ကျောက်ဖြူကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်တာကို ထပ်မံ လုပ်ဆောင်ခဲ့တဲ့ အတွက် အမျိုးသားတစ်ဦး အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီတိုက်ခိုက်မှုကို စစ်ကောင်စီက ဇူလိုင်လ ၂၂ ရက်နေ့ ညနေမှာ ကျောက်ဖြူ မြို့နယ်အတွင်းက ကုလဘာကျေးရွာကို စစ်ကောင်စီက ဗုံး ၅ လုံးကြဲချတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
ဒဏ်ရာ ရရှိသွားတဲ့သူကတော့ ကုလဘာကျေးရွာ အနီးလယ်ကွင်းမှာ ရှိနေတဲ့ အသက် ၅၅ နှစ်အရွယ် ဦးမောင်သန်းရွှေ ဖြစ်ပြီးတော့ ဘယ်ဘက်ရင်ဘတ် နဲ့ ဘက်တွေမှာ ဗုံးစထိမှန်ဒဏ်ရာ ရခဲ့တာလည်းဖြစ်ပါတယ်။
လက်ရှိ စစ်ကောင်စီ တပ်တွေ နဲ့ အာရက္ခတပ်တော်တို့ဟာ ကျောက်ဖြူမြို့နယ် အတွင်းက နေရာ ၅ နေရာထက်မနည်းမှာ နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွါးနေတာရှိနေပါတယ်။
အဲဒီလိုတိုက်ပွဲအပြင်းအထန်ဖြစ်နေတာ နဲ့အတူ စစ်ကောင်စီ တပ်တွေဟာမြေပြင်အင်အား အလုံး အရင်းနဲ့ နဲ့ ခုခံတိုက်ခိုက်တာ၊ဒရုန်းတွေ၊လေကြောင်း တွေ နဲ့အတူ ဗုံးကြဲတိုက်ခိုက်တာတွေကို ဆက်တိုက် လုပ်ဆောင်နေတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။
အဲဒီလို အင်းအားအလုံးအရင် နဲ့ စစ်ကောင်စီက ခုခံတိုက်ခိုက်နေတာ နဲ့ အတူ စစ်ကောင်စီဟာ တစ်ဖက်မှာလည်း အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေလည်း ဆက်တိုက်လုပ်နေတာတွေ့နေရတယ်လို့ ဒေသခံ တွေကပြောပါတယ်။
အာရက္ခတပ်တော်ဟာ ကျောက်ဖြူတိုက်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်းမှာ စစ်ကောင်စီရဲ့ ပြားတဲ၊ မင်းတက်တောင်၊ စက်မှုလက်မှုသင်တန်းကျောင်းတပ်စခန်းတွေကို အပြီးသတ်သိမ်းပိုက်ထားနိုင်ပြီးလည်းဖြစ်ပါတယ်။