Home သတင်း စစ်ရေး စစ်ကောင်စီတပ်တွေ ကျောက်ဖြူမှာ အသေအပျောက်များနေတာကြောင့် မာန်အောင်က စစ်အင်အားကို ကျောက်ဖြူကိုပို့နေရ

စစ်ကောင်စီတပ်တွေ ကျောက်ဖြူမှာ အသေအပျောက်များနေတာကြောင့် မာန်အောင်က စစ်အင်အားကို ကျောက်ဖြူကိုပို့နေရ

133
0

CNA၊ မြတ်သူ။

စစ်ကောင်စီတပ်တွေ ကျောက်ဖြူတိုက်ပွဲအတွင်းမှာ အသေအပျောက် များနေတာကြောင့် မာန်အောင်မှာ ရှိနေတဲ့ စစ်ကောင်စီတပ်သားအင်အား တွေကို ကျောက်ဖြူသို့ ပို့ဆောင်နေရတယ်လို့ မာန်အောင်ဒေသခံတွေ ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ကလည်း မာန်အောင်မြို့ မျှော်တော်ဦးကျေးရွာ က ရေတပ်စခန်းကို ပို့ဆောင်ထားတဲ့ စစ်ကောင်စီတပ်သား တွေ နဲ့ ကမုံတောင် တပ်စခန်းကို ပို့ထားတဲ့ တပ်ဖွဲ့ဝင်တွေကို စစ်သ​​ေင်္ဘာ ၃ စီး နဲ့ ကျောက်ဖြူကို ပို့ဆောင်ပေးခဲ့ရတယ်လို့ မာန်အောင်ဒေသခံ တစ်ဦးက အခုလိုပြောပြပါတယ်။

“မျှော်တော်ဦး ကို ပို့ထားတဲ့ စစ်ကောင်စီတပ်သားတွေအကုန်လုံးကို ကျောက် ဖြူတိုက်ပွဲကို ပို့လိုက်ရတယ် ၂၅ ရက်နေ့က မျှော်တော်ဦးရေတပ်မှာ စစ်အင် အားမရှိသလောက်ဖြစ်သွားပြီ။ကမုံတောင် တပ်ကိုပို့ထားတဲ့သူတွေလည်း ပါတယ်လို့ သိရတယ် ဒီအခေါက်မှာ ။အရင်လည်း ဒီမှာရှိတဲ့ တပ်အင်အားတွေကို အဲဒီကို ခဏခဏ ပို့နေရတာ ရှိတယ်”လို့သူကပြောပါတယ်။

အဲဒီလို မာန်အောင်မှာ ချထားတဲ့ စစ်ကောင်စီတပ်တွေကို ကျောက်ဖြူမြိုနယ်ကို ဆက်တိုက်ပို့ဆောင်နေရတာကြောင့် မျှော်တော်ဦးရေတပ်စခန်းမှာ အစောင့် တပ်သားအနည်းငယ်လောက်သာ ကျန်ရှိတော့တယ်လို့လည်း သူကဆက် လက်ပြောဆိုပါတယ်။

“ကျနော်ကြားရသလောက်က မာန်အောင်က အရင်ပို့လိုက်တဲ့ တပ်သားတွေတုန်းကလည်း တော်တော် သေကြတာရှိတယ်လို့ ပြောတယ်။ အဲဒါကြောင့် ဒီမှာ အစောင့်လောက်ပဲထားပြီးတော့ အဲဒီကို ပို့ကြရတာလို့ပြောတယ်။ သင်္ဘော ၃ စီးကတော့ ရေတပ်စခန်း အနီးမှာ ကျောက်ချပြီးတော့ နေတာရှိတယ်”လို့ သူကပြောပါတယ်။

ကျောက်ဖြူမြို့နယ် အတွင်းမှာ အာရက္ခတပ်တော်ဟာ ဒီရက်ပိုင်းထိုးစစ် ဆင်တိုက်ခိုက်တာတေတွကို ရပ်နားထားတာရှိပြီးတော့ စစ်ကောင်စီကတော့ စစ်အင်အား တိုးချတာ စစ်ကြောင်းထိုးတာတွေ ဆက်တိုက်ရှိနေတယ်လို့ ကျော က်ဖြူစစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်တွေ အရသိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here