Home နိုင်ငံရေး အမေရိကန်ကို တင်ပို့မယ့် မြန်မာထုတ်ကုန်တွေကို အခွန် ၄၀ ရာခိုင်နူန်းကောက်ခံမှာ ဖြစ်တဲ့ အတွက် အခွန်မရှောင်ဖို့ အမေရိကန်သမ္မတထရမ့်က မင်းအောင်လှိုင် ကို...

အမေရိကန်ကို တင်ပို့မယ့် မြန်မာထုတ်ကုန်တွေကို အခွန် ၄၀ ရာခိုင်နူန်းကောက်ခံမှာ ဖြစ်တဲ့ အတွက် အခွန်မရှောင်ဖို့ အမေရိကန်သမ္မတထရမ့်က မင်းအောင်လှိုင် ကို သတိပေး

71
0

မြန်မာကနေပြီးတော့ အမေရိကန်ကိုတင်ပို့မယ့် မြန်မာထုတ်ကုန်တွေကို အခွန် ၄၀ ရာခိုင်နူန်းကောက်ခံသွားမှာ ဖြစ်တယ်လို့ အမေရိကန်သမ္မတထရမ့်က စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဇူလိုင်လ ၇ ရက်နေ့မှာ စာရေးသား ပေးပို့ခဲ့ပါတယ်။

ဒီအခွန်ကောက်ခံမှုကို အမေရိကန် အနေ နဲ့ လာမယ့် ဩဂုတ်လ ၁ ရက်နေ့ကပင် စတင်ပြီးတော့ ကောက်ခံသွားမှာ ဖြစ်ပြီးတော့ မြန်မာထုတ်ကုန်တွေ နဲ့ ပတ်သက်ပြီးတော့ ကောက်ခံမယ့် အခွန် ၄၀ ရာခိုင်နူန်းကို လည်းအခွန်မရှောင်ဖို့ နဲ့ အခွန်ရှောင်ဖို့ အတွက် မြန်မာနိုင်ငံထုတ်ကုန်တွေကို တခြားနိုင်ငံတွေက နေတဆင့်တင်ပို့တာတွေ ရှိခဲ့ရင်လည်း လက်ရှိကောက်ခံမယ့် အခွန် ၄၀ ရာခိုင်နူန်းထက် ထပ်မံတိုးမြှင့် ကောက်ခံသွားမှာ ဖြစ်တယ်လို့ သမ္မတထရမ့် က မင်းအောင်လှိုင်ဆီကို ပေးပို့ထားတဲ့ စာထဲမှာ ထည့်သွင်းပြောဆိုထားပါတယ်။

ဒါပေမယ့် မြန်မာကုမ္ပဏီများအနေ နဲ့ အမေရိကန်နိုင်ငံ အတွင်းမှာ လာရောက်ပြီးတော့ တည်ဆောက် ရင်းနှီးမြှုပ်နှံကာ ကုန်တွေထုတ်လုပ်မယ်ဆိုရင်တော့ အခွန်ကင်းလွတ်ခွင့် ပေးမှာ ဖြစ်တယ်လို့လည်း သမ္မတထရမ့် က ဆိုထားပါသေးတယ်။

စစ်ခေါင်ဆောင် မင်းအောင်လှိုင်ကတော့ သမ္မတထရမ့် ဆီက အကြောင်းကြားစာ မရောက်ခင်ကတည်းကပင် မော်စကိုမြို့က RT သတင်းဌာန နဲ့ တွေ့ဆုံမေးမြန်းတဲ့ နေရာမှာ အမေရိကန် အနေ နဲ့ မြန်မာထုတ်ကုန်တွေ အပေါ်မှာ အခွန်တိုးမြှင့်ကောက်ခံမယ်လို့ ကြားသိထားရပြီးတော့ အခုလို မြန်မာထုတ်ကုန်တွေအပေါ်မှာ အခွန်တိုးမြှင့်ကောက်ခံတာဟာ မဖြစ်သင့်ဘူးလို့ ပြောဆိုထားခဲ့တာလည်း ရှိခဲ့ပါတယ်။

လက်ရှိ အခွန်ကောက်ခံမယ့် အကြောင်းကိုတော့ သမ္မတထရမ့် အနေ နဲ့ မြန်မာ နိုင်ငံ တစ်ခုတည်းကို ပေးပို့လာတာ မဟုတ်ဘဲ မြန်မာ အပါအဝင် ထိုင်း၊ မလေးရှား၊ လာအို၊ အင်ဒိုနီးရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ ကမ္ဘော ဒီးယား နိုင်ငံတွေကို ပါ ပေးပို့လာခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီလို ပေးပို့လာတဲ့ အထဲမှာတော့ အမေရိကန် အနေ နဲ့ မြန်မာထုတ်ကုန်တွေကို အခွန် ၄၀ ရာခိုင်နှုန်း၊ လာအို ထုတ်ကုန်တွေကို အခွန် ၄၀ ရာခိုင် နှုန်း၊ ကမ္ဘောဒီးယားထုတ်ကုန်တွေကို အခွန် ၃၆ ရာခိုင်နှုန်း၊ ဘင်္ဂလားဒေ့ရှ်ထုတ်ကုန်တွေကို ၃၅ ရာခိုင် နှုန်း၊ အင်ဒိုနီးရှား ထုတ်ကုန်တွေကို အခွန် ၃၂ ရာခိုင်နှုန်း၊ မလေးရှားထုတ်ကုန်တွေကို အခွန် ၂၅ ရာခိုင် နှုန်း၊ ထိုင်းထုတ်ကုန်တွေကို အခွန် ၃၆ ရာခိုင်နှုန်း စီကောက်ခံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here