CNA၊ မြတ်သူ။
ကျောက်ဖြူမြို့ ပြိုင်စေ့ကေ ကျေးရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ အင် အား ၁၀၀ ဝန်ကျင်ခန့်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းတစ်ကြောင်းကို အာရက္ခတပ်တော်က ကြားဖြတ်ရှင်းလင်းခဲ့တဲ့ အတွက် စစ်ကြောင်းတစ်ကြောင်းလုံးက စစ်ကောင် စီတပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့ရတယ်လို့ စစ်ရေးသတင်းတွေရဲ့ ကနဦး သတင်းတွေ အရ သိရပါတယ်။
အဲဒီတပ်ရင်းကို အာရက္ခတပ်တော်က မနေ့က ပြိုင်စေ့ကေကျေးရွာ အနီးမရောက်ခင်မှာ ကြားဖြတ်တိုက်ခိုက်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ စစ်ရေး သ တင်းရင်းမြစ်ကပြောပါတယ်။
“တပ်ရင်းတစ်ခုလုံးရှင်းလင်းခံလိုက်ရတာလို့ သိရတယ်။ တစ်ယောက်မှပြန်မလွတ်လာဘူးတဲ့။အရာရှိတွေလည်း ပါတယ်လို့ သိရတယ်။ တိတိကျကျ ဘယ်သူတွေ ပါတယ်ဆိုတာကိုတော့ မသိရသေးဘူး”လို့ သူကပြောပါတယ်။
အာရက္ခတပ်တော် နဲ့ စစ်ကောင်စီတို့ဟာ ကျောက်ဖြူမြို့နယ် အတွင်းမှာ နှစ်ဖက်တိုက်ပွဲတွေ နေ့စဥ်ရက်ဆက် ဖြစ်ပွားနေတာ ရှိနေပြီးတော့ စစ်ကောင်စီတပ်တွေ ဟာ စစ်ရေး အရှုံးတွေ နဲ့ ဆက်တိုက် ရင်ဆိုင်လာနေရတဲ့ အတွက် အာရက္ခတပ်တော်ဆီမှာ လက်နက်ချအညံ့ခံတာတွေလည်း ဆက်တိုက် ရှိနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ပုံဟောင်း