တအာင်းပြည်၊ တပ်မဟာ (၃)နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်တွေ နဲ့ TNLA တပ်တို့ ဟာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားတာ ရှိခဲ့ပြီးတော့ ဇွန်လ ၂၄ ရက်နေ့ တစ်ရက်တည်း တိုက်ပွဲ အတွင်းမှာ စစ်ကောင်စီက၊လေကြောင်း ၊ဒရုန်း၊လက်နက်ကြီးပစ်ခတ်မှု အကြိမ်ရေ ၂၀၀ ကျော်ထက်မနည်းကို လုပ် ဆောင်ခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ် နဲ့ TNLA တပ်တို့ဟာ ဇွန်လ ၂၄ ရက်နေ့မှာ နောင်ချိုမြို့နယ်အတွင်းက နောင်အော၊ လက်ပန်ကုန်း၊ ရွှေသွန်း၊ မျက်ချီးနု၊ လုံစံ၊ ကုန်းသာ၊ အုမ္မသီး နဲ့ ဆမ္မဆယ်ကျေးရွာကြားက နေရာ( ၈) နေရာမှာ တိုက်ပွဲ တွေ ဖြစ်ပွားခဲ့တာပါ။
အဲဒီလိုတိုက်ပွဲ ဖြစ်ပွားချိန်မှာ စစ်ကောင်စီက လေကြောင်းကနေပြီးတော့
ဗုံးအလုံးရေ (၁၃၀)လုံး၊ ဒရုန်း ဗုံး (၆၀)လုံး နဲ့ လက်နက်ကြီး (၅၃)လုံးပစ်ကူခိုက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။
ယမန်နေ့ကဖြစ်ပွားခဲ့တဲ့ နောင်အောကျေးရွာတိုက်ပွဲမှာလည်း စစ်ကောင်တပ် နဲ့ တအာင်းတပ်မတော်-TNLA တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ် ကနေပြီးတော့ လေကြောင်း ဗုံး (၄၂)လုံး၊ ဒရုန်း ဗုံး (၂၁)လုံး နဲ့ လက်နက်ကြီး (၁၇)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့တာလည်း ရှိခဲ့ပါသေးတယ်။
အဲဒီလိုပဲ အုမ္မသီး နဲ့ ဆမ္မဆယ်ကျေးရွာကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာလည်း ဒရုန်း ဗုံး (၃၉)လုံး လာရောက်ကြဲချခဲ့တာရှ်သလို လုံစံကျေးရွာတိုက်ပွဲအတွင်းကိုတော့ လေကြောင်းဗုံး (၄၇)လုံးနဲ့ လက်နက်ကြီး (၃၂)လုံးတို့ ပစ်ကူတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ လေကြောင်းနဲ့ ကျောက်တောကျေးရွာကို ဗုံး (၂)လုံး၊ ရွှေသွန်းကျေးရွာကို ဗုံး (၃၈)လုံး နဲ့ မျက်ချီးနုကျေးရွာကိုလည်း ဗုံး (၁)လုံးကြဲချတိုက်ခိုက်တာရှိခဲ့သလို အုမ္မခါးကျေးရွာဘက်ကိုလည်း လက် နက်ကြီး (၄)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တာရှိခဲ့သေးတယ်လို့ ဆိုထားပါတယ်။
ဇွန် (၂၃)ရက်နေ့လည်း စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်-TNLA တို့ဟာ နောင်ချိုမြို့အတွင်းမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားတာ ရှိခဲ့ပြီးတော့ အဲဒီတိုက်ပွဲအတွင်းကိုလည်း စစ်ကောင်စီတပ်က လက်နက်ကြီး (၁၂၂)လုံး နဲ့ လေကြောင်းဗုံး(၄၇)လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာ ရှိခဲ့တယ်လို့လည်း ဆိုထားပါတယ်။
ညီနောင်မဟာမိတ် (၃)ဖွဲ့ နဲ့ စစ်ကောင်စီတပ်တို့ဟာ ငလျင်ဒဏ်သင့်ပြည်သူ တွေ နဲ့ လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေကို ဆက်လက်ဆောင် ရွက်နိုင်ရေးအတွက် ဆိုပြီးတော့ ယာယီတစ်ဖက်သတ်အပစ်ရပ်ကြောင်း ထုတ်ပြန်ထားကြပေမယ့် မြေပြင်မှာ နေ့စဥ် နဲ့ အမျှ နှစ်ဖက် တိုက်ပွဲတွေ ဖြစ်နေကြတာလည်း ဖြစ်ပါတယ်။
ပုံ၊စာ ၊TNLA





Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me. https://www.binance.info/pt-BR/register?ref=GJY4VW8W
Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me.