Home လူမှုစီးပွါးရေး စစ်ကောင်စီ ရဲ့ အဆင့်မြင့်ကိုယ်စလှယ်အဖွဲ့ကို အမေရိကန်သို့ စေလွတ်ချင်တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ကို မင်းအောင်လှိုင်တောင်းဆို

စစ်ကောင်စီ ရဲ့ အဆင့်မြင့်ကိုယ်စလှယ်အဖွဲ့ကို အမေရိကန်သို့ စေလွတ်ချင်တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ကို မင်းအောင်လှိုင်တောင်းဆို

34
0

ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့က အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ အခွန်ကိစ္စ နဲ့ ပေးပို့ခဲ့တဲ့ စာကို အကြောင်းပြုပြီးတော့ စစ်ခေါင်းဆောင်မင်းအောင်လှိုင် က သူတို့ရဲ့ အဆင့်မြင့်ကိုယ်စလှယ်အဖွဲ့ကို အမေရိကန်သို့ စေလွတ်ချင်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ကို တောင်းဆိုလိုက်ပါတယ်။

အဲဒီတောင်းဆိုမှုကို ကုန်သွယ်ခွန်ကောက်ခံမယ့် ကိစ္စ နဲ့ ဇူလိုင်လ ၉ ရက်နေ့က သမ္မတ ထရမ့် ဆီကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြန်လည်အကြောင်းကြားခဲ့တဲ့ စာထဲမှာ ထည့်သွင်းတောင်းဆိုထားတာလည်းဖြစ်ပါတယ်။

အမေရိကန်ကတော့ အခုလမယ့် ြသဂုတ်လ ၁ ရက်နေ့ ကပင် မြန်မာနိုင်ငံ ကတင်ပို့လာတဲ့ ကုန်တွေအားလုံးကို အခွန် ၄၀ ရာခိုင်နူန်းကောက်ခံမှာ ဖြစ်ပြီးတော့ မြန်မာနိုင်ငံ အနေ နဲ့လည်း အခွန်မရှောင်ဖို့ နဲ့ အခွန်ရှောင်တာကို တွေ့ခဲ့ရင် အခွန်နူန်းထားကို ထပ်မံ တိုးကောက်သွားမှာ ဖြစ်တယ်လို့ သမ္မတ ထရမ့်က သတိပေးထားပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကတော့ အမေရိကန်သမ္မတ ထရမ့် အနေ နဲ့ အရင်တုန်းကို မြန်မာပို့ကုန်တွေ အနေ နဲ့ အခွန် ၄၄ ရာခိုင်နူန်းကောက်ခံဖို့ အတွက် မူလလျာထားချက်ကို ၄၀ ရာခိုင်နူန်းပြင်ဆင်သတ်မှတ်ပေးတဲ့ အပေါ်မှာ ကျေးဇူးတင်တယ်လို့လည်း ဆိုထားပါတယ်။

ဒါပေမယ့် လက်ရှိသတ်မှတ်လိုက်တဲ့ မြန်မာက ပို့တဲ့ ပို့ကုန် အခွန် ၄၀ ရာခိုင်နူန်းကောက်ခံမယ့်ကိစ္စကို မြန်မာက ပို့ကုန်တွေအတွက် အခွန် ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်း ကောက်ခံဖို့နဲ့ အမေရိကန်ကနေပြီးတော့ မြန်မာကိုတင်သွင်းလာတဲ့ ပို့ကုန်တွေကို အခွန်ကင်းလွတ်ခွင့်ကနေ အခွန် ၁၀ ရာခိုင်နှုန်းထက်ပိုမကောက်ခံဖို့ ကိုညှိနှိုင်းဖို့ကို လိုလားပြီးတော့ လိုအပ်ရင် ဒီကီစ္စ နဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံက စစ်ကောင်စီရဲ့ အဆင်မြင့် ကိုယ်စလှယ်အဖွဲ့တွေကို အမေရိကန်ကို ချက်ချင်းစေလွတ်ချင်တယ်လို့ သူက စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တောင်းဆိုထားလည်းဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိ အမေရိကန် အနေ နဲ့ မြန်မာအပေါ် စီးပွားရေးပိတ်ဆို့တာတွေကိုလည်း ဖြေလျော့ရုပ်သိမ်းပေးဖို့ အတွက်ကိုလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တောင်းဆိုထားပါသေးတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here