမှာရှိတဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ ပြည်သူအားလုံးဟာ ဆန္ဒမဲပေးနိုင်ရေးအ တွက် ဒေသအလိုက် တည်ငြိမ်အေးချမ်းမှုရှိဖို့လည်း လိုအပ်နေတယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။
အဲဒါကြောင့် စစ်ကောင်းစီအနေ နဲ့ ငလျင်ဒဏ်သင့်ဒေသတွေကို ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်နဲ့ဆက်လက်ဆောင်ရွက်နိုင်စေရေး၊ လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်စေရေး၊ နိုင်ငံတော်နဲ့ နိုင်ငံ သားအားလုံးရဲ့ အကျိုးစီးပွားကို ပိုမိုလျင်မြန်စွာဖော်ဆောင်နိုင်စေရေး၊ ရေရှည်တည်တံ့ပြီးစစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်စေရေးတို့အတွက် တည်ငြိမ်အေးချမ်းမှုကိုရှေးရှုပြီးတော့ ဇွန် ၁ ရက်ကနေ ၃၀ ရက်အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ထပ်မံတိုးမြှင့်တာဖြစ်တယ်လို့ဆိုထားပါတယ်။
ဒီအပစ်ရပ်ကြေညာထားတဲ့ကာလမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ တခြားလက်နက်ကိုင်အဖွဲ့တွေ အနေ နဲ့ အများပြည်သူသွားလာအသုံးပြုလျက်ရှိတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကိုနှောင့်ယှက်တိုက်ခိုက်တာ နဲ့
ထိခိုက်ပျက်စီးစေခြင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ပျက်စီးစေခြင်း၊ လုံခြုံရေး နဲ့ တရားဥပဒေစိုးမိုးရေးတာဝန် ထမ်းဆောင်လျက်ရှိတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ တပ်စခန်းတွေကို တိုက်ခိုက်ခြင်း၊ တပ်ဌာနချုပ်များကို နှောင့်ယှက်တိုက်ခိုက်ခြင်းများ၊ ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီးစေမည့်အင်အားစုဆောင်းခြင်း၊ ပြင်ဆင်စုဖွဲ့ခြင်း၊ နယ်မြေချဲ့ထွင်ခြင်းများကိုမပြုဖို့ နဲ့ အဲဒီလိုဆောင်ရွက်လာပါကလည်း စစ်ကောင်စီအနေ နဲ့ပြည် သူလူထုကို ကာကွယ်တဲ့အနေ နဲ့ လိုအပ်သည့်အရေးယူတုံ့ပြန်မှုများကို ဆောင်ရွက်သွားမယ်လို့လည်း ဆိုထားပါတယ်။
ISP Myanmar ရဲ့ ထုတ်ပြန်ချက် အရ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ယာယီတစ်ဖက်သတ်အပစ်ရပ်ကြောင်းကြေညာထားခဲ့တဲ့ တစ်လကျော်ကာလအတွင်းမှာလည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၀ ဦး နဲ့အထက် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ် ၆ ခုထက်မနည်း ရှိခဲ့ပြီးတော့ အဲဒီဖြစ်စဉ် ခြောက်ခုအတွင်းမှာ သေဆုံးသူ အရပ်သား ၁၁၃ ဦးထက်မနည်း ရှိတယ်လို့လည်း ပြောဆိုထားပါတယ်။
အဲဒီဖြစ်စဉ် ခြောက်ခုစလုံးမှာလည်း စစ်ကောင်စီဟာအရပ်သားတွေ နေထိုင်နေတဲ့ ကျေးရွာနဲ့ စာသင်ကျောင်းတွေကိုပဲ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း ISP Myanmar ရဲ့ ထုတ်ပြန်ချက်က ဆိုထားပါတယ်။
ပုံ – စစ်ကောင်စီအပစ်ရပ်ကြေညာပြီး လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့တဲ့ ရသေ့တောင်မြို့ ထွန်းရဝေကျေးရွာ က ဒဏ်ရာရ သူများမြင်တွေ့ရမှု။