Home နိုင်ငံရေး တစ်နိုင်ငံလုံး စစ်ရေး အရှုံး နဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီ PDF နဲ့ လက်နက်ကိုင်တွေ ရွေးကောက်ပွဲပါ ပူးပေါင်းကြဖို့ဖိတ်ခေါ်

တစ်နိုင်ငံလုံး စစ်ရေး အရှုံး နဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီ PDF နဲ့ လက်နက်ကိုင်တွေ ရွေးကောက်ပွဲပါ ပူးပေါင်းကြဖို့ဖိတ်ခေါ်

162
4

တစ်နိုင်ငံလုံးစစ်ရေးအရှုံး နဲ့ရင်ဆိုင်နေရတြ့ စစ်ကောင်စီက သူတို့ကျင်းပပြုလုပ်မယ့် PDF နဲ့ လက်နက်ကိုင်တွေ ပူးပေါင်းပါဝင်လာဖို့ကို ဒီနေ့ မတ်လ ၅ ရက်နေ့မှာ သတင်းထုတ်ပြန်ဖိတ်ခေါ်လာခဲ့ပါတယ်။

စစ်ကောင်စီ ရဲ့ ထုတ်ပြန်ချက်မှာ “စစ်ကောင်စီ နဲ့ ပူးပေါင်းနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နဲ့ ပြည်သူတွေ ရဲ့ မျှော်မှန်းချက်ဟာလည်း ဖက်ဒရယ် နဲ့ ဒီမိုကရေစီကို အခြေ ခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး ဖြစ်ပြီးတော့ မိမိတို့ ယုံကြည်ချက် ခံယူချက်တွေကြောင့် လက်နက်ကိုင်လမ်းကို ရွေးချယ်ခဲ့ကြတဲ့ PDF အမည့်ခံအဖွဲ့တွေ အပါအဝင် လက်နက်ကိုင် အုပ်စုတွေ ရဲ့ မျှော်မှန်းချက်မှာလည်း ဖက်ဒရယ် နဲ့ ဒီမိုကရေစီအခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်တာကြောင့် လက်ရှိစစ်ကောင်စီက ကျင်းပမဲ့ ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်ကြဖို့ကို စစ်ကောင်စီက ဖိတ်ခေါ်တာ ဖြစ်တယ်”လို့လည်းဆိုထားပါတယ်။

စစ်ကောင်စီ အနေ နဲ့ ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ချမှတ်ကာ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး အတွက် လုပ်ဆောင်လာခဲ့တာဟာလည်း တော်တော် ခရီးရောက်နေပြီးဖြစ်ပြီးတော့ စစ်ကောင်စီကျင်းပမယ့် ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီဟာလည်း ၅၄ ပါတီအထိ ရှိနေပြီးဖြစ်တယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

လက်ရှိကျင်းပမယ့် ရွေးကောက်ပွဲကြီးဟာ စစ်ကောင်စီ နဲ့ PDF နဲ့ လက်နက် ကိုင်တွေ လိုလားနေတဲ့ ဖက်ဒရယ် နဲ့ ဒီမိုကရေစီကို အခြေခံတဲ့ ပြည်ထောင်စုဆီကို သွားရောက်ဖို့ အတွက် တံခါးဝကြီးတစ်ခု ဖြစ်တယ်လို့လည်း စစ်ကောင် စီက ဆိုထားပါတယ်။

ဒါ့အပြင် ဒီမိုကရေစီ နဲ့ ဖက်ဒရယ်ကိုအခြေခံတဲ့ ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေး နဲ့ ဖွဲ့စည်းပုံ ဉပဒေပြင်ဆင်ရေးတွေကိုလည်း အခုလာမယ့် စစ်ကောင် စီကကျင်းပတဲ့ ရွေးကောက်ပွဲကြီးတက်လာ တဲ့ အချိန်မှာ လွှတ်တော်၊ အစိုးရ နဲ့ ညှိနှိုင်းသွားရမှာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

အဲဒါကြောင့် ဒီမိုကရေစီ နဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကြီးပေါ်ထွန်းလာရေးဆိုတဲ့ ရည်မှန်းချက် ပန်းတိုင်ကို CRPH နဲ့ NUG တို့ရဲ့ ဝါဒမှိုင်း တိုက်မှုကြောင့် လမ်းစပျောက်သွားဖို့ မလိုဘဲ မိမိတို့ရဲ့ ယုံကြည်ချက်မျှော် မှန်း ချက်လမ်းကြောင်းပေါ် ရောက်ရှိရေးကို ဆက်လက်လျှောက်လှမ်းရမှာ ဖြစ်တယ်လို့လည်း စစ်ကောင်စီက ပြောဆိုထားပါသေးတယ်။

CRPH နဲ့ NUG တို့ဟာ လက်ရှိ စစ်ကောင်စီက ကျင်းပတဲ့ ရွေးကောင်ပွဲကြီး ပြီးသွားခဲ့ရင် လွှတ်တော် နဲ့ အစိုးရပေါ်ပေါက်လာကာ သူတို့ ရဲ့ ရပ်တည်ချက်ပျောက်ဆုံးမှာကို စိုးရိမ်နေတယ်လို့လည်း စစ်ကောင်စီက ပြောဆိုထားပါသေးတယ်။

အဲဒါကြောင့် PDF နဲ့ လက်နက်ကိုင်အဖွဲ့တွေ အနေ နဲ့ မှန်ကန်တဲ့ လမ်းကြောင်းကို ပြောင်းလျှောက်ဖို့ အတွက်ကိုလည်း လိုအပ်ပြီးတော့ ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်လိုသူတွေ အနေ နဲ့ နီးစပ်ရာ တပ်စခန်း၊ ဒေသအာဏာပိုင်တွေဆီကို ဆက်သွယ်ညှိနှိုင်းနိုင်တယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ပြောဆိုထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက နဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ ကတော့ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ဟာလက်ရှိ အချိန်ထိ နိုင်ငံရေးအရ တရားဝင်မှုရှိနေဆဲဖြစ်တာကြောင့် ရွေးကောက်ခံကိုယ်စားလှယ်တွေ နဲ့ ပြည်သူတွေရဲ့ သဘောဆန္ဒမပါဘဲ တရားမဝင် ရွေးကောက်ပွဲ ဖန်တီးပြုလုပ်ခြင်းဟာ ဒီမိုကရေစီကျင့်စဉ်ကို ချိုးဖောက်တာ ဖြစ်တဲ့အပြင် ပြည်သူ့အချုပ်အခြာအာဏာကို မတရားရယူရန် ကြိုးစားတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

အဲဒါကြောင့် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး ဆောင်ရွက်နေတဲ့ အ ကြမ်းဖက်စစ်အုပ်စုရဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲ နဲ့ အတုအ ယောင်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အတူတကွရပ် တည် ဆန့်ကျင်ကြဖို့ကိုလည်း တော်လှန်ရေးအင်အားစုတွေကို မေတ္တာရပ်ခံ ထားပါတယ်။

4 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here