CNA ၊မြတ်သူ။
ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့ နေ့လယ်ပိုင်းက ဖြစ်ပွါးခဲ့တဲ့ ကျောက်ဖြူမြို့ ၊မင်းတက်တောင်ရွာ အနီး တိုက်ပွဲအတွင်းမှာ အာရက္ခတပ်တော်က စစ်ကောင်စီ ရဲ့ ဒုတိယဗိုလ်မှူးကြီး တစ်ဦး နဲ့ စစ်သုံ့ပန်းအမြောက်အများကို လက်ရဖမ်းဆီးရမိခဲ့တယ်လို့ အာရက္ခတပ်တော် နဲ့ နီးစပ်တဲ့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ ဒုတိယဗိုလ်မှူးကြီး ကတော့ စစ်ကောင်စီတပ်က တိုင်းစစ်ဦးစီးမှူး (ပထမတန်း) /ကပအမ – ကြည်း/၃၇၅၃၂ ဒုတိယဗိုလ်မှူးကြီး ကျော်လင်းကြိုင် ဖြစ်ပြီးတော့ စက်မှု၊လက်မှုသင်တန်းကျောင်းကိုခြေပြုပြီးတော့ သူ ဦးဆောင်ထားတဲ့ အင်အား ၉၀ ကျော် ပါတဲ့ စစ်ကြောင်းဟာ ထိုးစစ်ဆင်တိုက် ခိုက်လာခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွါးခဲ့ပြီးတော့ သူအပါအဝင် နောက်ထပ် တပ်သား အများအပြားကိုလည်း အာရက္ခတပ်တော်က လက်ရ ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“အဲဒီစစ်ကြောင်းက သူဦးဆောင်ပြီးတော့ ထိုးစစ်ဆင်ဖို့လာတာလို့သိရတယ်။ အင်အားကတော့ ၉၀ ကျော်လောက်ရှိတယ်လို့ ပြောတယ်။ အဲဒါကို အာရက္ခတပ်တော်က သိတော့ ကြားဖြတ်တိုက်တာ အကျအရှုံးလည်းတော်တော် ရှိတယ်လို့သိရတယ်။သူအပါအဝင် ၄၀ ကျော်လောက်ကိုတော့ လက်ရဖမ်းမိတယ်လို့ သိရတယ်။အသေးစိတ်ကိုတော့ ကျနော်တို့လည်း ပြောလို့ မရဘူး”လို့ သူကပြောပါတယ်။
ဒါ့အပြင် အဲဒီတိုက်ပွဲအတွင်းက လက်နက်ခဲယမ်းအမြောက်အများကိုလည်း အာရက္ခတပ်တော်က သိမ်းဆည်းရမိခဲ့တယ်လို့လည်း ဆိုပါတယ်။
ယာယီအပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီဟာ ဒီလပိုင်းအတွင်းမှာ ကျောက်ဖြူမြို့နယ်အတွင်းက သူတို့လက်လွတ်ဆုံးရှုံးထားပြီးဖြစ်တဲ့ စစ်စခန်းတွေကို ပြန်လည်ရယူနိုင်ဖို့အတွက် ပြန်လည်ထိုးစစ်ဆင်တိုက် ခိုက်တာတွေ နဲ့ တပ်စခန်းအသစ်တိုးချတာတွေကို ဆက်တိုက်လုပ်ဆောင် နေတာတွေလည်း ရှိနေတယ်လို့ စစ်ရေး သတင်းရင်းမြစ်ကပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာလည်း တပ်မ(၁၁)၊ ခြေမြန်တပ်ရင်းဌာနချုပ်က ဗိုလ်မှူးချုပ် ကျော်မျိုးအောင် ဦးဆောင်ပြီးလာတဲ့ စစ်ကြောင်းတစ်ခုကို အာရက္ခတပ်တော် ရဲ့ စနိုက်ဘာတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်တာကို ခံခဲ့ရတဲ့ အတွက် ဗျူးဟာမှူး နဲ့ အတူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်ကို အာရက္ခတပ်တော်က ရှင်းလင်းနိုင်ခဲ့တာတွေလည်း ရှိခဲ့သေးတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာလည်း နေ့စဉ်နဲ့ အမျှထွက်ပြေးတာတွေ ရှိနေပြီးတော့ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာကိုလည်း အာရက္ခတပ်တော်က ဆက်တိုက်ဆိုသလို ဖမ်းဆီးရမိတာတွေ ရှိနေသလို အာရက္ခတပ်တော်ဆီမှာ လက်နက်ချ အညံ့ခံပြီးတော့ အလင်းဝင်းတဲ့ သူတွေလည်း ဆက်တိုက်ရှိနေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။





**mitolyn reviews**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.