သံတွဲမြို့က စစ်ကောင်စီ နဲ့ ပူးပေါင်းသွားတဲ့ သူဟာ မီဒီယာတွေ ဖော်ပြနေသလို ဗိုလ်ယက္ခမဟုတ်ဘဲ တရားခံပြေးအတာသာဖြစ်တယ်လို့ အာရက္ခတပ်တော် ပြောခွင့်ရ ဦးခိုင်သုခက ထုတ်ပြန်ပြောဆိုလာခဲ့ပါတယ်။
အဲဒီတရားခံပြေးဖြစ်တဲ့ အတာဟာ သံတွဲ တိုက်ပွဲကာလမှာ တိုက်နယ်မှူးတွေရဲ့နောက်လိုက် အေန နဲ့ မင်းချက်တာ၊ ရိက္ခာနည်းနည်းပါးပါး ပြောင်းပေးတာတွေကို လုပ်ဆောင်ပေးခဲ့သူဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ ဌာနဆိုင်ရာ အကြီးအကဲတွေ နဲ့ ရင်းနှီးမှုကို အခွင့်ကောင်းယူပြီးတော့ ဟိုတယ်ဇုန်တွေက ပစ္စည်းတွေကိုဖောက်ထွင်းခိုးယူတာတွေကို အုပ်စုဖွဲ့ကျူးလွန်ခဲ့သူဖြစ်တယ်လို့လည်း ဆိုပါတယ်။
အဲဒါကြောင့် ဖောက်ထွင်းခိုးယူမှုတွေကို လုပ်ဆောင်ခဲ့တဲ့ အတာ ကို သက် ဆိုင်ရာအုပ်ချုပ်ရေးဘက်က ပြီး ခဲ့တဲ့လထဲမှာ ဖမ်းဆီးထိန်းသိမ်းပြီးတော့ ထောက်ပို့စခန်းမှာ ထားကာ စစ်ဆေးတာတွေကို လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် ဖမ်းဆီးစစ်ဆေးခံနေရတဲ့ အတာဟာ ထောက်ပို့စခန်းအတွင်း ရေချိုးသွားရာကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့ရတယ်လို့ဆိုထားပါတယ်။
အဲဒါကြောင့် သူဟာ မီဒီယာတချို့ ရေးသားနေသလို ဗိုယက္ခမဟုတ်ဘဲဖောက် ထွင်းခိုးယူမှုနဲ့ စစ်ဆေးခံနေရတဲ့ တရားခံပြေးတစ်ဦးသာဖြစ်တယ်လို့ ဦးခိုင်သုခက ပြောဆိုထားပါတယ်။