ငလျင်ဘေးကြောင့် တဖက်သတ်ယာယီအပစ်ရပ်ထုန်ပြန်ထားတဲ့ ကာလမှာ ရခိုင်ကမြို့နယ် ၆ ခုထဲက ကျေးရွာပေါင်း ၃၅ ရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာ လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကို လုပ်ဆောင်ခဲ့တဲ့ အတွက် အရပ်သားပြည်သူ ၁၂၀ ကျော်သေဆုံးခဲ့ရတယ်လို့ အာရက္ခတပ်တော် ရဲ့ လူသားချင်းစာနာထောက်ထားရေး နဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး HDCO ရဲ့ ဇွန်လ ၁၆ ရက်နေ့ ထုတ်ပြန်ချက် စာရင်းတွေ အရ သိရပါတယ်။
အဲဒီလို စစ်ကောင်စီက အပစ်ရပ်ကြောင်းကြေညာထားချိန်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၊ လက်နက် ကြီး နဲ့ ပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့တဲ့ အတွက် ရခိုင် အရပ်သားပြည်သူ ၃၄ ဦး သေဆုံးခဲ့ ရပြီး ထိခိုက်ဒဏ်ရာ ရသူ ၉၁ ဦး ရှိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီလို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့တဲ့ ရခိုင်က မြို့နယ်တွေကတော့ တောင်ကုတ် ၊ကျောက်တော်၊ကျောက်ဖြူ ၊ပုဏ္ဏားကျွန်း၊ရသေ့တောင် နဲ့ သံတွဲမြို့တွေက ကျေးရွာပေါင်း ၃၅ ရွာကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
အဲဒီထဲက တိုက်ခိုက်ခံရမှု အများဆုံး ခံခဲ့ရတဲ့ မြို့နယ်ကတော့ ကျောက်ဖြူမြို့နယ်ဖြစ်ပြီးတော့ ရသေ့တောင်မြို့နယ်ကတော့ သေဆုံး ဒဏ်ရာ ရမှု အများဆုံးဖြစ်ကြောင်းကိုလည်း HDCO ရဲ့ ထုတ်ပြန်ချက် စာရင်းတွေ အရ သိရပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီဟာ ဇွန်လ တစ်လတာကို အပစ်ရပ်ကြောင်းကြေညာထားပေမယ့် ရခိုင်က ကျောက်ဖြူမြို့နယ်မှာ လေကြောင်းတိုက်ခိုက်တာ၊လက်နက်ကြီးပစ်ခတ်တာ၊မြေပြင်စစ်ကြောင်းထိုးတာတွေ ကြောင့် အာရက္ခတပ်တော် နဲ့ စစ်ကောင်စီတို့ဟာ နှစ်ဖက်တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွါးတာတွေ ရှိနေတယ်လို့ သိရပါတယ်။