Home သတင်း စစ်ရေး စစ်တွေမှာ စစ်ကောင်စီက ဝါဘိုကျေးရွာ အပါဝင် ၆ နေရာထက်မနည်းကို လက်နက်ကြီးတွေ နဲ့ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေ

စစ်တွေမှာ စစ်ကောင်စီက ဝါဘိုကျေးရွာ အပါဝင် ၆ နေရာထက်မနည်းကို လက်နက်ကြီးတွေ နဲ့ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေ

63
0
ပုံ - စစ်ကောင်စိတပ်ဖွဲ့ဝင်များမြင်တွေ့ရမှု။ ပုံဟောင်း။

စစ်တွေမှာ ရှိနေတဲ့ စစ်ကောင်စီအမြောက်တပ်ရင်းက စစ်တွေမြို့ အနီးဝန်းကျင်မှာ ရှိနေတဲ့ ဝါဘိုကျေးရွာ အပါဝင် ကျေးရွာ ၆ ရွာထက်မနည်းကို လက်နက်ကြီးတွေ နဲ့ မနေ့ ညနေကတည်းကပင် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်တာတွေကို လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တွေမြို့ဒေသခံ တစ်ဦး ပြောတာက “ မနေ့ကတည်းကပင် ပစ်နေတာ ဝါဘိုကျေးရွာ ၊ ကံ့ကော်ကျွန်း၊ ကြက်ကိုင်းတံ၊ ရဲရိုးပြင်၊ အောင်မြေကုန်း ၊တောကံ အဲဒီရွာတွေကို ပစ်တာလို့သိရတယ်။ဒရုန်းတွေလည်း ပျံတာတွေ ရှိတယ်။တိုက်ပွဲ ဖြစ်တာတော့ မရှိဘူး။အာရက္ခတပ်တော်ကလည်း ပြန်မပစ်ဘူး ဒီအတိုင်း တစ်ဖက်သတ်သူတို့ဘက်က ပစ်နေတာ ဖြစ်တယ်”လို့ သူကပြောပါတယ်။

လက်ရှိ စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲမှုကြောင့် အဲဒီကျေးရွာတွေက နေအိမ်တွေ နဲ့ ဒေသခံတွေ ထိခိုက်မှု ရှိမရှိဆိုတာကိုတော့ ဒေသခံတွေ အနေ နဲ့ မသိရှိရသေးဘူးလို့လည်း ဆိုပါတယ်။

စစ်တွေဟာ ရခိုင်ပြည် ရဲ့ မြို့တော် ဖြစ်သလို အာရက္ခတပ်တော်က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ဖို့ ကျန်ရှိနေသေးတဲ့ မြို့နယ် တစ်ခုလည်း ဖြစ်ပြီးတော့ ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (ဒကစ)၊ ခလရ (၂၀)၊ ခလရ (၂၇၀)၊ ခလရ (၂၃၂)၊ ခမရ (၃၄၄)၊ ခမရ (၅၃၄)၊ အမှတ် (၁၂) နဲ့ အမှတ် (၃၆) ရဲတပ်ရင်း စတဲ့ တပ်ရင်းတပ်ဖွဲ့ ၁၀ ခုထက်မနည်းရှိမြို့ တစ်ခုလည်း ဖြစ်ပါတယ်။

စစ်ကောင်စီကလည်း စစ်တွေမြို့ မကျရှုံးစေရေးအတွက် စစ်ကောင်စီတပ်တွေ နဲ့ ALP တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီးတော့ စစ်အင်အား အများအပြားဖြည့်တင်းထားတာ၊စစ်လက်နက်ကြီးတွေ အခိုင်အမာတပ်ဆင်ထားတာတွေ အပြင် မြို့ပတ်ပတ်လည်ကို ခြံစည်းရိုးခတ်တာတွေကိုလည်း လုပ်ဆောင်ထားပြီးတော့ ဒေသခံပြည်သူတွေကိုလည်း လူသားဒိုင်းအနေ နဲ့ အသုံးပြုလို့ ရအောင် မြို့ပြင်ကို စစ်ရှောင်ထွက်ခွင့် မပေးဘဲ ပိတ်လှောင်ထားတဲ့ မြို့တစ်ခုလည်း ဖြစ်ပါတယ်။

အဲဒီလို စစ်ကောင်စီက အရပ်သားပြည်သူတွေကို တခြားနေရာတွေကို စစ်ဘေးရှောင်ထွက်ခွင့်မပေးဘဲ ပိတ်လှောင်ထားတာကြောင့် ဒေသခံပြည်သူတွေဟာ စားဝတ်နေရေးခက်ခဲတာတွေ နဲ့ရင်ဆိုင်နေကြရပြီးတော့ မိသားစုလိုက် ကိုယ့်ကိုကိုယ် သတ်သေတဲ့ ဖြစ်ရပ်တွေ နဲ့ ရင်ဆိုင်နေကြရတဲ့ မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။

သတင်း – လင်းလင်း။

LEAVE A REPLY

Please enter your comment!
Please enter your name here