CNA ၊ဟိန်းထက်။
ကျောက်ဖြူမြို့နယ် အတွင်းက ရေတပ်ဌာနချုပ်အနီး နဲ့ အမှတ် ၃၂ ရဲတပ်ရင်း အပါဝင် နေရာ ၅ နေရာမှာ စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော်တို့ဟာ နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတယ်လို့ ကျောက်ဖြူစစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော်တို့ဟာ အရင်တုန်းက အမှတ် ၃၂ ရဲတပ်ရင်း အနီး နဲ့ ရေတပ်ဌာနချုပ်နဲ့ ၂ မိုင်လောက်သာဝေးတဲ့ ကပ်သပြေကျေးရွာ အနီးမှာ ရှိတဲ့ စစ်ကောင်စီရဲ့ ကာကင်းစခန်းရှိတဲ့ နေရာ ၅ နေရာမှာ ဒီရက်ပိုင်းနှစ်ဖက်တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွါးနေတာဖြစ်တယ်လို့ ကျောက်ဖြူမြို့က အမည်အဖော်လိုတဲ့ စစ်ရေးသတင်းရင်းမြစ် တစ်ခု ကပြောပါတယ်။
“တိုက်ပွဲတွေက အရင်တုန်းကတော့ အမှတ် ၃၂ တပ်ရင်းအနီးမှာ ဆက်တိုက်ဖြစ်နေတာတွေ ရှိတယ်။အခုတော့ ဓည၀တီရေတပ်ဌာနချုပ် နဲ့ ၂ မိုင်းလောက်ဝေးတဲ့ ကပ်သပြေကျေးရွာအနီးမှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်။တိုက်ပွဲဖြစ်နေတာကတော့ နေရာ ၅ နေရာမှာ ဖြစ်နေတာ။စစ်ကောင်စီရဲ့ ကာကင်းစခန်းတွေကို တိုက်ခိုက်နေတာ ဖြစ်တယ်။တိုက်ပွဲကတော့ တော်တော် ပြင်းပြင်းထန်ထန်ကို ဖြစ်နေတာ စစ်ကောင်စီကလည်း လက်နက်ကြီး၊ဒရုန်းတွေ နဲ့ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေတယ် “လို့ သူကပြောပါတယ်။
လက်ရှိတိုက်ပွဲ ဖြစ်နေတဲ့ နေရာ ၅ ခုကတော့ ဓည၀တီရေတပ်ဌာနချုပ် နဲ့ ၂ မိုင်းလောက်ဝေးတဲ့ ကပ်သပြေကျေးရွာအနီးအပါအဝင် စစ်ကောင်စီရဲ့ အမှတ် ၃၂ ရဲတပ်ရင်းအနီး၊ တရုတ်အစိုးရပိုင် Power China သဘာဝ ဓာတ်ငွေ့ ဓာတ်အားပေးစက်ရုံအနီး၊ ကုန်းတွင်းသဘာ၀ဓာတ်ငွေ့ လက်ခံသိုလှောင် ပို့ဆောင်ရုံ (OGT) အနီး နဲ့ မလကျွန်း ကျေးရွာတဝိုက် က ကာကင်းစခန်းတွေကို အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်လာနေတာ ဖြစ်ပြီးတော့ လက်ရှိမှာ ဓည၀တီရေတပ်ဌာနချုပ် အနီးက စစ်ကောင်စီ ရဲ့ ကာကင်းစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဟာ တစ်ပတ်လောက်အထိ ရှိလာနေပြီးဖြစ်တယ်လို့ သူကဆက် လက်ပြောဆိုပါတယ်။
အဲဒီလို နေရာအနှံ့မှာ တိုက်ပွဲတွေ ဖြစ်လာတာ နဲ့အတူ စစ်ကောင်စီတပ်တွေဘက်ကလည်း အကျအရှုံးများစွာနဲ့ ရင်ဆိုင်နေရသလို တပ်သားတချို့ဟာလည်း လက်နက်ချ အလင်းဝင်တာ၊ထွက်ပြေးတာ တွေလည်း ဆက်တိုက်ရှိနေတယ်လို့ လည်း ပြောပါတယ်။
တဖက်မှာလည်း စစ်ကောင်စီဟာ လေယာဉ်ပစ်ကူပေးတာတွေကို ရာသီဥတုအခြေအနေတွေကြောင့် ပစ်ကူပေးတာတွေကိုမလုပ်နိုင်တဲ့ အတွက် လက်ရှိ အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ကာကင်းစခန်းတွေမကျရှုံးစေရေးအတွက်ကိုတော့ အဆင့်မြင့်နည်းပညာတွေ နဲ့ အသုံးပြုထားတဲ့ ဒရုန်းတွေကို အမြောက်အများ အသုံးပြုပြီးတော့ ခုခံတိုက်ခိုက်တာတွေကို လုပ်ဆောင်နေရတယ်လို့လည်းဆိုပါတယ်။
“စစ်ကောင်က အခုလေကြောင်းက လေယာဉ် နဲ့ ပစ်ကူပေးတာတွေကို မလုပ်နိုင်ဘူး ဘာဖြစ်လို့လည်းဆိုတော့ ရာသီဥတုက လေယာဉ် နဲ့ ဗုံးကြဲလို့ မရတဲ့ အခြေအနေ ဖြစ်နေတာကြောင့်။ဒါပေမယ့် ဒရုန်းတွေကတော့ နည်းပညာမြင့်ဒရုန်းတွေ နဲ့ တိုက်ခိုက်နေတာတွေ ရှိတယ်။ဒီဒရုန်းတွေကို မောင်းဖို့အတွက်ကိုလည်း တရုတ်ဘက်က ကူညီပေးထားတာတွေရှိတယ်လို့သိရတယ်။ဒါပေမယ့် မိုးအရမ်းများရင်တော့ ဒီဒရုန်းတွေကလည်း သိပ်အဆင်မပြေဘူးလို့ သိရတယ်”လို့ သူကဆိုပါတယ်။
အဲဒီလို စစ်ကောင်စီဘက်က လေယာဉ် နဲ့ ဗုံးကြဲတိုက်ခိုက်တာကို မလုပ်ဆောင်နိုင်ခင်မှာ အာရက္ခတပ်တော်အနေ နဲ့ ကပ်သပြေကျေးရွာ အနီးမှာ ရှိတဲ့ ကာကင်းစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ရင် နောက်ထပ်ကာကင်းစခန်းတွေ အပါအဝင် ရေတပ်ဌာနချုပ်ကိုလည်း မကြာခင်မှ အပြီးသတ် သိမ်းပိုက်နိုင်မှာ ဖြစ်တယ်လို့လည်း သူက သုံးသပ်ပြောဆိုထားပါသေးတယ်။
လက်ရှိမှာတော့ အာရက္ခတပ်တော်ဟာ ကျောက်ဖြူမြို့နယ်အတွင်းမှာ ရှိတဲ့ စစ်ကောင်စီရဲ့ ပြားတဲ၊ မင်းတက်တောင်၊ စက်မှုလက်မှုသင်တန်းကျောင်းတပ်စခန်းတွေကို အပြီးသတ်သိမ်းပိုက်ထားနိုင်ပြီး ဖြစ်သလို စစ်ကောင်စီရဲ့ အရာရှိတချို့ နဲ့ စစ်သုံးများစွာကိုလည်း ဖမ်းဆီး ရမိထားတယ်လို့ သိရပါတယ်။





Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me.