အာရက္ခတပ်တော် ထိန်းချုပ်မှုအောက်မှာ ရှိနေပြီးဖြစ်တဲ့ ဂွမြို့နယ် အတွင်းမှာ ဒေသခံတွေ အလုပ်အကိုင်ရှားပါးမှုတွေ ကြောင့် စားဝတ်နေရေး အခက်အခဲတွေ နဲ့ ရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဂွမြို့ ဒေသခံ တစ်ဦးက လက်ရှိသူတို့ ခက်ခဲနေမှု အခြေအနေ နဲ့ ပတ်သက်ပြီး ပြောပြတာက “အခုက အလုပ်အကိုင်တွေကလည်းမရှိ ကုန်စေ◌ျးနူန်းတွေကလည်းစေ◌ျးကြီးတော့ လူတိုင်းကခက်ခဲနေတယ်အခုက။အလုပ်အကိုင်လို့လည်း ဘာမှလည်း မရှိဘူး။ဝင်ငွေလည်း မရှိဘူး လူတိုင်းကတော့ တော်တော် ခက်ခဲနေတာဖြစ်တယ်။ဒီအခြေအနေမျိုးတွေ နဲ့ဘယ်လောက်ကြာကြာတောင် ဖြတ်ကျော်ကြရဦးမလဲ မသိဘူး”လို့ သူကပြောပါတယ်။
စစ်ကောင်စီဟာ ရခိုင်တကျော့ပြန်တိုက်ပွဲစတင်ချိန်ကတည်းကပင် ရခိုင်ကို ကုန်စည်တင်သွင်တာ၊သွားလာခွင့်တွေကန့်သတ်တာတွေ အပါအဝင် ရခိုင်က ပြည်သူတွေ အခက်အခဲမျိုးစုံ နဲ့ ကြုံတွေ့ နိုင်အောင် နည်းလမ်းမျိုးစုံ နဲ့ ပိတ်ဆို့ကန့်သတ်မှုတွေကို လုပ်ဆောင်ထားခဲ့ပါတယ်။
လက်ရှိမှာလည်း အဲဒီလို ကန့်သတ်တားမြစ်တာတွေ ဆက်တိုက် ရှိနေဆဲဖြစ်တာကြောင့် ဒေသခံပြည်သူတွေဟာ အလုပ်အကိုင် ရှားပါးတာ ၊ဝင်ငွေ မရှိတာ ၊ကုန်စေ◌ျးနူန်းတွေ အဆမတန်စေ◌ျးမြင့်တက်တာ တွေကြောင့် စားဝတ်နေရေး အခက်အခဲတွေ နဲ့ ရင်ဆိုင်နေကြရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
တဖက်မှာလည်း ဒေသခံတွေ အနေ နဲ့ ပင်လယ်ပြင်အတွင်းမှာ ငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်ဖို့ အတွက်က စစ်ကောင်စီတပ်တွေ ရဲ့ နေဗီတွေ ရှိနေသေးတာကြောင့် ဒေသခံတွေဟာ ငါးဖမ်းလုပ်ငန်းတွေကို လုပ်ကိုင်နိုင်ဖို့အတွက်က အခက်အခက်တွေ နဲ့ ရင်ဆိုင်နေကြရတယ်လို့ နောက်ထပ်ဒေသခံ တစ်ဦးက ပြောပါတယ်။
“ကျနော်တို့ ဂွမြို့က ရေလုပ်ငန်း၊စိုက်ပျိုးရေးလုပ်ငန်း၊ကုန်သယ်လုပ်ငန်း ပြီးတော့ ခရီးသွားလုပ်ငန်းကို အခြေပြုပြီး တော့ လုပ်ကိုင်စားသောက်တဲ့ သူတွေ ဖြစ်ကြတယ်။အခုက အဲဒါတွေထဲက ငါးဖမ်းလုပ်ငန်းတွေကိုတောင် ကျနော်တို့က သိပ်မလုပ်နိုင်ဘူး ပင်လယ်ပြင်မှာက စစ်တပ်နေဗီတွေက ရှိသေးတယ် ဘယ်သူမှ ငါးဖမ်းမထွက်ရဲဘူး။တခါတခါ ကမ်းနားကို ကပ်လာပြီးတော့ လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တာတွေတောင် ရှိသေးတယ်”လို့ သူကပြောပါတယ်။
တဖက်မှာလည်း နေရပ်ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ရရှိပြီးဖြစ်တဲ့ သူတွေ ခက်ခဲမှုတွေ ရှိနေသလို့ လက်ရှိအချိန်ထိ နေရပ်ပြန်ဝင်ခွင့်မရဘဲ စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်နေရတဲ့ ဒေသခံပြည်သူတွေအနေ နဲ့လည်း စားသောက်ရေး၊နေထိုင်ရေး၊ကျန်းမာရေး ပညာရေးအပါအဝင် အခက်အခဲများစွား နဲ့ ရင်ဆိုင်နေကြရဆဲ ဖြစ်တယ်လို့ စစ်ဘေးရှောင်အရေးကူညီပေးနေတဲ့ ဂွမြို့ အရပ်ဘက်အဖွဲ့အစည်းက လူငယ်တစ်ဦးက အခုလိုပြောပြပါတယ်။
“လက်ရှိကတော့ စစ်ရှောင်စခန်းတွေမှာ နေနေရတဲ့ သူတွေအများကြီးရှိနေသေးတယ်။အရေအတွက် အတိအကျကိုတော့ ပြောဖို့ခက်တယ်။တော်တော်တော့ ရှိသေးတယ် သူတို့တွေလည်း စားဝတ်နေရေး အခက်အခဲတွေ နဲ့ ရင်ဆိုင်နေရတယ်။အခုဟာက စစ်ရှောင်စခန်းတွေမှာ နေတဲ့ သူတွေရော ကိုယ့်အိမ်မှာ ကိုနေတဲ့ သူတွေရော အကုန်ခက်ခဲနေတာဖြစ်တယ် ဘယ်လို လုပ်ပေးပါလို့ ကျနော်တို့လည်း မပြောတတ်တော့ဘူး။ကျနော်တို့လည်း အလှူငွေ ရသလောက်ကိုတော့ ကူညီပေးနေကြတယ်”လို့ သူကဆိုပါတယ်။
အာရက္ခတပ်တော်ဟာ ဂွမြို့တစ်ခုလုံးကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ မှာ စစ်ကောင်စီလက်ထဲက နေပြီးတော့ အလုံးစုံအပြီးသတ်ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ အာရက္ခတပ်တော်ဟာ ဂွ နဲ့ ရခိုင်းရိုးမ တလျောက်မှာ ရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်တာတွေကိုလုပ်ဆောင်နေပြီးတော့ မကျီးဇင်အထိ သိမ်းပိုက်ရရှိထားပြီးဖြစ်သလို လက်ရှိမှာတော့ရေကြည်မြို့နယ်အတွင်းမှာ ရှိနေတဲ့ စစ်ကောင်စီတပ် အမတ ၃၄၄ ကို ဝန်းရံပိတ်ဆို့တာတွေကို လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။
သတင်း – မြတ်သူ။




