Home သတင်း စစ်ရေး TNLA ထိန်းချုပ်ထားတဲ့ဒေသမှာ စစ်ကောင်စီက နည်းမျိုးစုံ နဲ့ တိုက်ခိုက်ခဲ့လို့ အရပ်သား ၈ ဦးသေ ၁၈ ဦးဒဏ်ရာရ

TNLA ထိန်းချုပ်ထားတဲ့ဒေသမှာ စစ်ကောင်စီက နည်းမျိုးစုံ နဲ့ တိုက်ခိုက်ခဲ့လို့ အရပ်သား ၈ ဦးသေ ၁၈ ဦးဒဏ်ရာရ

11
0

မေလထဲမှာလည်း အပစ်ရပ်ထားပါတယ်လို့ ကြေညာထားခဲ့တဲ့ စစ်ကောင်စီက TNLA ထိန်းချုပ်နယ်မြေအတွင်းကို လေကြောင်း၊လက်နက်ကြီး၊ဒရုန်း အပါအဝင် အဆိပ်ငွေ့ဗုံးတွေ နဲ့ပါ ကြဲချတိုက်ခိုက်တာကို လုပ်ဆောင်ခဲ့တဲ့ အရပ်သား ၈ ဦး သေဆုံးခဲ့ရပြီးတော့ နောက်ထက် ပြည်သူ ၁၈ ဦးဟာလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ရတယ်လို့ TNLA က သတင်းထုတ်ပြန်ပြောဆိုလာခဲ့ပါတယ်။

စစ်ကောင်စီက တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့ မြို့နယ်တွေက ကတော့ TNLA ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ နောင်ချို၊ မိုးကုတ်၊ ကျောက်မဲ၊ မိုင်းငေါ့၊ မိုင်းလုံ နဲ့ မန်တုံမြို့တွေကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီဟာ အဲဒီ TNLA ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ မြို့နယ် ၆ ခုကို မေလ တစ်လအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု (၂၆)ကြိမ်၊ လက်နက်ကြီး (၇၇၆) လုံး၊ ဒရုန်းနဲ့ ဗုံး (၃၂၉)လုံး နဲ့ အဆိပ်ငွေ့ဗုံး (၁၁၄)လုံးထိကို ပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒီတိုက်ခိုက်မှု အရေအတွက်ထဲက နောင်ချိုမြို့နယ်အတွင်းမှာ ရှိတဲ့ ကျေးရွာတွေကို ကြောင်းက (၁၂)ကြိမ်၊လက်နက်ကြီး(၇၇၆)လုံး၊ ဒရုန်းဖြင့် ဗုံး (၃၂၉)လုံး နဲ့ အဆိပ်ငွေ့ဗုံး (၁၄၄)လုံးထိတိုက်ခိုက်ခံခဲ့ရပြီးတော့ အပြစ်မဲ့ပြည်သူ (၆)ဦးသေဆုံးခဲ့ရပြီး (၁၄)ဦး ဒဏ်ရာရရှိခဲ့တဲ့ အပြင် နေအိမ် (၈)လုံးလည်း ဗုံးစထိမှန်ပျက်စီးခဲ့ရတယ်လို့ ဆိုထားပါတယ်။

ကျောက်မဲမြို့ကိုတော့ စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်တာ (၂)ကြိမ် လာရောက်ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူလူထုနေအိမ် (၂)လုံးလည်း ထိမှန်ပျက်စီးခဲ့ရသလို မိုးကုတ်မြို့မှာတော့လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်လုပ်ဆောင်ခဲ့တဲ့အတွက် အရပ်သား ပြည်သူ (၁)ဦး သေဆုံးခဲ့ပြီး (၁)ဦး ထိခိုက်ဒဏ်ရာရှိကာ ကျေးရွာဘုန်းကြီးကျောင်းအပါအဝင်နေအိမ် (၁၈)လုံးဟာလည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့ရတယ်လို့ ဆိုထားပါတယ်။

အလားတူ မိုင်းငေါ့မြို့နယ်ကို စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှု (၁)ကြိမ် ၊မိုင်းလုံမြို့နယ်ကိုတော့ လေကြောင်းတိုက်ခိုက်မှု(၃)ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့တာ ရှိခဲ့သလို မန်တုံမြို့ကိုလည် လေကြောင်းတိုက်ခိုက်မှု (၂)ကြိမ်လုပ်ဆောင်ခဲ့တဲ့ အတွက် ပြည်သူ ၁ ဦးသေဆုံးခဲ့ရပြီးတော့ ၃ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ရသလို နေအိမ်(၂၇)လုံးဟာလည်း ဗုံးထိမှန်ပျက်စီးခဲ့ရတယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီက ဒီတိုက်ခိုက်မှုအားလုံးကို သူတို့ အနေ နဲ့ တစ်ဖက်သတ်ယာယီအပစ်ရပ်ကြောင်းကြေညာထားတဲ့ အချိန်မှာ အရပ်သားပြည်သူတွေကို ဦးတည်ကာ တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်တွေဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here