Home လူမှုစီးပွါးရေး မင်းတပ်-မတူပီ လမ်းမကြီးပြန်လည်ပြုပြင်ပြီးစီးတာကြောင့် သွားလာခွင့်ပြုကြောင်း ထုတ်ပြန်

မင်းတပ်-မတူပီ လမ်းမကြီးပြန်လည်ပြုပြင်ပြီးစီးတာကြောင့် သွားလာခွင့်ပြုကြောင်း ထုတ်ပြန်

2
0

မိုးသည်းထန်စွာ ရွာသွန်းတာ‌ကြောင့် မင်းတပ်-မတူပီ လမ်းမကြီးဟာ မြေပြိုပျက်စီးမှုတွေ ဖြစ်ပွါးခဲ့ပါတယ်။

အဲဒီနောက် မြေပြိုမှုကြောင့် ပျက်စီးသွားတဲ့ လမ်းတွေကို စက်ယန္တရားတွေ နဲ့ ပြုပြင်ဆောင်ရွက်ဖို့ အတွက်ဆိုပြီးတော့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇွန်လ ၂၁ ရက်နေ့ကနေ ဇွန်လ ၂၈ ရက်နေ့အထိ ဖြတ်သန်းသွားလာတာ မလုပ်ဖို့ကို တားမြစ်ကန့်သတ်အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိမှာတော့ အဲဒီလမ်းပိုင်းတွေကို ပြုပြင်ဆောင်ရွက်ပြီးစီးသွားပြီဖြစ်တဲ့ အတွက် ဇွန်လ ၂၄ ရက်နေ့ကပင် ဖြတ်သန်းသွားလာခွင့်ကို ပြန်လည် ခွင့်ပြုပေးလိုက်ပြီဖြစ်တယ်လို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ဇွန်လ ၂၃ ရက်နေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။

အခုလို လမ်းပြုပြင်နိုင်ရေး အတွက် ပူးပေါင်းဆောင်ရွက်ပေးခဲ့တဲ့ သူတွေကိုလည်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အနေ နဲ့ အထူးကျေးဇူးတင်ရှိတယ်လို့ ဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here