CNA၊ဟိန်းဆက်။
အာရက္ခတပ်တော်က ပလက်ဝဒေသမှာ ပြည်သူ့အကျိုးပြုဘတ်ဂျက်နဲ့ တံတားငယ် ၄ စင်းကို ဆောက်လုပ်ပေးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲဒီလို အာရက္ခတပ်တော်က ဆောင်လုပ်ပေးခဲ့တဲ့ တံတား ၄ စင်းကတော့ ပလက်ဝဒေသက ၊ ဒိုးချောင်းဝတိုက်နယ် အတွင်းက ချောင်းကူးတံတားတွေ နဲ့
အထက်ရွာ နဲ့ အောက်ရွာ သွားတဲ့လမ်းက တံတားတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
လက်ရှိ အာရက္ခတပ်တော်က ဆောက်လုပ်ပေးခဲ့တဲ့ တံတား ၄ စင်းကတော့ အနံ ၆ပေ အလျား ၁၈ ပေတစ်စင်း ၊အနံ ၆ ပေ အလျား ၂၀ ပေတစ်စင်း၊အနံ ၆ ပေ အလျား ၁၉ ပေ တစ်စင်း အနံ ၉ ပေ အလျား ၇၃ ပေ တံတားကြီး တို့ဖြစ်ကြတယ်လို့ ဆိုပါတယ်။
အာရက္ခတပ်တော်ဟာ ရခိုင်တကျော့ပြန်တိုက်ပွဲစတင်ချိန်မှာ ပလက်ဝ ဒေသ နဲ့ ရခိုင်က မြို့နယ် ၁၄ ခုကို အပြီးသတ်သိမ်းပိုက်လိုက်ပြီးဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ အာရက္ခတပ်တော်ဟာ သူတို့ သိမ်းပိုက်ရရှိထားပြီး ဖြစ်တဲ့ မြို့တွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ နဲ့ ဒေသဖွံ့ဖြိုးရေး လုပ် ငန်းတွေကို ဆက်တိုက်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
ပုံ – We Love Paletwa