ကရင်ပြည်နယ်၊မြဝတီမြို့တောင်ဘက်မှာ ရှိတဲ့ ထိုင်း-မြန်မာနယ်စပ်က သေ့ဘောဘိုးစစ်ကောင်စီစခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေက ဇွန်လ ၃ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အဲဒီစခန်းသိမ်းတိုက်ပွဲကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်( PDF) ပူးပေါင်းတပ်တွေက ဇွန်လ ၃ ရက်နေ့ မနက်ပိုင်းမှာ စတင်ထိုးစစ်ဆင်ခဲ့ပြီးတော့ ညနေမှာဘဲ အပြီး သတ် တိုက်ခိုက်သိမ်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
အဲဒီတပ်စခန်းမှာ စစ်ကောင်စီအင်အား ၁၀၀ ကျော်ရှိပြီးတော့ အဲဒီစခန်းမကျရှုံးစေရေးအတွက် စစ်ကောင်စီက ဂျက်ဖိုက်တာ ၃ စီး Y-12 ၂စီး နဲ့ အပြင်း အထန် ခုခံတိုက်ခိုက်တာကို လုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။
ဒီစခန်းသိမ်းတိုက်ပွဲအတွင်းက၁၂၀ လက်နက်ကြီး အပါအဝင် လက်နက်ခဲယမ်းအမြောက်အများကိုလည်း သိမ်းပိုက်ရရှိခဲ့ပြီးတော့ တိုက်ပွဲ အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ထက်မနည်းဟာလည်း သေဆုံးခဲ့ရတယ်လို့ ပုံတွေ နဲ့ တကွ ထုတ်ပြန်ထားပါတယ်။
လက်ရှိ KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားနိုင်ခဲ့တဲ့ သေ့ဘောဘိုးစခန်းကို ပြီးခဲ့တဲ့ ၂၀၂၂ မေလ ၁၈ ရက်နေ့မှာလည်း KNLA က သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်ပေမယ့် စစ်ကောင်စီက လက်နက်ကြီးပစ်ကူ ၊ လေကြောင်းပစ်ကူ အပြင် စစ်အင်အား အများအပြားနဲ့ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ အတွက် KNLA တပ်တွေဟာ တပ်စခန်းကို စစ်ကောင်စီလက်ထဲကို ပြန်လည်ပေးအပ်ခဲ့ရတဲ့ တပ်စခန်းတစ်ခုလည်း ဖြစ်ပါတယ်။





Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me?