ထိုင်း- ကမ္ဘောဒီးယား ပဋိပက္ခအတွင်းမှာ ကမ္ဘောဒီးယားနိုင်ငံ ရဲ့ ပစ်ခတ်မှုကြောင့် ထိုင်း စစ်သားတစ်ဦး အပါအဝင် သေဆုံးသူ ၁၂ ဦး အထိ ရှိလာပြီ လို့ ထိုင်းကျန်းမာရေးဝန်ကြီးကထုတ်ပြန်လာပါတယ်။
ထိုင်း- ကမ္ဘောဒီးယား ပဋိပက္ခဟာ ဒီမနက်ပိုင်းမှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကာ တိုက်ပွဲစတင်ခဲ့ပြီးတော့ ကမ္ဘောဒီးယားစစ်တပ်က ပစ်ခတ်လိုက်တဲ့ BM-21 ဒုံးကျည်တွေဟာ ထိုင်းနိုင်ငံ အတွင်းက ဆူရင်ခရိုင်၊အူဘွန် ရက်ချသနီခရိုင် နဲ့ ဆီဆာကတ်ခရိုင် အတွင်းမှာ ကျရောက်ပေါက်ကွဲမှုတွေ ဖြစ်ပွါးခဲ့တာ ဖြစ်ပါတယ်။
ဒီဒုံးကျည်တွေ ကျရောက်ပေါက်ကွဲတာကြောင့် ဆူရင်ခရိုင်ထဲမှာ အသက် ၈နှစ်အရွယ် ကလေးငယ် တစ်ဦးပါအဝင် သေဆုံးသူ အရပ်သား ၂ ဦး ၊ဆီဆာကတ်ခရိုင် ထဲမှာ ထိုင်းစစ်သားတစ်ဦး၊ အသက် ၁၅ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် သေဆုံးသူ ၉ ဦး နဲ့ အူဘွန်ရက်ချသနီခရိုင်မှာ အရပ်သား ၁ ဦး စုစုပေါင်း သေဆုံးသူ ၁၂ ဦး ထိရှိလာနေတာ ဖြစ်ပြီးတော့ ထိခိုက်ဒဏ်ရာ ရသူဟာလည်း ၃၅ ဦးထိရှိလာနေတာပါ။
ထိုင်းလေတပ်တော့ ကမ္ဘောဒီးယားနိုင်ငံ ရဲ့ စစ်စခန်း ၂ ခုကို F-16 လေယာဉ်တွေ နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့လည်း ကမ္ဘောဒီးယားဘက်က ပြောဆိုထားပါတယ်။
လက်ရှိမှာတော့ ထိုင်း နဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ ပဋိပက္ခတွေဟာ တင်းမာမှုတွေ ရှိလာနေတဲ့ အတွက် နှစ်နိုင်ငံ နယ်စပ်ဒေသတွေမှာ နေထိုင်နေကြတဲ့ ထိုင်းပြည်သူတွေကို ထိုင်းအစိုးရ နဲ့ ထိုင်းစစ်တပ်က ပြောင်း ရွှေ့ပေးတာတွေ လုပ်ဆောင်နေတယ်လို့ ထိုင်းသတင်းတွေ မှာ ဖော်ပြထားပါတယ်။