Home လူ့အခွင့်အရေး မွတ်ဆလင်တွေကို အာရက္ခတပ်တော် က လူ့အခွင့်အရေးချိုးဖောက်နေတယ်လို HRW စွပ်စွဲပြောဆို

မွတ်ဆလင်တွေကို အာရက္ခတပ်တော် က လူ့အခွင့်အရေးချိုးဖောက်နေတယ်လို HRW စွပ်စွဲပြောဆို

123
0

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Fortify Rights အဖွဲ့က ရခိုင်ဒေသမှာ ရှိနေတဲ့ မွတ်ဆလင်တွေကို အာရက္ခတပ်တော်က မတရားဖမ်းဆီးပြီးတော့ သတ်ဖြတ်တာတွေ​ရှိနေတယ်လို့ စွပ်စွဲထုတ်ပြန်တာတွေ ရှိခဲ့သလို လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ HRW ကလည်း မွတ်ဆလင်တွေဟာ ရခိုင်ဒေသမှာ လူ့အခွင့်အရေးချိုးဖောက်ခံနေရတာတွေ ရှိနေတယ်လို့ မနေ့က ဇူလိုင်လ ၂၈ ရက်နေ့မှာ ထပ်မံစွပ်စွဲ ထုတ်ပြန်လာခဲ့ပါတယ်။

မွတ်ဆလင်တွေဟာ မြန်မာစစ်အုပ်စုရဲ့ လက်အောက်မှာလည်း ခွဲခြားဆက်ဆံတာတွေကို ခံခဲ့ရသလို လက်ရှိ ရခိုင်ဒေသမှာ ရှိနေတဲ့ နယ်မြေအများစုကို ပိုင်ဆိုင်ထားတဲ့ အာရက္ခတပ်တော်ဟာလည်း မွတ်ဆလင်တွေ အပေါ်မှာ ခွဲခြားဆက်ဆံမှုတွေ ရှိနေပြီးတော့ မွတ်ဆလင်တွေကို အာရက္ခတပ်တော်က အကန့်အသတ်နဲ့သာ သွားလာခွင့်ပြုတာ၊ မတရားဖမ်းဆီးတာ၊ လုယက်တာ ဥပဒေမဲ့ အဓမ္မစေခိုင်းတာ နဲ့ နှိပ်စက်ညှဉ်းပန်းတာတွေကို ခံနေကြရတာ ဖြစ်တယ်လို့ HRW က စွပ်စွဲထားတာပါ။

“အာရက္ခတပ်တော်ဟာ ရခိုင်ပြည်မှာ မွတ်ဆလင်တွေအပေါ် ဖိနှိပ်တဲ့ မူဝါဒတွေအတိုင်း အကောင်အထည်ဖော်နေပါတယ်။ အာရက္ခတပ်တော် အနေနဲ့ ခွဲခြားဆက်ဆံမှုတွေနဲ့ အလွဲသုံးစားလုပ်မှုတွေကို အဆုံးသတ်ပြီး နိုင်ငံတကာဥပဒေကို လိုက်နာသင့်တယ်”လို့ Human Rights Watch မှ အာရှဒါရိုက်တာ အယ်လိန်း ပီယာဆင် က ဆိုပါတယ်။

အာရက္ခတပ်တော် အနေ နဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းက စစ်ကောင်စီလက်ထဲကနေပြီးတော့ သိမ်းပိုက်ရရှိထားတဲ့ နယ်မြေတွေမှာ သာတူညီမျှ၊ မျှတတဲ့ အုပ်ချုပ်ရေးစနစ်ကို အကောင်အထည်ဖော်ဆောင်မယ်လို့ ကတိပြုထားခဲ့ပေမယ့် လက်ရှိမှာတော့ အာရက္ခတပ်တော်ဟာ သူတို့ရဲ့ နိုင်ငံရေးမူဝါဒအောက်မှာ မွတ်ဆလင်တွေကို ကြမ်းတမ်းတဲ့ ခွဲခြားဆက်ဆံတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချမှတ်ပြီးတော့ ကျင့်သုံးနေတာဖြစ်တယ်လို့လည်း စွပ်စွဲပြောဆိုထားပါတယ်။

အဲဒါကြောင့် မွတ်ဆလင်တွေကို ကူညီပေးနေတဲ့ အလှူရှင်တွေ ဒါမှမဟုတ် ဩဇာရှိတဲ့ နိုင်ငံတကာအစိုးရတွေ အနေ နဲ့ မွတ်ဆလင်တွေကို ကာကွယ်ပေးဖို့လိုအပ်နေပြီးတော့ အာရက္ခတပ်တော် အနေ နဲ့လည်း ရခိုင်ဒေသမှာ ရှိတဲ့ လူမှုအသိုက်အဝန်းအားလုံးကို တန်းတူအခွင့်အရေးပေးဖို့ နဲ့ လေ့စာလိုက်နာဖို့အတွက်ကို ဖိအားပေးပြောဆိုဖို့လိုအပ်နေတယ်လို့ HRW က တောင်းဆိုထားပါသေးတယ်။

လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို စုံစမ်းဖော်ထုတ်နေတဲ့ Fortify Rights အဖွဲ့ကလည်း အာရက္ခတပ်တော် ရဲ့ မတရားဖိနှိပ်မှုတွေကြောင့် ထောင်နဲ့ချီတဲ့ မူဆလင်တွေဟာ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာကြရပြီးတော့ ရဲ့ ညှဉ်းပန်းမှုတွေကို ခံခဲ့ရတယ်လို့ ပြောဆိုထားတာရှိပြီးတော့ ဒီလို စစ်ဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေမှုတွေကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC အနေ နဲ့ စုံစမ်းစစ်ဆေးသင့်တယ်လို့ တောင်းဆိုထားပါသေးတယ်။

အာရက္ခတပ်တော်ကတော့ Fortify Rights အဖွဲ့ရဲ့ စွပ်စွဲချက်တွေဟာ မမှန်မကန် လုပ်ကြံဖန်တီးပြီး စွပ်စွဲကာ အသရေဖျက်ထားတဲ့ အတွက်ကြောင့် ဒီကိစ္စကို လက်မခံကြောင်း ပြတ်ပြန်သားသားပယ်ချတယ်လို့ တုန့်ပြန်ပြောဆိုထားတယ်လို့လည်း Fortify Rights ကထုတ်ပြန်ပြောဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here