Home သတင်း စစ်ကောင်စီ နဲ့ ပူးပေါင်းနေတဲ့ ALP အဖွဲ့က ရခိုင်ဒေသ သတင်းတွေကိုရေး သားနေတဲ့ Western News သတင်းဌာနကို မှတ်တမ်းတင်ထားတယ်လို့ခြိမ်းခြောက်

စစ်ကောင်စီ နဲ့ ပူးပေါင်းနေတဲ့ ALP အဖွဲ့က ရခိုင်ဒေသ သတင်းတွေကိုရေး သားနေတဲ့ Western News သတင်းဌာနကို မှတ်တမ်းတင်ထားတယ်လို့ခြိမ်းခြောက်

42
0

စစ်ကောင်စီတပ် နဲ့ ပူးပေါင်းနေတဲ့ စောမြရာဇာလင်းဦးဆောင်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က ရခိုင်ဒေသ က သတင်းတွေကို ဖော်ပြနေတဲ့ Western News သတင်းဌာနကို မဟုတ်မမှန်သတင်းတွေကို ရေးသားနေတယ်ဆိုတဲ့ စွပ်စွဲချက် နဲ့ ဒီလိုရေးသားကာ ရာဇဝတ်မှုကျူးလွန်နေတာတွေကို မှတ်တမ်းတင်ထားတယ်လို့ မနေ့က ဇူလိုင်လ ၂၈ ရက်နေ့မှာ သတင်းထုတ်ပြန် ခြိမ်းခြောက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့မှာ Western News သတင်းဌာနက ဖော်ပြခဲ့တဲ့ ALP က တပ်ဖွဲ့ဝင်တွေဟာ ကျောက်ဖြူကိုပို့ဆောင်ခံနေရတဲ့ အတွက် တပ်ဖွဲ့ဝင်အချို့ ထွက်ပြေးတိမ်းရှောင်နေကြတာရှိသလို ALP တပ်ဖွဲ့ဝင်တွေ ကျဆုံးမှု များပြားနေတယ်ဆိုတဲ့ သတင်းရေးသားမှု အပေါ်မှာ စောမြရာဇာလင်းဦးဆောင်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ – ALP က အခုလို ခြိမ်းခြောက်သတင်းထုတ်ပြန်လာခဲ့တာလည်း ဖြစ်ပါတယ်။

စောမြရာဇာလင်းဦးဆောင်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP အဖွဲ့ဟာ ငြိမ်းချမ်းတဲ့ နည်းလမ်း နဲ့ မြန်မာ နိုင်ငံရေးအပြောင်းအလဲကို အားသွန်ခွန်စိုက်ဆွေးနွေးနေတဲ့ EAO သာဖြစ်ပြီးတော့ ဘယ်အဖွဲ့အစည်းရဲ့ လက် အောက်မှာမှလည်း ရပ်နေတဲ့အဖွဲ့မဟုတ်ဘူးလို့ ALP က ငြင်းဆိုထားပါတယ်။

ဒါ့အပြင် Western News သတင်းဌာနက ဖော်ပြသလို ALP တပ်ဖွဲ့ဝင်တွေကို ကျောက်ဖြူတိုက်ပွဲအတွင်းကို စေလွတ်ဖို့အတွက်လည်း ဆန္ဒမရှိသလို နောက်နောင်တွေမှာလည်း စေလွတ်မှာမဟုတ်ဘူးလို့လည်း ဆိုထားပါတယ်။ ALP နဲ့ ပူးပေါင်းနေတဲ့ စစ်ကောင်စီတပ်တွေကလည်း ALP တပ်ဖွဲ့တွေဝင်တွေကို ကျောက်ဖြူတိုက်ပွဲကို ပူးပေါင်းတိုက်ခိုက်ဖို့ဆိုပြီးတော့ ခေါ်ယူတာတွေလည်း မရှိဘူးလို့ လည်းဆိုထားပါတယ်။

စစ်ကောင်စီ နဲ့ ALP ဟာ NCA လက်မှတ်ရေးထိုးထားသူအချင်းချင်းနားလည်မှု ရှိရှိ နဲ့ ဆက်ဆက်နေတာတွေသာ ရှိတဲ့ အဖွဲ့တွေ ဖြစ်ပြီးတော့ အဲဒီလို ဆက်ဆံနေမှုကို Western News သတင်းဌာန နဲ့ ရခိုင် Vloger တွေဟာ ALP ကို မလိုလားတဲ့အတွက် အကြံပက်စက်စွာ နဲ့ နိုင်ငံရေးလုပ်ကြံပြီးတော့ မဟုတ်မမှန် သတင်းတွေကို ရေးသားကာ သတင်းမှိုင်းတိုက်နေတာဖြစ်တယ်လို့လည်း ALP က ပြောဆိုထားပါတယ်။

Western News သတင်းဌာနအနေဟာလည်း ALP အပေါ်မှာ ဒီလိုမဟုတ်မမှန်လုပ်ကြံရေးသားတာတွေကို လုပ်ဆောင်နေတာတွေဟာ ကြိမ်ဖန်များစွာ ရှိနေပြီးတော့ ဒီလိုရေးသား တာတွေကို ရပ်တန့်ဖို့အတွက် ALP အနေ နဲ့ အကြိမ်ကြိမ်ပြောဆိုခဲ့ပေမယ့်လည်း ရပ်တန့်မှုမရှိဘဲ လိမ်ညာဝါဒဖြန့်တာတွေကို ဆက်လက်ကျူးလွန်နေဆဲ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

အဲဒါကြောင့် ALP အပေါ်မှာမတရားလုပ်ကြံရေးသားနေတဲ့သူတွေ နဲ့ ပါတီဥက္ကဌ စောမြရာဇာလင်းကို အိန္ဒြေပျက်စော်ကားတားတဲ့ လုပ်ရပ်တွေကို လုပ်ဆောင်နေတဲ့သူတွေကို ALP အနေ နဲ့ စောင့်ကြည့်တာတွေကို လုပ်ဆောင်နေသလို ရာဇဝတ်မှုကျူးလွန်နေတာတွေကိုလည်း မှတ်တမ်းတင်ထားတယ်လို့ စောမြရာဇာလင်းဦးဆောင်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က ခြိမ်းခြောက်ပြောဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here