Home သတင်း စစ်ရေး CDF – Hualngoram နဲ့ CNDF အကြား ဖြစ်နေတဲ့ ပြသနာကို တခြားအဖွဲ့တွေ အနေ နဲ့ စစ်ရေးအရ...

CDF – Hualngoram နဲ့ CNDF အကြား ဖြစ်နေတဲ့ ပြသနာကို တခြားအဖွဲ့တွေ အနေ နဲ့ စစ်ရေးအရ ဝင်ရောက်ပတ်သက်တာမလုပ်ဖို့ ချင်းညီနောင် အဖွဲ့သတိပေး

85
0

CDF – Hualngoram နဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ – CNDF အကြားဖြစ်နေတဲ့ ပြသနာကို တခြားတော်လှန်ရေး အဖွဲ့တွေ အနေ နဲ့ စစ်ရေးအရ ဝင်ရောက်ပတ်သက်တာမလုပ်ဖို့ ချင်းညီနောင် အဖွဲ့အနေ နဲ့ ဒီနေ့ ဇူလိုင်လ ၃ ရက်နေ့မှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ “CDF – Hualngoram နဲ့ CNO/CNDF တို့အကြားဖြစ်ပေါ်နေတဲ့ လက်ရှိပဋိပက္ခအပေါ် အခြားတော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းတွေက စစ်ရေးအရ ဝင်ရောက်ပတ်သက်ခြင်းကို ရှောင်ရှားကြဖို့ တိုက်တွန်းလိုတယ်လို့ ဆိုထားပါတယ်။ အခုလို အခြားသောတော်လှန်ရေးအဖွဲ့အစည်းတွေက ဝင်ရောက်ပတ်သက်လာခဲ့ရင် လက်ရှိပြသနာဟာပိုမိုဆိုးရွားစေနိုင်ပြီးတော့ သွေးထွက်သံယိုမှု ပိုမိုများပြားတဲ့ အခြေအနေကို ဦးတည်စေနိုင်တယ်လို့” ဆိုထားပါတယ်။

အဲဒါကြောင့် သက်ဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းတွေ အနေနဲ့ ငြိမ်းချမ်းရေး နည်းလမ်းဖြင့်မဟုတ်ဘဲ စစ်ရေးအကူအညီ နဲ့ ပါဝင်လာခဲ့ရင် ချင်းညီနောင် အနေ နဲ့လည်း ချင်းညီနောင် အဖွဲ့ဝင် ဖြစ်တဲ့ CNO/CNDF နဲ့အတူ မားမားမတ်မတ်ရပ်တည်သွားမှာ ဖြစ်တယ်လို့ ချင်းညီနောင် အဖွဲ့က သတိပေးပြောဆိုထားပါတယ်။

ဒါ့အပြင် လက်ရှိဖြစ်နေတဲ့ CDF – Hualngoram နဲ့ CNO/CNDF အကြားပြသနာကိုလည်း ချင်းညီနောင် အနေ နဲ့လည်း ပါဝင်ပတ်သက်မှာမဟုတ်ဘူးလို့လည်း ပြောဆိုထားပါတယ်။

ချင်းညီနောင် အနေ နဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ချင်းတစ်မျိုးသားလုံးလွတ်မြောက်ရေး၊ပေါင်းစည်းညီညွတ်ရေး၊တရာမျှတမှု၊တန်းတူညီမျှမှု နဲ့ တကွ မိမိကြမ္မာ မိမိဖန်တီးရေးတို့ကို ရှေ့ရှုပြီးတော့ စစ်အာဏာရှင်ကို ရွပ်ရွပ်ချွံချွံတော်လှန်နေတယ်လို့လည်းဆိုထားပါတယ်။

လက်ရှိ CDF – Hualngoram နဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ – CNDF တို့အကြား စေ့စပ်ဆွေးနွေးမှု မပြေလည်ဘဲ အချင်းချင်းသဘောထားတင်းမာမှုတွေ ဖြစ်ပြီးတော့ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွါးလာတဲ့ အပေါ်မှာလည်း ချင်းညီနောင်အနေ နဲ့ များစွာစိတ်မကောင်းဖြစ်မိတယ်လို့လည်း ဆိုထားပါတယ်။

ဒါ့အပြင် CDF – Hualngoram နဲ့ CNO/CNDF တို့ နှစ်ဦးနှစ်ဖက်လုံးဟာ စစ်အာဏာရှင်ကို တိုက်ထုတ်နေတဲ့ ရည်မှန်းချက်တူတာကြောင့် ချင်းတော်လှန်ရေး လက်နက်ကိုင် အချင်းချင်းကြား အငြင်းပွါးမှုတွေကို တွေ့ဆုံဆွေးနွေးကာ ညှိနိူင်းဖြေရှင်းကြဖို့ကိုလည်း ချင်းညီနောင်က တိုက်တွန်းပြောဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here