CNA၊မြတ်သူ။
ကျောက်ဖြူမြို့နယ်အတွင်း မှာ အာရက္ခတပ်တော်က ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချအလင်းဝင် တာတွေများစွာရှိလာနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အာရက္ခတပ်တော်ရဲ့ တဖက်သတ်ယာယီအပစ်ရပ်ကာ လကို အခွင့်ကောင်းယူပြီးတော့ ကျောက်ဖြူမြို့နယ်အတွင်းမှာ အပြင်းအ ထန်ထိုးစစ်ဆင်တိုက်ခိုက်တာကို လုပ်ဆောင်ခဲ့တာရှိခဲ့တယ်လို့ စစ်ရေး သ တင်းရင်းမြစ်တွေကပြောပါတယ်။
အဲဒီနောက် အာရက္ခတပ်တော်ဟာ ခုခံစစ်ကနေ ပြန်လည်ထိုးစစ်ဆင်တိုက် ခိုက်တာတွေကိုလုပ်ဆောင်လာတဲ့အတွက် စစ်ကောင်စီတပ်တွေဟာ အကျအရှုံးများစွာနဲ့ ရင်ဆိုင်နေကြရသလို လက်နက်ချအလင်းဝင်သူတွေဟာလည်း များစွာရှိလာနေတယ်လို့ အမည်မဖော်လိုတဲ့ ကျောက်ဖြူ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက CNA ကိုပြောပါတယ်။
“အခုက အာရက္ခတပ်တော်က ပြန်ပြီးတော့ ထိုးစစ်ဆင်တိုက်ခိုက်လာနေတာဖြစ်တယ်။အစတုန်းက စစ်ကောင်စီတပ်တွေက ဆက်တိုက်ထိုးစစ်လုပ်တာ။အခု အာရက္ခတပ်တော်က ရဲတပ်ရင်း ၃၂ ကို ပြန်ထိုးစစ်ဆင်နေတယ်။စစ်ကောင်စီတပ်တွေဘက်ကအကျအရှုံးလည်းများတယ်။ထွက်ပြေးတာတွေလည်းရှိတယ်။လက်နက်အပြည့်အစုံနဲ့ အလင်းဝင်တာတွေလည်း ဆက်တိုက်ရှိနေတယ်လို့”သူကပြောပါတယ်။
အဲဒီလို အာရက္ခတပ်တော် နဲ့ စစ်ကောင်စီတို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ပြီး စစ်ကောင်စီတပ်တွေဘက်က အကျအရှုံးများစွာ နဲ့ ရင်ဆိုင်နေရမှုတွေ ဆက် တိုက်ရှိလာနေတာကြောင့် တရုတ်စီမံကိန်းက အကြီးအကဲ တချို့ဟာ ကျော က်ဖြူမြို့ ကနေ ရန်ကုန်သို့ ထွက်ခွါနေတာတွေလည်း ဆက်တိုက်ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေကဆိုပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့ကလည်း အာရက္ခတပ်တော် ဆီမှာ လက်လွတ်ဆုံးရှုံးထားခဲ့ရပြီးဖြစ်တဲ့ တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုကိဖို့အတွက်လာတဲ့ တိုင်းစစ်ဦးစီးမှူး ဒုတိယဗိုလ်မှူးကြီး ကျော်လင်းကြိုင် ဦး ဆောင်တဲ့ စစ်ကြောင်းဟာ အာရက္ခတပ်တော်ရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပါသေးတယ်။
ဒါ့အပြင် တပ်မ (၁၁)၊ ခြေမြန်တပ်ရင်းဌာနချုပ်က ဗိုလ်မှူးချုပ် ကျော်မျိုးအောင် နဲ့ ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်သား ၃၀ ကျော်လောက်ကိုလည်း အာရက္ခတပ်တော်ရဲ့ စနိုက်ဘာတပ်ဖွဲ့တွေ ရဲ့ ရှင်းလင်းပစ်ခတ်တာကြောင့် သေဆုံးခဲ့ရပါသေးတယ်။





**mitolyn reviews**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.