ဖိနှိပ်ခံပြည်သူလူထု လွတ်မြောက်ရေး နဲ့ ကျောင်းသားအကျိုးဆောင်ရွက်နေတဲ့ ညီနောင်သမဂ္ဂများအားလုံး နဲ့ လက်တွဲပြီးတော့ ဆုံးခမ်းမတိုင်သေးတဲ့တိုက်ပွဲတွေကို ဆက်လက်ချီတက်တိုက်ပွဲ ဝင်သွားမယ်လို့ ရက္ခိုင်ပြည်ကျောင်းသား သမဂ္ဂပြောဆိုလိုက်ပါတယ်။
ဒီပြောဆိုမှုကို ဒီနေ့ ဇူလိုင်လ ၇ ရက်နေ့မှာ ကျရောက်တဲ့ ၆၃ နှစ်မြောက် ကျောင်းသားအရေးတော်ပုံ နေ့ အခမ်းအနားမှာ ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
ဗိုလ်ချုပ်နေဝင်းခေါင်းဆောင်တဲ့ တော်လှန်ရေးကောင်စီရဲ့ အာဏာသိမ်းယူတာကို လက်မခံတဲ့ အတွက် ၇.၇.၁၉၆၂ နေ့မှာ အေးချမ်းစွားတောင်းဆိုနေတဲ့ ကျောင်းသား၊ကျောင်းသူ ၅,၀၀၀ ခန့်ကို အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့ အတွက် ကျောင်းသား၊ကျောင်းသူတွေ သေဆုံးတာ ဖမ်းဆီးခံရတာတွေ များစွာရှိခဲ့ကြရပါတယ်။
ဒီလို အကြမ်းဖက် စစ်အာဏာရှင်အစိုးရ ရဲ့ ရက်ရက်စက်စက် ပစ်ခတ်ဖမ်းဆီးမှုတွေကြောင့် အသက်ပေးတိုက်ပွဲဝင်ခဲ့ကြတဲ့ ကျောင်းသားခေါင်းဆောင် အာဇာနည်တွေကို ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ အနေ နဲ့ အလေးပြုတယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ အနေ နဲ့ နှစ်စဉ် ဇူလိုင်လ ၇ ရက်နေ့ရောက်တိုင်းကို ကျဆုံးခဲ့ကြတဲ့ ကျောင်သားလူငယ်တွေကို ဂါရဝပြုတာ၊ပန်းခွေချတာ၊ချီတက်ပွဲတွေကို ကျင်းပခဲ့တာတွေကိုလည်း ခေတ်အဆက်ဆက် လက်ဆင့်ကမ်းကျင်းပခဲ့ကြပြီးတော့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ အနေ နဲ့လည်း ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့က ဖြစ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့လည်း ဆိုထားပါတယ်။
ဒါ့အပြင် ဒီဖြစ်ရပ်ဟာ ကျောင်းသား၊ကျောင်းသူတွေအတွက် မမေ့အပ်တဲ့ သမိုင်းတစ်ခု ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
လက်ရှိမှာလည်း ရက္ခိုင်ပြည်ကျောင်းသား သမဂ္ဂ အနေ နဲ့ ဆက်လက်ပြီးတော့ ဖိနှိပ်ခံပြည်သူလူထု လွတ်မြောက်ရေး နဲ့ ကျောင်းသားအကျိုးဆောင်ရွက်တဲ့ နေရာမှာ ညီနောင်သမဂ္ဂများအားလုံး နဲ့ လက်တွဲပြီးတော့ ဆုံးခမ်းမတိုင်သေးတဲ့တိုက်ပွဲတွေကို ဆက်လက်ချီတက်တိုက်ပွဲ ဝင်သွားမယ်လို့ လည်းပြောဆိုထားပါတယ်။
ပုံ – ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ





**mitolyn reviews**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.