လပေါင်းများစွာ ဖုန်းလိုင်း၊အင်တာနက်လိုင် ဖြတ်တောက်ခံထားရတဲ့ ရခိုင်က မြို့နယ်တချို့မှာ ဒေသခံပြည်သူတွေ အင်တာနက်အသုံးပြုခွင့်ရဖို့ အတွက် အာရက္ခတပ်တော် ရဲ့ ပြည်သူ့ဝန်ဆောင်မှုဌာနက အခကြေးငွေ သတ်မှတ်ပြီးတော့ အင်တာနက်အသုံးပြုခွင့်ကို စတင်ပေးဆောင်လိုက်ပြီဖြစ်တယ်လို့ အင်တာနက်အသုံးပြုခွင့်ဖွင့်ပေးလိုက်တဲ့ မြို့နယ် အတွင်းက ဒေသခံတွေက ပြောပါတယ်။
အဲဒီလို ပြည်သူတွေ အနေ နဲ့ အခကြေးငွေ ပေးပြီးတော့ အင်တာနက်အသုံးပြုခွင့်ကို အာရက္ခတပ်တော် ရဲ့ ပြည်သူ့ဝန်ဆောင်မှုဌာနက ဒီနေ့ ဇူလိုင်လ ၁၇ ရက်နေ့မှာ စတင်ပေးဆောင်လိုက်တာ ဖြစ်ပြီးတော့ လူဦးအနေ နဲ့ တစ်နာရီကို ကျပ်ငွေ ၂၀၀၀ နူန်း နဲ့ သတ်မှတ်ကာ ပြည်သူတိုင်းကို စတင်အသုံးပြုခွင့်ပေးလိုက်တာဖြစ်တယ်လို့ အင်တာနက်အသုံးပြုခွင့် ပေးထားတဲ့ မြို့နယ်ထဲက ဒေသခံတစ်ဦးက CNA ကို အခုလို ပြောပါတယ်။
“လူတိုင်းကို အသုံးပြုခွင့်ပေးတာဖြစ်တယ် တစ်နာရီကို ၂၀၀၀ နူန်း နဲ့ အင်တာနက်သုံးမယ်ဆိုရင်တော့ ပြည်သူ့ဝန်ဆောင်မှုဌာနမှာ အင်တာနက် အသုံးပြုမယ့်သူ နာမည်ကို ပေးရတယ်။ သူတို့ဆီက နေပြီးပြီးတော့ အင်တာနက် အသုံးပြုခွင့် ကဒ်ကို ထုတ်ပေးတယ်။အသုံးပြုဖို့လာတဲ့ အခါမှာ အဲဒီကဒ် နဲ့ လာပြီးတော့ အလှည့်ကျ အနေ နဲ့ အသုံးပြုရတယ်။အင်တာနက် အသုံးပြုတဲ့ နေရာမှာတော့ ကန့်သတ်တာ စစ်ဆေးတာတွေတော့မရှိဘူး”လို့ သူကပြောပါတယ်။
ဒီဝန်ဆောင်မှုကို အာရက္ခတပ်တော် ရဲ့ ပြည်သူ့ဝန်ဆောင်မှုဌာက ရခိုင်မြောက်ပိုင်းက မြို့နယ် ၄ ခုမှာ စတင်လုပ်ဆောင်ထားနိုင်သေးတာလည်း ဖြစ်တယ်လို့ အင်တာနက် အသုံးပြုခွင့် ရတဲ့မြို့နယ်တွေထဲက ဒေသခံတွေကပြောပါတယ်။
အခုလို လပေါင်းများစွာ အင်တာနက်၊ဖုန်းလိုင်း ဖြတ်တောက်ခံထားရတဲ့ ရခိုင်ဒေသမှာ အာရက္ခတပ်တော် အနေ နဲ့ ဒီလို ပြည်သူတွေကို အင်တာနက် အသုံးပြုခွင့်ရအောင် လုပ်ဆောင်ပေးလိုက်တာဟာ ရက်ပေါင်း လပေါင်းများစွာ အစစအရာ ကြားသိပိုင်ခွင့်မရတဲ့ ရခိုင်ဒေသခံတွေအတွက် သတင်းသိပိုင်ခွင့် အပြင် တခြားစီးပွါးရေး၊လူမှုရေး နဲ့ ပညာရေးဆိုင်ရာ လုပ်ငန်းတွေကို ပြန်လည်သိရှိဖို့အတွက် ကြီးမားတဲ့ အခွင့်အလမ်းတစ်ခုကို အာရက္ခတပ်တော်က ဖွင့်ပေးလိုက်တာဖြစ်တယ်လို့လည်း ဒေသခံတွေ ဆိုကြပါတယ်။
ဒါ့အပြင် ဒီဝန်ဆောင်မှုတွေကို ရခိုင်တောင်ပိုင်းဒေသတွေ ဖြစ်တဲ့ သံတွဲ ၊ တောင်ကုတ်၊ဂွ နဲ့ ရမ်းဗြဲမြို့နယ်တွေမှာလည်း အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့ လိုအပ်နေတယ်လို့ တောင်ကုတ်မြို့ဒေသခံ တစ်ဦးက တောင်းဆိုပါတယ်။
“ဒီလို အာရက္ခတပ်တော်က လုပ်ဆောင်ပေးတယ်ဆိုတာကို သိရတော့ အရမ်းပဲဝမ်းသာမိတယ်။ကျနော်တို့ တောင်ကုတ်၊သံတွဲ၊ဂွ နဲ့ ရမ်းဗြဲမြို့တွေမှာ အခုလို လုပ်ပေးဖို့ကို တောင်းဆိုချင်တယ်။အခုက ကျနော်တို့မှာ ငွေသွင်းငွေထုတ်လုပ်ဖို့တောင် တော်တော်ခက်ခဲနေတယ်။ဒီမှာက လူတိုင်းအင်တာနက် သုံးခွင့်မရဘူး။တချို့ကတော့ အာရက္ခတပ်တော် ရဲ့ မြို့တာဝန်ရှိတဲ့ သူတွေ ရဲ့ ခွင့်ပြုချက် နဲ့ အခမဲ့ အသုံးပြုခွင့် ရတဲ့သူတချို့ရှိတယ်။ငွေလွဲ၊ငွေထုတ်လုပ်ငန်း နဲ့ တခြားစီးပွါးရေးလုပ်ငန်းတွေ အတွက်တော့ ငွေပေးရင် သုံးလို့ရတာတွေ ရှိတယ်။ဒါပေမယ့် အဲဒါကလည်း စေ◌ျးကြီးတော့ တော်တော် နဲ့ မသုံးနိုင်ကြဘူး။ အဲဒါကြောင့် ဒီဝန်ဆောင်မှုကို ဒီမှာလည်း လုပ်ပေးစေချင်တယ်”လို့ သူကတောင်းဆိုပါတယ်။
လက်ရှိ အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ထားပြီးဖြစ်တဲ့ တောင်ကုတ်၊သံတွဲ၊ဂွ နဲ့ ရမ်းဗြဲမြို့တွေမှာ အာရက္ခတပ်တော်က ပရဟိတလုပ်ငန်းလုပ်ကိုင်သူတွေကို အင်တာ နက်အသုံးပြုခွင့်ကို အခမဲ့ လုပ်ဆောင်ပေးထားပေမယ့် စီးပွါးရေး လုပ်ငန်း ရှင်တွေ နဲ့ တခြားဒေသခံတွေ အင်တာနက်အသုံးပြုခွင့်လာတောင်းရင် တစ်နာရီကို ၅၀၀၀ ကနေ ၂၅၀၀၀ ခွဲထိ အင်တာနက် အသုံးပြုခွင့် ပေးနေရတာတွေ ရှိတဲ့ အတွက် ဒေသခံ အများစုဟာ အင်တာနက် အသုံးပြုခ စေ◌ျးအဆမတန် များတဲ့ အတွက် အသုံးပြုနိုင်ပဲ ဖြစ်နေကြတယ်လို့ ဆိုကြပါတယ်။
လက်ရှိ အာရက္ခတပ်တော် ရဲ့ ပြည်သူ့ဝန်ဆောင်မှုဌာနက ဒေသခံတွေ အင်တာနက် အသုံးပြုခွင့် ရနိုင်ဖို့ အတွက်ကို Starlink တွေ နဲ့ ဖွင့်ပြီးတော့ ပေးဆောင်ထားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။




