Home လေကြောင်းတိုက်ခိုက်မှု လေကြောင်းတိုက်ခိုက်မှု အပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီ သံတွဲက အရပ်သားပြည်သူ နေထိုင်ရာနေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုရှိလာနေ

အပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီ သံတွဲက အရပ်သားပြည်သူ နေထိုင်ရာနေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုရှိလာနေ

9
0

CNA၊မြတ်သူ။

အပစ်ရပ်ကာလသက်တမ်းတိုးတယ်လို့ ထုတ်ပြန်ပြောဆိုထားတဲ့ စစ်ကောင်စီ ဟာ အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ထားပြီးဖြစ်တဲ့ သံတွဲမြို့က အရပ်သားပြည်သူတွေ နေထိုင်ရာ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ တွေ ရှိလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သံတွဲမြို့တစ်ခုလုံးကို အာရက္ခတပ်တော်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့ကတည်းကပင် အပြီးသတ်သိမ်းပိုက်ထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင် ခဲ့တဲ့ အတွက် အရပ်သားပြည်သူတွေ သေဆုံးတာ၊ဒဏ်ရာရတာ ရှိခဲ့သလို ပြ ည်သူပိုင်နေအိမ်တွေ နဲ့ စာသင်ကျောင်း ၊ဘုန်းကြီးကျောင်းတွေလည်း ပျက်စီးတာ များစွာ ရှိခဲ့ရပါတယ်။

အဲဒီနောက် စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်တာတွေ လုပ်ဆောင်လာတဲ့ အပြင် ငပလီကမ်းခြေတစ်လျှောက်က ကျေးရွာတွေကို နေဗီတွေကနေတစ်ဆင့် လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တာတွေကိုလုပ်ဆောင် တာတွေလည်း ရှိနေတယ်လို့ သံတွဲမြို့ခံ တစ်ဦးက ပြောပါတယ်။

“အခုက လေကြောင်းတစ်ခုတည်းတိုက်ခိုက်တာမဟုတ်ဘူး ကမ်းခြေဒေသက ကျေးရွာတွေကိုလည်း သွားရင်းလာရင်း နေဗီတွေကနေပြီးတော့ လက်နက် ကြီးတွေ နဲ့ လှမ်းထုသွားတာ ရှိတယ်။အထိုင်ချပြီး ပစ်နေတာမျိုးတော့မဟုတ် ဘူး သွားရင်းလာရင်း နဲ့ ကျေးရွာတွေကို ပစ်ခတ်သွားတဲ့ သဘောမျိုးတွေ”လို့ သူကပြောပါတယ်။

အဲဒီလို ပစ်ခတ်မှုကြောင့် လူထိခိုက်ဒဏ်ရာ ရတာမျိုး မရှိပေမယ့် နေအိမ်ပျက်စီးတာ နဲ့ အရပ်သားပြည်သူတွေ စိုးရိမ်ကြောက်လန့်တဲ့ ဒဏ်တွေကို ခံစားနေကြရတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အပစ်ရပ်ကြောင်းကြေညာထားတဲ့ စစ်ကောင်စီဟာ ဇွန်လ ၇ ရက်နေ့ တစ်ရက်တည်းမှာ အာရက္ခတပ်တော် ကအပြီးသတ်သိမ်းပိုက်ထားပြီး ဖြစ်တဲ့ သံတွဲမြို့ အတွင်းက အရပ်သားတွေ နေထိုင်တဲ့ ကျောက်ကြီး​ကျေး ရွာ၊ပုဇွန်ဖြေကျေးရွာစာသင်ကျောင်း နဲ့ သံတွဲမြို့ပေါ်ရပ်ကွက်တွေကို လေ ကြော င်းဗုံးကြဲတိုက်ခိုက်တာကိုလည်း လုပ်ဆောင်ခဲ့ပါသေးတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ကျောက်ကြီးကျေးရွာစာသင်ကျောင်းမှာ စစ်ရှောင် အဖြစ်နဲ့ နေထိုင်နေကြရတဲ့ အသက် (၄၈)နှစ်အရွယ်ဒေါ်အပုမ၊အသက် ၄၂ နှစ်အရွယ် ဦးထွန်းထွန်း၀င်း၊အသက် ၄၀ ကျော်အရွယ် ဒေါ်နှင်းဝေခိုင် နဲ့ အသက် ၁၂ နှစ်အရွယ် မဧပြီမိုး တို့ဟာ ဗုံးထိမှန်သေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်ကြီးကျေးရွာ စာသင် ကျောင်းအတွင်းက နောက်ထပ်ပြည်သူ ၈ ဦး နဲ့ ပုဇွန်ဖြေကျေးရွာစာသင် ကျောင်းအတွင်းက နောက်ထပ်ပြည်သူ ၂ ဦးဟာလည်း ဒီလေကြောင်းတိုက် ခိုက်မှုကြောင့် အပြင်းအထန် ဒဏ်ရာ ရတာရှိခဲ့ပါသေးတယ်။

ဒီလေကြောင်းတိုက်ခိုက်မှု တစ်ခုတည်း အတွင်းမှာ အရပ်သား ၄ ဦးသေဆုံးခဲ့ရပြီးတော့ ၁၀ ဦးထိ ဒဏ်ရာ ရရှိခဲ့ရတာလည်း ဖြစ်သလို နေအိမ် ၊စာသင် ကျောင်းတွေလည်း ပျက်စီးခဲ့ရတာပါ။

စစ်ကောင်စီအနေ နဲ့ အခုလိုလေကြောင်းတိုက်ခိုက်မှု နဲ့ နေဗီတွေက လက်နက် ကြီး လှမ်းပစ်မှုတွေကို ပြီးခဲ့တဲ့ မေလ အတွင်းကတည်းကပင် ခပ်စိပ်စိပ်လုပ်လာနေတာ ဖြစ်တယ်လို့လည်း စစ်ရေး အခြေအနေကို စောင့်ကြည့်နေတဲ့ သံတွဲမြို့ခံတစ်ဦးကလည်း ဆိုပါတယ်။

“ပြီးခဲ့တဲ့ လကတည်းကပင် လေယာဥ်တွေ နေ့စဥ်ဝဲတာ၊ နေဗီတွေက လက် နက်ကြီးတွေ နဲ့ ပစ်ခတ်သွားတာကို ခပ်စိပ်စိပ်လုပ်လာတာ တွေ့ရတယ်။အရင်ကတော့ နည်းနည်း ငြိမ်သွားခဲ့တယ်။အခု ကျောက်ဖြူမှာ သူတို့ အကျအရှုံး များတာ နဲ့ ဒီဘက်ကိုပါ အဲလိုလုပ်လာတာ တွေ့နေရတယ်”လို့ သူကပြောပါတယ်။

အဲဒါကြောင့် သံတွဲ မြို့နယ်အတွင်းက ပြည်သူတွေ အနေ နဲ့ နေဗီ နဲ့ လေယာဥ် သံတွေကို သတိထားနားထောင်ကာ နေထိုင်ဖို့လိုအပ်သလို အာရ​က္ခတပ်တော်ကလည်း အသိပေးတာမျိုးတွေ လုပ်ပေးဖို့ လိုအပ်တယ်လို့ သူက အကြံပြု ပြောဆိုထားပါတယ်။

ပုံ – ဇွန်လ ၇ ရက်နေ့က စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့တဲ့ သံတွဲ မြို့အတွင်းက စစ်ရှောင်တွေ နေထိုင်နေတဲ့ စာသင်ကျောင်းပျက်စီးသွားမှု မြင်ကွင်း။(ပေးပို့)

LEAVE A REPLY

Please enter your comment!
Please enter your name here