နေပြည်တော်အနီး လေ့ကျင့်ပျံ့သန်းနေစဉ် မှာ ပျောက်ဆုံးသွားခဲ့ရတဲ့ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေး လေယာဉ်ဟာ ဖားဆောင်းမြို့အနီး မှာ ပျက်ကျနေတာကိုတွေ့ရှိခဲ့ရတယ်လို့ ဒေသတော်လှန်ရေးတပ်တွေက ထုတ်ပြန်လာပါတယ်။
အဲဒီ ပျက်ကျသွာတဲ့ တိုက်ခိုက်ရေးလေယာဉ်အမျိုးအစားဟာ တရုတ်လုပ် FTC 2000G ဖြစ်ပြီးတော့ လေယာဉ်တစ်ခုလုံး မီးလောင်ပျက်စီးကာ တစစီဖြစ်နေတာကို တွေ့ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီကတော့ တိုက်ခိုက်ရေး လေယာဉ်တစီးဟာ စက်ချွတ်ယွင်းတာ ဒါမှမဟုတ် ရာသီဥတုဆိုးရွားတာကြောင့် ဇူလိုင်လ ၁ ရက်နေ့ ညအချိန်မှာ ရုတ်တရက် လေ့ကျင့်ပျံ့သန်းနေရာကနေပြီးတော့ နေပြည် တော်ရဲ့ အရှေ့တောင်ဘက် ၁၃၀ ကီလိုမီတာအကွာမှာ ရုတ်တရက် ရေဒါမြင်ကွင်းကနေပြီးတော့ ပျောက်ကွယ်သွားခဲ့ရပြီးတော့ ဆက်သွယ်မှု ပြတ်တောက်သွားခဲ့ရတယ်လို့ ဆိုထားပါတယ်။
လက်ရှိပျက်ကျသွားခဲ့တဲ့ တရုတ်နိုင်ငံထုတ် FTC – 2000 G လေယာဉ်ဟာ တစ်စီးကို အမေရိကန် ဒေါ်လာ ၈ ဒသမ ၅ သန်း ထိတန်ဖိုး ရှိပြီးတော့ စစ်ကောင်စီဟာ တရုတ်နိုင်ငံကနေပြီးတော့ အဲဒီအမျိူးအစား လေယာဉ်ကို ၆ စင်းအထိဝယ်ယူထားတာလည်း ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ အဲဒီလေယဉ် ၆ စီးဟာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ အထဲမှာ မြန်မာနိုင်ငံအတွင်းကို ရောက်ရှိလာပြီးနောက် ပြည်တွင်း စစ်အတွင်းမှာ အသုံးပြုကာ လေကြောင်းတိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။
အဲဒီလို တိုက်ခိုက်မှုတွေ လုပ်ဆောင်ချိန်မှာ FTC 2000G လေယာဉ်အမှတ် 1405 ကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာမှာ KIA က ပစ်ချခဲ့တာကြောင့် အဲဒီအမျိုးအစားလေယဉ် တစ်စီးဟာလည်း ပျက်ကျခဲ့တာ ရှိခဲ့ပါသေးတယ်။