
တောင်ကုတ်မြို့အတွင်းက ပြည်သူပိုင်နေအိမ်တွေက ပစ္စည်းတွေကို ဖောက် ထွင်းခိုးယူခဲ့တဲ့သူ ၂၉ ဦးကို တရားဥပဒေစိုးမိုးရေး နဲ့ ပြည်သူ့လုံခြုံရီးဌာန – DLEPS တပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ အုပ်ချုပ်ရေးအဖွဲ့ နဲ့ နီးစပ်သူတွေကပြောပါတယ်။
လက်ရှိဖမ်းဆီးရမိထားတဲ့ သူတွေထဲမှာ သူခိုး ၂၃ ဦး နဲ့ သူခိုးလက်ခံသူ ၆ ဦး စုစုပေါင်း၂၉ ဦးကို DlEPS တပ်ဖွဲ့က အခု ဇူလိုင်လ အတွင်းမှာ ခိုးရာပါ ပစ္စည်းတွေ နဲ့ အတူ ဖမ်းဆီး ရမိခဲ့တာလည်းဖြစ်ပါတယ်။
လက်ရှိ အဲဒီ သူခိုး နဲ့ သူခိုးလက်ခံသူတွေကို ရာဇသတ်ကြီးပုဒ်မ ၃၈၀ နဲ့ အရေး ယူဆောင် ရွက်တာတွေကို လုပ်ဆောင်ထားတယ်လို့ DLEPS တပ်ဖွဲ့ နဲ့ နီးစပ်တဲ့ အုပ်ချုပ်ရေးအဖွဲ့ ဝင် တစ်ဦးက ပြောပါတယ်။
“ဒီလထဲမှာ ဖမ်းမိတာပါ အခု ၂၉ ဦးက ခိုးရာပါ ပစ္စည်းတွေ နဲ့ အတူလက်ရ ဖမ်းမိတာ ။ဒေသခံတွေများပါတယ်။သူခိုးတွေကတော့ အခုလက်ရှိကတော့ သူတို့ကို ရာဇသတ်ကြီးပုဒ်မ ၃၈၀ နဲ့ အရေးယူဆောင်ရွက်တာတွေလုပ်ထားတယ်”လို့ သူကပြောပါတယ်။
တောင်ကုတ်မြို့သိမ်း တိုက်ပွဲအတွင်းမှာ ဒေသခံပြည်သူတွေဟာ မိမိတို့ရဲ့ အိုးအိမ်တွေကိုစွန့်ခွာကာ စစ်ပွဲ နဲ့ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးခဲ့ကြရပြီးတော့ အဲဒီလို ဒေသခံတွေ စစ်ပွဲ နဲ့ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးချိန်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေ နဲ့ မြို့တွင်းမှာ ကျန်ရှိနေခဲ့တဲ့ သူခိုးတွေဟာ ပြည်သူတွေရဲ့ နေအိမ်တွေကိုဖောက်ထွင်းကာ နေအိမ်တွင်းမှာ ရှိနေခဲ့တဲ့ ပစ္စည်းတွေကို များစွာဖောက်ထွင်းခိုးယူ ခဲ့ကြတာတွေ ရှိတယ်လို့ ဒေသခံတွေကို ပြောပါတယ်။
“ဒီအခု ဖမ်းမိတဲ့ သူခိုးတွေက သူခိုးငယ်အဆင့်လောက်ပဲ ရှိတယ်။ တချို့ နေအိမ်တွေမှာ တံခါးတွေ၊အိုခွက်တွေ၊အဝတ်အစားတွေ ဘာမှမကျန်ဘူးခိုးကြတာ၊ဘယ်သူတွေခိုးတာလဲ ဆိုတာကတော့ ပြောဖို့ခက်တယ်။မြို့ရဲ့ ၇၀ ရာခိုင်နူန်းလောက်အိမ်တွေ အကုန်နီးပါးလောက်က ဖောက်ထွင်းခိုးယူတာတွေကို ခံရတယ်။စစ်ကောင်စီတပ်တွေ ရှိတုန်းကလည်း ခိုးမှုတွေ များစွာရှိတယ်။အခုလို အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ပေးတော့ ကျနော်တို့ဝမ်းသာတယ်။ဒီထက်မက ဖော်ထုတ်အရေးယူမှုတွေကိုလည်း လုပ်ဖို့လုပ်အပ်သေးတယ်လို့မြင်တယ်”လို့တောင်ကုတ် ဒေသခံ တစ်ဦးကပြောပါတယ်။
အာရက္ခတပ်တော်ဟာ တောင်ကုတ်မြို့ကို ပြီး ခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ စစ်ကောင်စီလက်ထဲက နေပြီးတော့ အသတ်သိမ်းပိုက် ရရှိခဲ့တာဖြစ်ပြီးတော့ လက်ရှိ အာရက္ခတပ်တော် အနေ နဲ့ တောင်ကုတ်မြို့ကို စစ်ကောင်စီလက်ထဲက သိမ်းပိုက်ရရှိထားတာဟာ ၇ လကျော် ကြာမြင့်လာနေပြီလည်း ဖြစ်ပါတယ်။
အဲဒီ ၇လကျော်အတွင်းမှာ အာရက္ခတပ်တော်ဟာ ဒေသတွင်းမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ နဲ့ တရားဉပဒေစိုးမိုးရေးလုပ်ငန်းတွေကိုလည်း ဆက်တိုက်လုပ်ဆောင်တာတွေ ရှိနေပြီလို့လည်း သိရပါတယ်။
သတင်း – မြတ်သူ။




Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me?
**mitolyn reviews**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.