Home လေကြောင်းတိုက်ခိုက်မှု လေကြောင်းတိုက်ခိုက်မှု ငဖဲမြို့အတွင်းက အရပ်သားနေထိုင်ရော ကျေးရွာကို စစ်ကောင်စီက ဒရုန်းနဲ့ တိုက်ခိုက်တာတွေလုပ်နေ

ငဖဲမြို့အတွင်းက အရပ်သားနေထိုင်ရော ကျေးရွာကို စစ်ကောင်စီက ဒရုန်းနဲ့ တိုက်ခိုက်တာတွေလုပ်နေ

121
0

မကွေးတိုင်း၊ ငဖဲမြို့နယ် အတွင်းမှာရှိတဲ့ အရပ်သားပြည်သူတွေနေထိုင်နေတဲ့ နောင်ကျေးရွာကို စစ်ကောင်စီက မနေ့က ဇူလိုင်လ ၁၈ ရက်နေ့မှာ ဒရုန်း နဲ့ ဗုံးကြဲတိုက်ခိုက်တာကို လုပ်ဆောင်ခဲ့တယ်လို့ ချင်းကာ ကွယ်ရေးတပ် – CDF – Asho က ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီကျေးရွာကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ကတော့ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း(ဗျူဟာကုန်း)ကတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာပကိုခံခဲ့ရတဲ့ နောင်ကျေးရွာ အသက် ၈ဝ ကျော်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရပြီးတော့ အမျိုးသမီးငယ်တစ်ဦးဟာလည်း ဒဏ်ရာ ရရှိသွားခဲ့ရတယ်လို့ ချင်းကာ ကွယ်ရေးတပ် – CDF – Asho ကထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ နေ့စဉ်ရက်ဆက် နိုင်ငံအနှံ့မှာ အပစ်မဲ့ အရပ်သားပြည်သူတွေကို သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်တာတွေ ရှိနေပြီးတော့ အဲဒီလို အပစ်မဲ့ အရပ်သားကို သတ်ဖြတ်ပြီးတော့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာတွေကိုလည်း ရှုတ်ချတယ်လို့ CDF – Asho က ဆိုထားပါသေးတယ်။

လက်ရှိ အရပ်သာပြည်သူတွေ နေထိုင်ရာကို ဒရုန်း နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာကို လုပ်ဆောင်နေတဲ့ နတ်ရေကန်ဗျူဟာကုန်းစခန်းဟာ ရခိုင်က အမ်း နဲ့ မကွေးတိုင်း က ငဖဲမြို့နယ်အစပ်မှာရှိပြီး စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းကြီးတစ်ခုလည်း ဖြစ်ပြီးတော့ အာရက္ခတပ်တော် နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စခန်းတစ်ခုလည်း ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here