Home သတင်း စစ်ရေး ■ စစ်ကောင်စီထိန်းချုပ်မှု အောက်မှာ ရှိနေတဲ့ စစ်တွေမှာ စားဝတ်နေရေးအခက်အခဲကြောင့် မိသားစုလိုက် အဆုံးစီရင်မှုတွေရှိလာနေ

■ စစ်ကောင်စီထိန်းချုပ်မှု အောက်မှာ ရှိနေတဲ့ စစ်တွေမှာ စားဝတ်နေရေးအခက်အခဲကြောင့် မိသားစုလိုက် အဆုံးစီရင်မှုတွေရှိလာနေ

49
0

CNA ၊ ဟိန်းဆက် ။

စစ်ကောင်စီရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေပြီးတော့ သွားလာခွင့်၊လုပ်ကိုင်စားသောက်ခွင့် နဲ့ အလုပ်အကိုင်ရှားပါးမှုတွေ နဲ့ ရင်ဆိုင်နေရတဲ့ စစ်တွေမြို့မှာ စားဝတ်နေရေး ခက်ခဲမှုတွေကြောင့် မိသားစုလိုက် အဆုံးစီရင်ကာ သေဆုံးမှုတွေ အထိ ရှိလာနေတယ်လို့ စစ်တွေ မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကပင် ရခိုင်မှာတကျော့ပြန်တိုက်ပွဲတွေစတင်ဖြစ်ပွါးလာခဲ့တာ ဖြစ်ပြီးတော့ အဲဒီကတည်းကပင် စစ်ကောင်စီဟာ ရခိုင်က မြို့နယ်တွေကို ငါးဖမ်းထွက်ခွင့်၊ကုန်စည်သယ်ယူခွင့်၊ လောင်စာဆီသယ်ယူခွင့် ၊ဆေးဝါးသယ်ယူခွင့် အပြင်တစ်မြို့ နဲ့ တစ်မြို့ကို စစ်ဘေးရှောင် သွားလာခွင့်တွေကိုတားမြစ်ကန့်သတ်တာတွေကို လုပ်ဆောင်ခဲ့တဲ့ အတွက် ရခိုင်ဒေသခံ အများစုဟာ ကုန်စေ◌ျးနူန်းမြင့်တက်တာ၊မြို့တွင်းမှာပိတ်မိနေတာ၊ အလုပ်အကိုင်ရှားပါးတာ စတာတွေကို ရင်ဆိုင်ခံစားခဲ့ကြရတာလည်းဖြစ်ပါတယ်။

အဲဒီနောက် ရခိုင်တကျော့ပြန်တိုက်ပွဲစတင်ခဲ့ပြီး တစ်နှစ်ကျော် ကာလ အတွင်းမှာ အာရက္ခတပ်တော်က ရခိုင်က မြို့နယ် ၁၇ ခု ရှိတဲ့ အထဲက မြို့နယ် ၁၄ ခုကို စစ်ကောင်စီလက်ကနေပြီးတော့ အပြီးအပိုင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးတော့ လက်ရှိမှာ အာရက္ခတပ်တော်ဟာ ရခိုင်ဒေသတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ အတွက် စစ်တွေ၊ကျောက်ဖြူ နဲ့ မာန်အောင်မြို့နယ် တွေသာကျန်ရှိတော့တာဖြစ်ပြီးတော့ အဲဒီမြို့တွေကို သိမ်းပိုက်နိုင်ဖို့ အာရက္ခတပ်တော်က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီဟာ လက်ရှိမှာလည်း အဲဒီကျန်ရှိနေသေးတဲ့ မြို့တွေက ဒေသခံတွေကို တခြားမြို့တွေကို စစ်ဘေးရှောင်ထွက်ခွင့်မပေးဘဲ ဆက်လက်ပိတ်လှောင်ထားဆဲ ဖြစ်တာကြောင့် ဒေသခံတွေဟာ အလုပ်အကိုင်မရှိတာ၊ကုန်စေ◌ျးနူန်းမြှင့်တက်တာတွေ နဲ့ ဆက်တိုက်ရင်ဆိုင်နေကြရပြီးတော့ စားဝတ်နေရေးအခက်အခဲတွေ နဲ့ ရင်ဆိုင်လာနေရတဲ့ အတွက် စစ်တွေမြို့မှာ ဆိုရင် မိသားစုလိုက် မိမိကို မိမိ အဆုံးစီရင်ကာ သေဆုံးတဲ့ အထိရှိလာနေတာ ဖြစ်တယ်လို့ စစ်တွေမြို့ ဒေသခံ တစ်ဦးက CNA ကို ပြောပါတယ်။

“လူတွေက အလုပ်အကိုင်လည်း မရှိ၊ကုန်းစေ◌ျးနူန်းတွေကလည်းမြင့်တော့ စားဝတ်နေရေးတော်တော်ခက်ခဲလာကြတယ်။ဇွန်လ ၂၉ ရက်နေ့က ဖြစ်သွားတဲ့ အဖြစ်အပျက်ဆိုရင် ကြားမိတာ နဲ့ ကျနော် တော်တော် ကြေကွဲရတယ် ကလေးတွေကို အဆိပ်ထည့်ပြီးတော့ နောက်ဆုံးထမင်းဆိုပြီးတော့ ကျွေးတယ်လို့သိရတယ်။သူတို့ မိသားစု ထမင်းလည်း မစားရတာ ၃ ရက်ရှိပြီလို့ပြောတယ်။ အဲဒီနေ့တုန်းက ဆန်ရတာ နဲ့ ကလေး ၃ ယောက် ကို နောက်ဆုံးထမင်းဆိုပြီး အဆိပ်ထည့်ကျွေးတယ် သူတို့လင်မယားကတော့ ထမင်းမလောက်လိုက်တော့ ကြိုးဆွဲချပြီးတော့ မိသားစုလိုက်အဆုံးစီရင်သွားတယ်”လို့ သူကပြောပါတယ်။

ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ စစ်တွေ မြို့ မင်းဂံရပ်ကွက်ထဲက အကွက် ၁၁ မှာ ဖြစ်ပွါးခဲ့တာဖြစ်ပြီးတော့ မိသားစု ၅ ဦးစလုံးဟာ စားဝတ်နေရေး အခက်အခဲတွေကြောင့် မိမိကိုယ် မိမိ အဆုံးစီရင်ကာသေဆုံးသွားခဲ့ကြရတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီကတော့ စစ်တွေ မြို့မှာ ရှိနေတဲ့ ဒေသခံတွေ စားသောက်ကုန်တွေနဲ့ ဆေးဝါးတွေ မပြတ်လက်ရေး အတွက်ဆိုပြီးတော့ ကုန်ပစ္စည်တွေကို သယ်ယူပို့ဆောင်နေကြောင်းကို သူတို့ နိုင်ငံပိုင်သတင်းတွေကနေတဆင့် ထုတ်လွှင့်ပြသတာတွေကို လုပ်ဆောင်နေပေမယ့် အဲဒီ ကုန်ပစ္စည်းတွေဟာ စစ်ကောင်စီတပ်တွေအတွက် ရိက္ခာ နဲ့ စစ်ကောင်စီတပ်တွေ နဲ့ ပူးပေါင်းသူတွေ အတွက်သာ ပို့ဆောင်နေတာ ဖြစ်ပြီးတော့ သူတို့ စေ◌ျးကြီးကြီး နဲ့ ပြန်ရောင်းတဲ့ ကုန်ပစ္စည်းတွေကိုသာ ဒေသခံတွေက ပြန်လည်ဝယ်ယူသုံးစွဲရတာဖြစ်တယ်လို့လည်း စစ်တွေဒေသခံတွေက ဆိုကြပါတယ်။

လက်ရှိ စစ်တွေ မြို့မှာ ဆန်တစ်အိတ်ကို ကျပ်ငွေ သုံးသိန်း ဝန်းကျင်မှာ ရှိနေပြီးတော့ အလုပ်အကိုင်မရှိတဲ့ ဒေသခံ မိသားစုတွေဟာ အဲဒီစေ◌ျးနူန်း နဲ့ ဆန်ကို ဝယ်ယူစားသုံးဖို့ အတွက်ဆိုတာ မဖြစ်နိုင်တာကြောင့် လက်ရှိမှာလည်း အငတ်ဘေးနဲ့ ရင်ဆိုင်နေရတဲ့ မိသားစုတွေလည်း အများအပြားရှိနေဆဲ ဖြစ်တယ်လို့ နောက်ထပ်စစ်တွေမြို့ဒေသခံ တစ်ဦးက ပြောပါတယ်။

“သူတို့ကသာ ပြည်သူတွေ စားသောက်ကုန်မပြတ်အောင်လုပ်ဆောင်နေပါတယ်ဆိုပြီးတော့ သတင်းစားတွေ ၊နိုင်ငံပိုင်ရုပ်သံတွေမှာ ထည့်လွှင့်ပြသနေတာ အဲဒါတွေ အကုန်လုံးက သူတို့ တပ်တွေ အတွက်ရိက္ခာတွေဖြစ်တယ်။ပြီးတော့ သူတို့ နဲ့ အဆင်ပြေတဲ့ ကုန်သယ်တွေ၊နောက်သူတို့ နဲ့ ဆက်စပ်ပြီး ကူညီနေသူတွေအတွက်သာဖြစ်တယ်။အဲဒီကမှ တဆင့် ကျနော်တို့ ပြည်သူတွေက ပြန်ဝယ်စားနေရတာ သူတို့တောင်းချင်တဲ့စေ◌ျးကိုတောင်းပြီးပြန်ရောင်းနေတာ ဘာပြည်သူ အတွက်မှ လုပ်ပေးတာမဟုတ်ဘူး။ဘာမှ အလုပ်မရှိတဲ့ သူတွေက ဆန်တစ်အိပ်ကို ငွေကျပ် သုံးသိန်းပေးဝယ်ရမယ်ဆိုတာက မဖြစ်နိုင်ဘူးလေ။လက်ရှိလည်း အငတ်ဘေးတွေ နဲ့ ရင်ဆိုင်နေရတဲ့ မိသားစုတွေလည်း အများကြီးရှိနေသေးတယ်”လို့ သူကပြောပါတယ်။

အဲဒီလို ပြည်သူတွေ အခက်အခဲတွေ နဲ့ ဆက်တိုက်ရင်ဆိုင်နေချိန်မှာ စစ်ကောင်စီ အနေ နဲ့ ကုန်းစေ◌ျးနူန်းကို လျှော့ပေါ့တဲ့ အနေ နဲ့ ရောင်းချတာ ဒါမှမဟုတ် စစ်တွေ မြို့တွင်းမှာ ပိတ်မိနေတဲ့ ဒေသခံတွေကို တခြားမြို့တွေသို့ ထွက်ခွါခွင့်ပြုတာတွေကို စစ်ကောင်စီအနေ နဲ့ လုပ်ဆောင်ပေးစေချင်လို့လည်း စစ်တွေမြို့ဒေသခံတွေက တောင်းဆိုကြပါတယ်။

အဲဒီလိုပဲ စစ်ကောင်စီထိန်းချုပ်မှုအောင်မှာ ရှိနေတဲ့ ကျောက်ဖြူ နဲ့ မာန်အောင်မြို့တွေမှာလည်း စစ်ကောင်စီက အစစအရာရာကို တားမြစ်ကန့်သတ်ပိတ်ဆို့တာတွေကို ဆက်တိုက်လုပ်ဆောင်ထားဆဲ ဖြစ်တဲ့အတွက် ဒေသခံတွေ အနေ နဲ့ စားဝတ်နေရေး အခက်အခဲတွေ နဲ့ ရင်ဆိုင်နေကြရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here