Home သတင်း စစ်ရေး ရခိုင်မှာ ပဋိပက္ခတွေ ပြင်းထန်လာပြီးနောက်ပိုင်း မွတ်ဆလင် တစ်သိန်းခွဲ ဘင်္ဂလားဒေ့ရှ်ကို ထပ်မံထွက်ပြေးလာတယ်လို့ UN ထုတ်ပြန်

ရခိုင်မှာ ပဋိပက္ခတွေ ပြင်းထန်လာပြီးနောက်ပိုင်း မွတ်ဆလင် တစ်သိန်းခွဲ ဘင်္ဂလားဒေ့ရှ်ကို ထပ်မံထွက်ပြေးလာတယ်လို့ UN ထုတ်ပြန်

66
0

ရခိုင်ဒေသမှာ ပဋိပက္ခတွေ ပြင်းထန်လာတာနဲ့ အတူ မွတ်ဆလက်တွေကို ပစ်မှတ်ထား အကြမ်းဖက်ခံရတာတွေ ကြောင့် ပြီးခဲ့တဲ့ ၁၈ လအတွင်းမှာ မူဆလင် တစ်သိန်းခွဲ လောက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထပ်မံ ထွက်ပြေး လာတယ်လို့ ကုလသမဂ္ဂအဖွဲ့ UN က မနေ့က ဇူလိုင်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

မြန်မာနိုင်ငံ အတွင်းမှာ လက်နက်ကိုင်တိုက်ပွဲတွေ ပြင်းထန်လာပြီး အခြေအနေတွေ ပိုဆိုးလာတာနဲ့အမျှ မွတ်ဆလင် တစ်သန်းနီးပါးရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားစခန်းတွေကို နောက်ထပ် လူထောင်ပေါင်းများစွာဟာ နယ်စပ်ကို ဖြတ်ကျော် ဝင်ရောက်နေကြတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာလည်း အိမ်နီးချင်းနိုင်ငံကို အကြီးမားဆုံး ထွက်ခွာမှုဖြစ်ပြီးတော့ ၂၀၁၇ နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ကို ဝင်လာတဲ့ အကြီးမားဆုံး ရွေ့လျားမှုတစ်ခုလို့ UNHCR ပြောခွင့်ရ Babar Baloch က ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ပဋိပက္ခကနေ ထွက်ပြေးလာတဲ့ အရပ်သားတွေအတွက် ဘေးကင်းလုံခြုံမှုနဲ့ ခိုလှုံခွင့်ရရှိရေး စီမံဆောင်ရွက်ပေးဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကို ဆော်သြနေပါတယ်” လို့ သူက ဆိုထားပါတယ်။

လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ဟာ ဒုက္ခသည်စခန်းတွေမှာ လူတစ်သန်းနီးပါးကို လက်ခံထားရှိပြီး မကြာသေးမီက ဝင်ရောက်လာတဲ့ သူအများစုထဲမှာ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေဖြစ်ပြီးတော့ ထောက်ပံ့မှု လုံလောက်စွာ မရရှိတဲ့ ဖိအားကိုလည်း ခံနေရတယ်လို့ ကုလသမဂ္ဂအဖွဲ့က ပြောပါတယ်။

ဒုက္ခသည်အများစုဟာ အချင်းချင်းစည်းလုံးညီညွတ်မှုကို မှီခိုအားထားနေရပြီးတော့ စခန်းမှာ အရင် ရှိနေတဲ့ သူတွေနဲ့ အကန့်အသတ်ရှိတဲ့ အရင်းအမြစ်တွေကိုသာ မျှဝေသုံးစွဲနေကြရတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂအဖွဲ့အနေနဲ့ လိုအပ်နေတဲ့ ရန်ပုံငွေတွေကို အလုံအလောက် မရရှိရင်တော့ လာမယ့် စက်တင်ဘာလမှာ ကျန်းမာရေးဝန်ဆောင်မှုတွေ ရပ်တန့်သွားမယ်လို့ ကုလသမဂ္ဂအဖွဲ့ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

တဆက်တည်းမှာပဲ ဒီဇင်ဘာလမှာ ချက်ပြုတ်လောင်စာဆီ၊ ရေနံဓါတ်ငွေ့ရည်တွေ ကုန်တော့မှာဖြစ်တဲ့အတွက် စားနပ်ရိက္ခာအတွက် ရပ်တန့်သွားမှာဖြစ်သလို အသစ်ရောက်ရှိလာတဲ့ မွတ် ဆလင်ကလေးငယ် ၆၃၀၀၀ အပါအဝင် ကလေးငယ် ၂၃၀၀၀၀ လောက်ဟာလည်း ပညာရေး ရပ်ဆိုင်းခံရမယ့် အန္တရာယ်နဲ့ ကြုံရမယ်လို့သတိပေးပြောဆိုထားပါတယ်။

“အသစ်ရောက်လာတဲ့ သူတွေနဲ့ အရင်ရှိတဲ့သူတွေကိုလည်း ထိန်းဖို့ ကျွန်တော်တို့မှာ အရင်းအမြစ်တွေ (ရန်ပုံငွေတွေ) မရှိဘူး။ အရာရာ သက်ရောက်မှုရှိမယ်” လို့ မစ္စတာ Baloch က ပြောထားပါတယ်။

ရခိုင်ပြည်ကနေ နေရပ်စွန့်ခွာ ထွက်ပြေးမှုတွေ ဆက်လက်ဖြစ်ပေါ်နေတာကြောင့် UNHCR ရဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အသိုက်အဝန်းတွေက လျင်မြန်စွာ ကူညီထောက်ပံ့ပေးကြဖို့ မစ္စတာ Baloch က တောင်းဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here