Home နိုင်ငံရေး နိုင်ငံရေးအကျဉ်းသားတွေ နှိပ်စက်သတ်ဖြတ်တဲ့ အကျဥ်းဦးစီးဌနက ဝန်ထမ်း ၁၀၀ ကျော်ကိုအရေးယူမယ်လို့ PPNM ပြင်းထန်စွာသတိပေး

နိုင်ငံရေးအကျဉ်းသားတွေ နှိပ်စက်သတ်ဖြတ်တဲ့ အကျဥ်းဦးစီးဌနက ဝန်ထမ်း ၁၀၀ ကျော်ကိုအရေးယူမယ်လို့ PPNM ပြင်းထန်စွာသတိပေး

92
0

အကျဉ်းထောင်အတွင်းမှာ ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပေါ်မှာ လူ့အခွင့်အရေးချိုးဖောက်တာ၊ဥပဒေမဲ့သတ်ဖြတ်တာ၊ညှင်းပမ်းနှိပ်စက်တာ၊ထောင်ပြောင်းရွှေ့တာ တစ်ခုခြင်းစီတိုင်းမှာ ပါဝင်ပတ်သတ်ခဲ့တဲ့ အကျဥ်းဦးစီးဌနက ဝန်ထမ်း ၁၃၃ ဦးကို နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူတွေအတွက် တရားမျှတမှု ရနိုင်ဖို့ အတွက် အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် – PPNM ပြင်းထန်စွာသတိပေးထုတ်ပြန်လာခဲ့ပါတယ်။

အဲဒီထုတ်ပြန်ချက်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် – PPNM က ဒီနေ့ ဇူလိုင်လ ၂၅ ရက်နေ့ ညနေမှာ နာမည်၊ရာထူး၊မှတ်ပုံတင် အမှတ်တွေ နဲ့ တကွ သတိပေးထုတ်ပြန်လာတာ ဖြစ်ပြီးတော့ အဲဒီအရေးယူဆောင်ရွက်ပေးဖို့ ပြင်းပြင်းထန်ထန် သတိပေးထုတ်ပြန်လာခဲ့တာလည်းဖြစ်ပါတယ်။

အဲဒီလို PPNM က သတိပေးထုတ်ပြန်လာတဲ့ အကျဥ်းဦးစီးဌနက ဝန်ထမ်းတွေစာရင်းထဲမှာ အကျဉ်းဦးစီးဌာနများတွင် ညွှန်ကြားရေးမှူးချုပ် ရာထူး နဲ့ တာဝန်ထမ်းဆောင်နေသူ ၂၁ ဦး၊ဒုတိယညွှန်ကြားရေးမှူးရာထူးနဲ့ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်း ၁၉ ဦး၊လက်ထောက်ညွှန်ကြားရေးမှူး ရာထူးနဲ့တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်း ၉၃ ဦးပါဝင်ပြီးတော့ လက်ရှိ ထုတ်ပြန်ထားတဲ့ စာရင်းအချက်အလက်တွေဟာ PPNM အနေ နဲ့ အမိန့်ပေးစေခိုင်းသူ၊ ကျူးလွန်သူ၊ပါဝင်ပတ်သက်သူ ဖြစ်ကြောင်းကို အတည်ပြု စစ်ဆေးထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလို PPNM အနေ နဲ့ သေချာစီစစ်ထားပြီးဖြစ်တဲ့ အတွက် တော်လှန်ရေး အင်အားစုတွေ အနေ နဲ့ လုံခြုံရေးတာဝန်ယူထားတဲ့ လမ်းပိုင်းတွေမှာ စစ်ဆေးဖမ်းဆီးအပြစ်‌ပေးတာတွေကို လုပ်ဆောင်ဖို့ အတွက်ကိုလည်း PPNM က တောင်ဆိုထားပါတယ်။

လက်ရှိ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် – PPNM ရဲ့ စာရင်းဟာ ပထမဦးစားပေး အရေးယူရမယ့် သူတွေရဲ့စာရင်းတွေ ဖြစ်ပြီးတော့ တခြားအဆင့်ဝန်ထမ်းတွေ ရဲ့ အချက်အလက်တွေကိုလည်ူ လျှို့ဝှက်ပြီးတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေဆီကို ပေးပို့သွားမှာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

အဲဒါကြောင့် အကျဥ်းဦးစီးဌနတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ဝန်ထမ်းတွေ အနေ နဲ့ ပြည့်သူ့ဘက်ကိုအမြန်ဆုံးကူးပြောင်းပြီးတော့ ထောင်တံခါးတွေကို အတူချိုးဖြတ်ကြပါလို့လည်း PPNM အနေ နဲ့ သတိပေးပြောဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here