Home လူ့အခွင့်အရေး အာရက္ခတပ်တော်က မွတ်ဆလင်တွေကို သတ်ဖြတ်ကာ ရာဇဝတ်မှုကျူးလွန်နေတယ်လို့ Fortify Rights အဖွဲ့ စွပ်စွဲပြောဆို

အာရက္ခတပ်တော်က မွတ်ဆလင်တွေကို သတ်ဖြတ်ကာ ရာဇဝတ်မှုကျူးလွန်နေတယ်လို့ Fortify Rights အဖွဲ့ စွပ်စွဲပြောဆို

119
0

အာရက္ခတပ်တော်ဟာ ရခိုင်မှာ ရှိနေတဲ့ မွတ်ဆလင်တွေကို သတ်ဖြတ်ပြီးတော့ ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ Fortify Rights က အစီခံစာထုတ်ပြန်ပြီးတော့ စွပ်စွဲပြောဆိုလိုက်ပါတယ်။

အဲဒီစွပ်စွဲထုတ်ပြန်ချက်ကို Fortify Rights အဖွဲ့က ဒီနေ့ ဇူလိုင်လ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုလာခဲ့တာ ဖြစ်ပြီးတော့ အာရက္ခတပ်တော်ဟာ မွတ်စလင်တွေကို ကျေးရွာတွေ၊ယာယီထိန်းသိမ်းရေး စခန်းတွေဆီကနေပြီးတော့ ပြန်ပေးဆွဲတာ၊ ညှဉ်းပန်းနှိက်စက်တာ ၊ သတ်ဖြတ်တာတွေကို လုပ်ဆောင်နေတာဖြစ်တယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။

ဒီလို မွတ်ဆလင်တွေ အပေါ်မှာ ရာဇဝတ်မှုကျူးလွန်တာတွေကို Fortify Rights အနေ နဲ့ အချက်အလက်တွေ ရရှိနိုင်ဖို့အတွက်ကို အာရက္ခတပ်တော် ဆီက လွတ်မြောက်လာတဲ့သူ တွေ နဲ့ မျက်မြင်သက်သေတွေ ဖြစ်တဲ့ မွတ်ဆလင် ၃၉ ဦးကို မေးမြန်းထားတာဖြစ်ပြီးတော့ အဲဒီမေးမြန်းထားတဲ့ သူ ၃၉ ဦးထဲမှာ အမျိုးသမီး ၈ ဦးလည်း ပါဝင်တယ်လို့ဆိုထားပါတယ်။

မွတ်ဆလင်တွေကို အာရက္ခတပ်တော်က ရာဇဝတ်မှုကျူးလွန်နေတယ် ဆိုတာကိုလည်း မွတ်ဆလင်တွေ ရဲ့ ပြောဆိုချက်တွေ၊ရာဇဝတ်မှုကျူးလွန်တဲ့ ဓါတ်ပုံတွေ၊၊ ဗီဒီယိုမှတ်တမ်း အထောက်အထားတွေကို ခွဲခြမ်းစိတ်ဖြာပြီးတော့ Fortify Rights အနေ နဲ့ ပြောဆိုထားတာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

အဲဒါကြောင့် နိုင်ငံတကာရာဇဝတ်ခုံရုံး ICC အနေ နဲ့ မွတ်ဆလင်တွေအပေါ်မှာ အာရက္ခတပ်တော်ရဲ့ တပ်ဖွဲ့ဝင်တွေဟာ စစ်ဥပဒေကို ပြောင်ပြောင်တင်း တင်းချိုးဖောက်နေတဲ့ အတွက် စုံစမ်းစစ်ဆေးတာ လုပ်ပေးဖို့ကိုလည်း Fortify Rights အနေ နဲ့တောင်းဆိုထားပါတယ်။

Fortify Rights အနေ နဲ့ ဒီကိစ္စ နဲ့ ပတ်သက်ပြီးတော့ အာရက္ခတပ်တော် နဲ့ တွေ ဆုံးဆွေးနွေးဖို့ အတွက် အာရက္ခတပ်တော် ဆီကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့က တောင်းဆိုစာတစ်စောင်ပေးပို့ခဲ့တာရှိခဲ့ပြီးတော့ အာရက္ခတပ်တော်ကလည်း ဒီ Fortify Rights တောင်းဆိုချက်နဲ့ ပတ်သက်ပြီး ဖြစ်စဉ် အသေးစိတ် အချက်အလက်တွေကို တောင်းခံခဲ့တာ ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် Fortify Rights အနေ နဲ့ အာရက္ခတပ်တော်က တောင်းဆိုခဲ့တဲ့ အသေးစိတ်အချက်အလက်တွေကို ဇူလိုင်လ ၁၈ ရက်နေ့မှာတော့ သုံးမျက်နှာပါ စာတမ်းတစ်စောင်ကို ပေးပို့ခဲ့တာကို လုပ်ဆောင်ခဲ့ပြီးတော့ အဲဒီ Fortify Rights က ပေးပို့ခဲ့တဲ့စာတန်းကို အာရက္ခတပ်တော်က “ဤမမှန်မကန် လုပ်ကြံဖန်တီးထားသော စွပ်စွဲချက်များနှင့် အသရေဖျက်မှုများကို ပြတ်ပြတ်သားသား ပယ်ချကြောင်း” တုန့်ပြန်ထားခဲ့တယ်လို့ Fortify Rights ကဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here