မန္တလေးအိုးဘိုအကျဉ်းထောင်တွင်းအကျဉ်းချခံနေရတဲ့ NLD ပါတီဝင် တစ်ဦးဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားဦးမြင့်ဝေဟာ အူတက်ပေါက်ရောဂါ နဲ့ ဇူလိုင်လ(၈)ရက်နေ့ မနက်အစောပိုင်းမှာ သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် – PPNM က ဒီနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။
ဦးမြင့်ဝေဟာ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ခုနှစ် မေလ(၁၉)ရက်နေ့မှာ စစ်ကိုင်းတိုင်း ရွာသစ်ကျေးရွာအတွင်းမှာ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးတာကို ခံခဲ့ရပြီးတော့ ပုဒ်မ ၅၀၅(က)၊၅၀(က) နဲ့ ၆၁ တို့ နဲ့ စုစုပေါင်း ထောင်ဒဏ်(၁၉)နှစ် ကျခံထားရသူ တစ်ဦးလည်းဖြစ်ပါတယ်။ ဦးမြင့်ဝေဟာ လက်ရှိသေဆုံးချိန်မှာ အသက်(၅၉)နှစ်အရွယ် ရှိနေပြီလည်း ဖြစ်ပါတယ်။
ဦးမြင့်ဝေဟာ ဇူလိုင်လပထမပတ်ကတည်းကပင် ဗိုက်အောင့်ဝေဒနာကို ပြင်းထန်စွာခံစားခဲ့ရပြီးတော့ ဆေးဝါးကုသခွင့်ရရှိနိုင်ဖို့ အတွက် အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့်လည်း ပုံမှန်ဗိုက်အောင့်တာဖြစ်တယ်ဆိုပြီးတော့ ဆေးဝါးကုသမှုမရရှိခဲ့ဘူးဆိုတာကိုလည်း PPNM က သိရှိထားရတယ်လို့ ဆိုထားပါတယ်။
အဲဒီနောက် ဗိုက်အောင့်ဝေဒနာ အလွန်ဆိုးရွားလာတဲ့ အခါမှသာ ပြင်ပဆေးရုံကို ပို့ဆောင်ကာဆေးကုသပေးတာတွေ လုပ်ဆောင်ခဲ့ပေမယ့် ဆေးရုံရောက်နောက်ကျတဲ့ အတွက် အခုလိုသေဆုံးခဲ့ရတာ ဖြစ်တယ်လို့လည်း PPNM ကဆိုထားပါတယ်။
PPNMအနေ နဲ့ အကျဉ်းသားတွေ ရဲ့ အခွင့်အရေးအရ ထောင်တွင်းဆေးဝါးကုသမှု နဲ့ ဆေးဝါးလုံလောက်စွာထားရှိဖို့ ကျန်းမာရေးအရ စိုးရိမ်ရသူတွေကို ပြင်ပဆေးရုံကိုအချိန်နဲ့တပြေးညီပို့ဆောင်ပေးဖို့ တောင်းဆိုတာတွေ ရှိနေပေမယ့် အကျဉ်းဦးစီးဌာနက လိုက်ပါလုပ်ဆောင်မှုတွေ မရှိသေးတာကိုလည်း တွေ့နေရတယ်လို့ ဆိုပါတယ်။
အဲဒီလို အကျဉ်းဦးစီးဌာနက လိုက်ပါလုပ်ဆောင်မှုမရှိတဲ့ အတွက် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ နှစ်စဉ်ပျမ်းမျှ(၂၅)ဦးဝန်းကျင် အသက်ဆုံးရှုံးမှုတွေလည်း ရှိနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် – PPNM ဆိုထားပါတယ်။





Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me?