Home သတင်း စစ်ရေး ကျောက်ကြီးမှာ တော်လှန်ရေးတပ်တွေက စစ်ကောင်စီတပ်သား ၂၂ ဦးကို လက်နက်အပြည့်အစုံ နဲ့ ဖမ်းဆီးရမိ

ကျောက်ကြီးမှာ တော်လှန်ရေးတပ်တွေက စစ်ကောင်စီတပ်သား ၂၂ ဦးကို လက်နက်အပြည့်အစုံ နဲ့ ဖမ်းဆီးရမိ

47
0
ပုံ ၊​စာ - ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ် ကာကွယ်ရေးဝန်ကြီးဌာန။

ပြည်သူ့ကာကွယ်ရေးတပ်မတော် ( PDF) နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တို့ ပူးပေါင်းပြီးတော့ ကျောက်ကြီးမြိုနယ်အတွင်း မှာ စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးအဖြစ် ဖော်ဆောင်နေတာတွေ ရှိနေပါတယ်။

အဲဒီစစ်ဆင်ရေးကို အမှတ်(၂) စစ်ဒေသခွဲ(JOC)ရဲ့ ကွပ်ကဲမှု နဲ့ ဖော်ဆောင်နေတာ ဖြစ်ပြီးတော့ ဒီနေ့ ဇွန်လ ၂၆ ရက်နေ့ တိုက်ပွဲ အတွင်းမှာ တော်လှန်ရေး ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်သား ၂၂ ဦး နဲ့ အတူ လက်နက်နက် မျိုးစုံ ၂၈ လက် နဲ့ ခဲယမ်း အပါအဝင် အခြားအသုံးဆောင် ပစ္စည်းတွေ ကိုပါ ဖမ်းဆီး ရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ် ကာကွယ် ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လာခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂)စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်းစစ်ဌာန ၊ ဗျူဟာ(၂၅) တပ်ရင်း ၃၇၀၂၊ အထူးကွန်မန်ဒိုတပ်ရင်း၊ Spring Warrior Column နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ တပ်ရင်း(၈)၊တပ်ရင်း(၉)တို့က ပူးပေါင်းပြီးတော့ တိုက်ခိုက်ခဲ့ကြတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် တိုက်ပွဲ အတွင်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ( ၇ )ဦးထက်မနည်းသေဆုံးခဲ့ရပြီးတော့ အထိအခိုက်များစွာ နဲ့ ကစဉ့်ကလျားဆုတ်ခွာထွက်ပြေးသွားခဲ့ကြရတယ်လို့လည်း ဆိုထားပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်စစ်သုံပန်း (၂၂)ဦးကိုလည်း မဟာမိတ်ပူးပေါင်းတပ်ဖွဲများအနေ နဲ့ ဂျနီဗာကွန်ဗန်းရှင်း (Geneva Conventions) နဲ့ အညီ စနစ်တကျ ထိန်းသိမ်းထားတယ်လို့ လည်း ဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here