စစ်ကောင်စီထိန်;ချုပ်မှုလက်အောက်မှာ ရှိနေဆဲ ဖြစ်နေတဲ့ မာန်အောင်မှာ ခိုးဆိုးလုယက်မှုတွေဆက် တိုက်ရှိနေတဲ့ အတွက် ဒေသခံတွေကြားစိုးရိမ်နေကြရတယ်လို့ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ မာန်အောင်မြို့တွင်းမှာ ဆိုင်းခန်း ၆ ခန်းထက်မနည်းကို ဖောက်ထွင်း ခိုးယူခံရတာတွေ ရှိခဲ့ပြီးတော့ လက်ရှိမှာလည်း နေအိမ်အတွင်းက ဆိုင်ကယ်တွေ၊စက်ဘီးတွေကို ဆက်တိုက်ခိုးခံရတာတွေ ရှိနေတယ်လို့ မာန်အောင်ဒေသခံတစ်ဦးက ပြောပါတယ်။
“အခုက မာန်အောင်မှာက ခိုးဆိုးလုယက်မှုတွေ ဆက်တိုက်ဖြစ်နေတယ်။ဆိုင်းခန်းတွေကလည်း ဆက်တိုက်ဖောက်ခံနေရတယ်။ပြီးတော့ စစ်ကောင်စီက သူခိုးတွေကို မဖမ်းဘဲ ဖောက်ထွင်းခိုးယူခံရတဲ့ သူတွေကို ဖမ်းဆီးစစ်ဆေးတာတွေကိုလုပ်တာတွေရှိနေတယ်။ဘယ်လိုတွေ ဖြစ်လို့ဖြစ်နေမှန်းကို မသိတာ အခုလည်း အဲဒီဆိုင်ခန်းတွေ ဖောက်ထွင်းခိုးယူတာကို ခံရတဲ့ ဒေသခံ ၆ ဦးကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေတယ်။အခုက သူခိုးကိုမဖမ်းဘဲ အိမ်ရှင်တွေကို ပြန်ပြီးဖမ်းဆီးစစ်ဆေး နေတာဖြစ် တယ်။ပြောင်းပြန်တွေ ဖြစ်နေတယ်”လို့ သူကပြောပါတယ်။
လက်ရှိဆိုင်းခန်းတွေ နဲ့ နေအိမ်အတွင်းမှာ ရှိနေတဲ့ ပစ္စည်းတွေကို ဖောက်ထွင်းခိုးယူနေသူ အများစုဟာ မာန်အောင်ဒေသခံတွေ မဟုတ်ဘဲ တခြားနေရာက ရောက်ရှိနေတဲ့သူတွေဖြစ်ကြတယ်လို့ ဆိုပါတယ်။
မာန်အောင်မြို့နယ် အတွင်းမှာ အရင်တုန်းကတည်းကပင် အခုလို ခိုးဆိုးလုယက်မှုတွေ မရှိဘဲတည်ငြိမ် အေးချမ်းစွာနေထိုင်နေတဲ့ မြို့နယ်တစ်ခု ဖြစ်ပြီးတော့ လက်ရှိအခုလို ခိုးဆိုး လုယှက်မှုတွေ ဆက်တိုက်ရှိ လာနေတဲ့အတွက် ဒေသခံတွေ အနေနဲ့လည်း စိုးရိမ်မှုတွေ များစွာရှိနေကြရတယ်လို့ မာန်အောင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။
“အခုက ဒေသခံတွေ အကုန်လုံးကကြောက်နေရ စိုးရိမ်နေရတယ်။အရူးတွေ သူခိုးတွေကလည်း သွားနေကြလာနေကြတယ်။ပြီးတော့ ဓားပြမှု တစ်ခုကလည်း ဖြစ်ထားတော့လူတွေကကြောက် နေကြရတယ်။ပစ္စည်းယူသွားတာက ပြသနာမရှိဘူး လူကိုပါ သတ်သွားရင် ပြသနာဆိုပြီးတော့ဒီအ တိုင်း ကြည့်နေရတဲ့ အနေအထားမှာရှိနေတယ် မြို့ကတော့ ဒီနောက်ပိုင်းတော်တော် ဆိုးဆိုးရွားရွား ဖြစ်လာနေတယ်”လို့ သူကပြောပါတယ်။
မာန်အောင်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့ကလည်း ကမုံတောင်တပ်စခန်းကထွက် ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ၂ ဦးကဓားပြတိုက်လူသတ်မှု တစ်ခုကို ကျူးလွန်ခဲ့တာတွေ ရှိခဲ့ပြီး လက်ရှိအချိန်ထိ ပြစ်မှုကျုးလွန်သူတွေကို ဖမ်းဆီးနိုင်ခြင်းမရှိသေးဘူးလို့ဒေသခံတွေကပြော ဆိုကြပါတယ်။
သတင်း – မြတ်သူ