Home လေကြောင်းတိုက်ခိုက်မှု ■မိုးကုတ်မြို့ကို စစ်ကောင်စက ထပ်မံဗုံးကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား (၆)ဦး ထိခိုက်ဒဏ်ရာရ

■မိုးကုတ်မြို့ကို စစ်ကောင်စက ထပ်မံဗုံးကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား (၆)ဦး ထိခိုက်ဒဏ်ရာရ

79
0

တအာင်းပြည်၊ တပ်မဟာ (၄)နယ်မြေ၊ မိုးကုတ်မြို့ကို စစ်ကောင်စီက လေကြောင်းက ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အတွက် ကလေးငယ် (၂)ဦးအပါအ၀င် ပြည်သူလူထု (၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်လာခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုကို စစ်ကောင်စီက မနေ့ က ဇူလိုင်လ ၁၃ ရက်နေ့ ည(၁၀း၃၀)နာရီအချိန်မှာ ဂျက်ဖိုက်တာ နဲ့ ပန်းမထိပ်အနီးကို ပေါင် (၅၀၀) ဗုံး (၁)လုံး နဲ့ လာရောက်ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂)ဦး၊ အမျိုးသမီး (၁)ဦး နဲ့ အမျိုးသား (၃)ဦး စုစုပေါင်းပြည်သူ ၆ ဦးထိခိုက်ဒဏ်ရာရရှိပြီးတေ့ နေအိမ် (၆)လည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့ရတယ်လို့ ဆိုထားပါတယ်။

ဒီညပိုင်းတိုက်ခိုက်မှုကို ထပ်မံ မလုပ်ဆောင်ခင်မှာ စစ်ကောင်စီဟာ ဇူလိုင်လ ၁၃ ရက်နေ့မနက်ပိုင်းမှာလည်း စစ်ကောင်စီဟာ TNLA ထိန်းချုပ်မှုအောင်မှာ ရှိနေတဲ့ ကျောက်မဲမြို့ကိုလည်း လေကြောင်းကနေတဆင့် ဗုံး(၄)လုံး ကိုလည်း ကချတိုက်ခိုက်ခဲ့တာ ရှိပြီး‌တော့ အဲဒီတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရပြီး တော့ နေအိမ် (၂)အိမ် နဲ့ ဇလပ်ဝါအချိုခြောက်စက်ရုံကိုလည်း ဗုံးထိမှန်ပျက်စီးခဲ့တာ ရှိခဲ့တယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီဟာ ဇွန်လ (၂၉)ရက်နေ့ ကနေပြီးတော့ ဇူလိုင်လ (၁၃)ရက်နေ့မနက်ပိုင်းအထိ လေကြောင်းကနေတဆင့် ကျောက်မဲမြို့့ကို(၆)ကြိမ်၊ နောင်ချိုမြို့အတွင်း ကသုံးဆယ်ကျေးရွာတွင် (၁)ကြိမ်၊ မိုးကုတ်မြို့အတွင်းကို (၁)ကြိမ် နဲ့ သီပေါမြို့အတွင်းကို (၁)ကြိမ် စုစုပေါင်း (၉)ကြိမ်လေကြောင်း ဗုံးကြဲတိုက်ခိုက်တာကို လုပ်ဆောင်ခဲ့တာလည်း ရှိခဲဲ့ပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါ အဝင် ပြည်သူလူထု (၇)ဦး သေဆုံးခဲ့ရပြီး ကလေးငယ် (၂)ဦးနဲ့ ပြည်သူလူထု (၃၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၅၂)အိမ်၊ စာသင်ကျောင်း (၁)ကျောင်း၊ ဘုန်းကြီးကျောင်း (၄)ကျောင်းတိုလည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့ရတာလည်း ရှိခဲ့ရတယ်လို့ TNLA ကဆိုထားပါတယ်။

အဲဒီလို စစ်ကောင်စီက အရပ်သားပြသူတွေ နေထိုင်ရာ နေရာတွေကို လေကြောင်းပစ်မှတ်ထားတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ အတွင် ဒေသခံမိဘပြည်သူများအနေ နဲ့ စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများလိုက်နာဆောင်ရွက်ရန်လိုအပ်တယ်လို့ တိုက်တွန်းထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here