တော်လှန်တပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊စဉ့်ကူးမြို့အတွင်းက လက်ပန်လှရဲစခန်းကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အကျဥ်းသား ၂၂ ဦးသေဆုံးခဲ့ရပြီးတော့ ဒဏ်ရာရသူ ၃၀ ဝန်းကျင်ရှိတယ်လို့ မန္တလေး-PDF က သတင်းထုတ်ပြန်လာပါတယ်။



ဒီတိုက်ခိုက်မှုကို စစ်ကောင်စီက ကုန်ခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့ ညနေ ၄ နာရီ ၂၄ မိနစ်မှာ အချုပ်သားတွေကိုထိန်းသိမ်းထားတဲ့ လက်ပန်လှရဲစခန်းကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ ဒီအချုပ်ခန်းထားမှာ ရှိနေတဲ့ သူတွေဟာ ပြစ်ဒဏ်ကျ အကျဉ်းသားတွေ နဲ့ စစ်ဆေးနေဆဲဖြစ်တဲ့ သံသယတရားခံတွေ ဖြစ်ကြပြီးတော့ သေဆုံးသူ ၂၂ ဦးထဲမှာ အမျိုး သမီးတစ်ဦးပါဝင်တယ်လို့ ဆိုပါတယ်။
အဲဒီနေ့ တစ်ရက်တည်းမှာပဲ စစ်ကောင်စီဟာ စဥ့်ကူးမြို့နယ်ထဲက ရွှေပန်းတောကျေးရွာ နဲ့ ဇရပ်ကွင်းကျေးရွာကိုလည်း ဗုံးထပ်မံကြဲချတိုက်ခိုက်ခဲ့တဲ့ အတွက် ရွှေပန်းတောကျေးရွာက လင်မယား ၂ ဦး သေဆုံးတာလည်း ရှိခဲ့ရပါသေးတယ်။
စစ်ကောင်စီဟာ ဇူလိုင် ၂၉ ရက်တည်းမှာ စဥ့်ကူးမြို့အပါအဝင် တအာင်းတပ်ထိန်းချုပ်ထားတဲ့ မိုးကုတ်နဲ့ မိုင်းလုံမြို့ကိုလည်း လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ပြီး အရပ်သား ဆယ်နဲ့ချီ သေဆုံးတာတွေ ရှိခဲ့ပါတယ်။






Thanks for sharing. I read many of your blog posts, cool, your blog is very good. https://www.binance.com/en/register?ref=JHQQKNKN
**mitolyn reviews**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.