ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်ပြီးတော့ ကာလုံအစည်းအဝေးဆုံးဖြတ်ချက် နဲ့ စစ်ကောင်စီဥက္ကဌ ရာထူးကို ရယူခဲ့ရတဲ့ မင်းအောင်လှိုင် က စစ်ကောင်စီအဖွဲ့ကို ဖျက်သိမ်းလိုက်ပြီးလို့ ဒီနေ့ ဇူလိုင်လ ၃၁ ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။
အဲဒီလို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖွဲ့စည်းထားတဲ့ စစ်ကောင်စီအဖွဲ့ကိုဖျက်သိမ်းလိုက်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ကြေညာပြီးနောက်မှာ နိုင်ငံတော်လုံခြုံရေး နဲ့ အေးချမ်းသာယာရေးကော်မရှင် ကို ဆက်လက်ဖွဲ့စည်းပြီးတော့ ဆက်လက်အုပ်ချုပ်မှာလည်း ဖြစ်ပါတယ်။
အဲဒီ အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ကို စစ်ကောင်စီ ဥက္ကဌ မင်းအောင်လှိုင်က ဖွဲ့စည်းခဲ့ပြီးတော့ အဲဒီအဖွဲ့ရဲ့ ကော်မရှင် ဥက္ကဌရာထူးကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမိန့် နဲ့ မင်းအောင်လှိုင် ပြန်လည် ခန့်အပ်ကာ နိုင်ငံကို ဆက်လက်အုပ်ချုပ်မှာ ဖြစ်တယ်လို့ စစ်ကောင်စီ ဥက္ကဌ မင်းအောင်လှိုင်က ထုတ်ပြန်ထားပါတယ်။
အဲဒီနောက်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လွဲပြောင်းပေးအပ်မှု တာဝန်အရ နိုင်ငံတော်လုံခြုံရေး နဲ့ အေးချမ်းသာယာရေးကော်မရှင်ရဲ့ လုပ်ငန်းတာဝန်တွေကို မင်းအောင်လှိုင်က ယာယီသမ္မတ (တာဝန်) နဲ့နိုင်ငံကို ဆက်လက်ပြီး အုပ်ချုပ်သွားမှာလည်း ဖြစ်ပါတယ်။