Home သတင်း စစ်တပ်သတင်း စစ်ကောင်စီ နဲ့ ပူးပေါင်းပြီးနောက် ALP ဥက္ကဌ စောမြရာဇာလင်းမှာ ဘွဲ့တံဆိပ် နှစ်ခုထိ ရရှိလာ

စစ်ကောင်စီ နဲ့ ပူးပေါင်းပြီးနောက် ALP ဥက္ကဌ စောမြရာဇာလင်းမှာ ဘွဲ့တံဆိပ် နှစ်ခုထိ ရရှိလာ

111
2

စစ်ကောင်စီ နဲ့ ပူးပေါင်းနေတဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဌ စောမြရာဇာလင်းဟာ စစ်အုပ်ချုပ်ရေး ၄ နှစ်တာ ကာလ အတွင်းမှာ စစ်ကောင်စီက ပေးအပ်တဲ့ ဘွဲ့တံဆိပ် ၂ ခုထိ ရရှိလာတာပါ။

ဒီနေ့ ဇူလိုင် ၃ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာအမျိုးသမီးများနေ့မှာ မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုတဲ့ အနေ နဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဌ စောမြရာဇာလင်းကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ – ဝဏ္ဏကျော်ထင်ဘွဲ့ကို ထံမံ ချီးမြှင့်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဌ စောမြရာဇာလင်းဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့မှာလည်း စစ်ခေါင်းဆောင်းက ပေးအပ်ခဲ့တဲ့ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ ဖြစ်တဲ့ “ဇေယျကျော်သူ “ဘွဲ့ကိုလည်း ရရှိခဲ့သေးတာ ဖြစ်ပြီးတော့ စစ်အာဏာသိမ်း ၄ နှစ်ကျော်အတွင်းမှာ စစ်ခေါင်းဆောင်ကပေးအပ်တဲ့ ဘွဲ့တံဆိပ် နှစ်ခုထိကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

စောမြရာဇာလင်းဦးဆောင်တဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ဟာ စစ်ကောင်စီတပ် နဲ့ ငြိမ်းချမ်းရေး ယူထားတဲ့ အဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိဖြစ်ပျက်နေတဲ့ မြန်မာပြည်တွင်း ပဋိပက္ခကို စစ်ရေး နဲ့ ဖြေရှင်းလို့ မရဘဲ နိုင်ငံရေးအရ စားပွဲဝိုင်းထိုင်ကာ ဖြေရှင်းမှသာ ရမယ်ဆိုပြီးတော့ စစ်ကောင်စီက ကျင်းပတဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ဆက်တိုက်သွားရောက်နေတဲ့ သူတစ်ဦးလည်း ဖြစ်ပါတယ်။

တဖက်မှာလည်း စောမြရာဇာလင်းဦးဆောင်တဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ဟာ စစ်ကောင်စီတပ်တွေ နဲ့ ပူးပေါင်းပြီးတော့ ရခိုင်ပြည်မြို့တော် စစ်တွေမှာ အခြေစိုက်ကာ စစ်ကောင်စီတပ်တွေ အတွက် စစ်ကူတိုက်ပေးတာ၊စစ်မှုထမ်းစုဆောင်းပေးတာ၊အပစ်မဲ့ အရပ်သားပြည်သူတွေကို စစ်ကောင်စီတပ်တွေ နဲ့ ပူးပေါင်းပြီးတော့ ဖမ်းဆီးငွေညှစ်တာ စတာတွေကို လုပ်ဆောင်နေတဲ့ အဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။

2 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here