တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲမြို့ကို စစ်ကောင်စီက ဒီနေ့မနက် ၃ နာရီကျော်လောက်မှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာကို လုပ်ဆောင်ခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်မဲမြို့အတွင်းက ကော်လီဟိုတယ်၊ မြိုမရဲစခန်း နဲ့ ခရိုင်ရဲရုံးဘက်တိုတွင်ဗုံး (၃)လုံးကျရောက်ပေါက်ကွဲတာ ရှိခဲ့ပြီးတော့ အမျိုးသား (၁)ဦး သေဆုံးခဲ့ရပြီးတော့ ပြည်သူ ၅ ဦးဟာလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ရသလို နေအိမ် ၄ ဆောင်ဟာလည်း ပျက်စီးသွားခဲ့ရတယ်လို့ ဆိုပါတယ်။



အဲဒီလိုပဲ ယမန်နေ့ကလည်း မိုးကုတ်မြို့ အတွင်းက ပန်မထိပ်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅၀)ဗုံး (၂)လုံး နဲ့ ကြဲချတိုက်ခိုက်ခဲ့တဲ့ အတွက် ကလေးငယ် (၂)ဦး သေဆုံးခဲ့ရပြီးတော့ ဒေသခံ ပြည်သူ ၈ ဦးဒဏ်ရာ ရရှိပြီးတော့ နေအိမ် (၇)ဆောင်ဟာလည်း ထိမှန်ပျက်စီးသွားခဲ့ရသေးတယ်လို့ဆိုပါတယ်။
စစ်ကောင်စီဟာ (၂)ပတ်တာကာလအတွင်းမှာ ကျောက်မဲမြို့ကို လေကြောင်းတိုက်ခိုက်မှု (၄)ကြိမ်၊ နောင်ချိုမြို့အတွင်းက သုံးဆယ်ကျေးရွာကို (၁)ကြိမ်၊ မိုးကုတ်မြို့ကို (၁)ကြိမ် နဲ့ သီပေါမြို့ကို (၁)ကြိမ် စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု (၇) ကြိမ်ထိလုပ်ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှု ၇ ကြိမ်အတွင်းမှာ ကလေးငယ်အပါအဝင် ပြည်သူလူထု (၆)ဦး သေဆုံးခဲ့ရပြီး ပြည်သူလူထု (၃၀)ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၅၀)ဆောင် ၊ စာသင်ကျောင်း(၁)ကျောင်း၊ ဘုန်းကြီးကျောင်း (၄)ကျောင်းဟာလည်း ပျက်စီးခဲ့ရတယ်လို့ ဆိုထားပါတယ်။
အဲဒီလို စစ်ကောင်စီက အရပ်သားပြည်သူတွေ နေထိုင်ရာနေရာတွေကို ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်တာတွေကို လုပ်ဆောင်နေတဲ့ အတွက် မိဘပြည်သူတွေ အနေ နဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုများရှောင်ရှားနိုင်ဖို့ အတွက် စစ်ရေးသတိအမြဲရှိဖို့ လိုအပ်ပြီးတော့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကိုလည်း လိုက်နာဆောင်ရွက်ကြဖို့ TNLA က တိုက်တွန်းထားပါတယ်။