အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ရရှိထားပြီးဖြစ်တဲ့ ရခိုင်တောင်ပိုင်းက မြို့နယ်တွေမှာ စာသင်ကျောင်းတွေပြန်လည်ဖွင့်လှစ်နိုင်ဖို့ အတွက် ပြင်ဆင်နေတာတွေ ရှိနေတယ်လို့ ဒေသခံတွေ ကပြောပါတယ်။
စာသင်ကျောင်းတွေပြန်လည်ဖွင့်လှစ်သင်ကြားမယ့် ကိစ္စတွေကို အာရက္ခတပ်တော် ရဲ့ ပညာရေးဦးစီးဌာနက စီစဉ်ဆောင်ရွက်နေတာ ဖြစ်ပြီးတယ်လို့ သံတွဲဒေသခံ တစ်ဦးက ပြောပါတယ်။
“ကျောင်းဖွင့်လှစ်မယ့် ကိစ္စတွေကိုတော့ အာရက္ခတပ်တော် ရဲ့ ပညာရေးဌာနတွေကစီစဉ်နေတာ ဖြစ်တယ်။လောလောဆယ်တော့ ပြင်ဆင်နေတုန်းဖြစ်တာပေါ့နော်။ဖွင့်မယ့်ရက်တွေကိုတော့ သေသေချာချာ ပြောလို့ မရဘူး စစ်ကောင်စီရဲ့လေကြောင်းရန်ရှိနေတာကြောင့်”လို့ သူကပြောပါတယ်။
အဲဒီလို အာရက္ခတပ်တော် ရဲ့ ပညာရေးဦးစီးဌာနက စာသင်ကျောင်းတွေ ဖွင့်လှစ်သင်ကြားဖို့အတွက် လုပ်ဆောင်နေတာ ရှိနေပေမယ့် တစ်ဖက်မှာ ဒေသခံတွေဟာ ကလေးတွေအတွက် ကျောင်းသုံးစာအုပ်တွေ နဲ့ ပညာသင်ကြားရေးအတွက် အထွေထွေ ဝယ်ယူရမယ့် စရိတ်တွေ အတွက် အခက်အခဲတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
အဲဒါကြောင့် ပညာသင်ကြားနိုင်ဖို့ အတွက် ကျောင်းတွေဖွင့်လှစ်လာခဲ့ရင် ကျောင်းသုံးစာအုပ်တွေကိုလည်း ထောက်ပံ့ပေးတာတွေကို လုပ်ဆောင်ပေးစေချင်တယ်လို့ ဂွမြို့ဒေသခံ တစ်ဦးက တောင်းဆိုပါတယ်။
“ကျောင်းဖွင့်ဖို့ လုပ်နေတာတွေ့နေရတော့ အရမ်းဝမ်းသာမိတယ် ဘာဖြစ်လို့လည်းဆိုတော့ ကလေးတွေက စာမသင်ရတာတွေလည်းတော်တော်ကြာနေပြီ ။ဒါပေမယ့် တဖက်မှာလည်း လက်ရှိ အလုပ်အကိုင်မရှိကြတော့ စားဝတ်နေရေးတွေတောင်တော်တော်ခက်ခဲတဲ့ မိစားစုတွေ ရှိနေတယ်။ ကလေးတွေ ကျောင်းတက်ဖို့ အတွက် ဆိုရင်တော့ စာအုပ်စာတန်းတွေ ဝယ်ယူရမှာက ခက်ခဲမှုတွေရှိတယ်။ အဲဒါကြောင့် အခုကျောင်းဖွင့်ရင် စာအုပ်တွေ ထောက်ပံ့တာတွေကို လုပ်ဆောင်ပေးစေချင်တယ်”လို့ သူကတောင်းဆိုပါတယ်။
သံတွဲမြို့နယ် အတွင်းမှာတော့ ကလေးတွေအတွက် ကျောင်းသုံးစာအုပ်တွေ ထောက်ပံ့နိုင်ရေး အတွက် လူမှုကူညီရေး အဖွဲ့အစည်းတွေက လုပ်ဆောင်ပေးနေတာတွေရှိနေပြီးတော့ လက်ရှိဒေသခံတွေ တောင်းဆိုနေသလိုအာရက္ခတပ်တော် ရဲ့ ပညာရေး ဦးစီးဌာနက ကျောင်းသုံးစာအုပ် နဲ့ တခြားကျောင်းသားအသုံးအဆောင်တွေ ထောက်ပံ့ပေးမှု လုပ်ဆောင်ပေးဖို့ အတွက် ရှိမရှိဆိုတာကိုတော့ မသိရှိရသေးဘူးလို့ ပညာရေး အသိုင်းအဝိုင်း နဲ့ နီးစပ်သူ တွေက ပြောပါတယ်။





I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article.