Home လူမှုစီးပွါးရေး အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ သံတွဲမှာ စက်သုံးဆီအပါအဝင် လူသုံးကုန်တွေ ပြန်လည် စေ◌ျးမြင့်တက်

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ သံတွဲမှာ စက်သုံးဆီအပါအဝင် လူသုံးကုန်တွေ ပြန်လည် စေ◌ျးမြင့်တက်

9
0

CNA၊ မြတ်သူ။

အာရက္ခတပ်တော် ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ သံတွဲမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ လပိုင်းကတည်းကပင် စက်သုံးဆီအပါအဝင် လူသုံးကုန်ပစ္စည်းတွေ ပြန်လည် စေ◌ျးမြင့်တက်လာတာတွေ ရှိနေတယ်လို့ ဒေသခံတွေ ကပြောပါတယ်။

သံတွဲမြို့ကို အာရက္ခတပ်တော်က ထိန်းချုပ်လိုက်ပြီးနောက်ပိုင်းမှာ စက်သုံးဆီတစ်လီတာကို ၈၅၀၀ ကျပ်အထိစေ◌ျးကျသွားခဲ့တာ ရှိခဲ့ပြီးတော့ မေလ ဒုတိ ယအပတ်လောက်ကပင် စက်သုံးဆီတစ်လီတာကို ၁၁၀၀၀ ကျပ်အထိပြန်လည်စေ◌ျးမြင့်တက်လာတာရှိနေတယ်လို့ သံတွဲမြို့ဒေသခံ တစ်ဦးက ပြောပါတယ်။

“အခုကတော့ စက်သုံးဆီအပါအဝင် တခြားကုန်ခြောက်တွေဘာညာ အကုန်စေ◌ျးတက်လာတာတွေတော့ ရှိနေတယ်။မိုးကလည်းရွာ၊လေကလည်းတိုက်နေတော့ ကုန်တွေက လာမရတော့ စေ◌ျးတွေက ပြန်ထိုးတက်လာတာ ဖြစ်တယ်”လို့သူကပြောပါတယ်။

အခုလိုစေ◌ျးမြင့်တက်မှုတွေ ရှိလာတာဟာ မိုးအဆက်မပြတ်ရွာသွန်းတာ၊လေပြင်းတိုက်တာတွေကြောင့် အရင်ဝင်ရောက်နေတဲ့ ကုန်စဉ်လမ်းကြောင်းတွေက ကုန်တွေ ဝင်ရောက်လာနိုင်မှုမရှိတာကြောင့် အခုလို စေ◌ျးတွေ ပြန်လည်မြင့်တက်လာနေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီလိုသာရေရှည် စက်သုံးဆီအပါအဝင် လူသုံးကုန်ပစ္စည်းတွေ ပြန်လည်စေ◌ျးမြင့်တက်တာတွေ ရှိနေမယ်ဆိုရင် ဒေသခံပြည်တွေ အနေ နဲ့ စားဝတ်နေရေး နဲ့ သွားလာရေးတွေမှာ အခက်အခဲတွေ ရှိလာမှာဖြစ်သလို နေရပ်ပြန်ဝင်ခွင့်မရသေးတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက်လည်း စားဝတ်နေရေး အခက်အခဲတွေ နဲ့ ပိုမိုရင်ဆိုင်လာရပြီး အငတ်ဘေးရောက်တဲ့ အထိ အခြေအနေတွေဖြစ်လာနိုင်တယ်လို့လည်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူ တစ်ဦးက ပြောပါတယ်။

“အခုလို စေ◌ျးတွေဆတက်တိုက်မြင့်တက်နေရင်တော့ ပြည်သူတွေကတော့ စားဝတ်နေရေး၊သွားလာရေး အကုန်အခက်အခဲတွေဖြစ်လာနိုင်တာပေါ့။နောက်တစ်ခု အဲဒီထက်ဆိုးတာက စစ်ဘေးရှောင်စခန်းမှာ နေရပြီးတော့ အလုပ်အကိုင်မရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေဆိုရင် အငတ်ဘေးတွေ နဲ့တောင်ရင်ဆိုင်ရနိုင်တယ်။အဓိက ဒီကိစ္စကိုဘယ်လို လုပ်သင့်လဲ ဆိုတော့ အာရက္ခပြည်သူတော်လှန်ရေးအစိုးရကပဲ အဆင်ပြေအောင်လုပ်ပေးဖို့ လိုအပ်တယ်လို့ ပဲပြောရမှာပေါ့”လို့ သူကပြောပါတယ်။

အခုလိုကုန်စေ◌ျးနူန်းတွေမြင့်တက်မှု ရှိလာတာကို အာရက္ခတပ်တော် အနေ နဲ့ ဒေသခံပြည်သူတွေ စားဝတ်နေရေး အဆင်ပြေလာအောင် ပြန်လည်ထိန်းချုပ်ပေးဖို့လိုအပ်နေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရခိုင်တကျော့ပြန်တိုက်ပွဲစတင်ချိန်ကတည်းကပင် စစ်ကောင်စီဟာ ရခိုင်ကို ကုန်စည်စီးဆင်းခွင့်ကို အကုန်ပိတ်ပင်ထားခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီနောက် အာရက္ခတပ်တော်ထိန်းချုပ်နေရာတွေမှာတော့ အိန္ဒိယနိုင်ငံက ကုန်စည်တွေကို တင်သွင်းလာနိုင်တာကြောင့် အာရက္ခတပ်တော် ထိန်းချုပ်နေရာတွေမှာ စက်သုံးဆီအပါအဝင် ကုန်စေ◌ျးနူန်းတွေ ပြန်လည်ကျဆင်းလာခဲ့တာလည်း ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here