Home သတင်း စစ်ရေး ULA/AA ရဲ့ (၁၀) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကိုကျင်းပမယ်

ULA/AA ရဲ့ (၁၀) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကိုကျင်းပမယ်

46
0

ULA/AA ရဲ့ (၁၀) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို အခုလာမယ့် ဩဂုတ်လ (၁၁) ရက်နေ့ မနက် (၁၀:၀၀) နာရီ မှာ သတင်းစာရှင်းလင်းပွဲကျင်းပမယ်လို့ ULA/AA က အသိပေးလာပါတယ်။

ဒီသတင်းစာ ရှင်းလင်းပွဲကို အရင်းတုန်းကလိုပဲ ရခိုင်ဘာသာစကား နဲ့ ပြုလုပ်သွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

အဲဒါကြောင့် သတင်းရယူလိုတဲ့ သတင်းထောက်တွေ အနေ နဲ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်နိုင်ရန်အတွက် ဒီလင့်ခ်ကနေပြီးတော့ စာရင်းပေးသွင်ဖို့ကိုလည်း ဖိတ်ခေါ်ထားပါတယ်။

စာရင်းပေးသွင်းရန် လင့်ခ် (https://forms.gle/9FkNHENUvZ9R1sMp9

ဒီလို စာရင်းပေးသွင်းထားတဲ့ သတင်းထောက်တွေကသာ သတင်းစာရှင်းလင်းပွဲကို တက်ရောက် သတင်းရယူခွင့်ပြုမှာဖြစ်ပြီးတော့ စာရင်းသွင်းထားတဲ့ သတင်းထောက်တွေကိုလည်း သတင်းစာရှင်းလင်းပွဲ တက်ရောက်ဖို့အတွက် Email ကနေတဆင့် လိုအပ်သည့်အချက်အလက်တွေကို ပေးပို့သွားမှာ ဖြစ်တယ်လို့ဆိုထားပါတယ်။

အဲဒါတွေအပြင် သတင်းထောက်တွေအနေနဲ့ မေးမြန်းလိုတဲ့ မေးခွန်းတွေကိုလည်း ဩဂုတ်လ (၅) ရက် နေ့ကို press.ula.aa@protonmail.com ကတစ်ဆင့် ပေးပိုကာ မေးမြန်းထားရမှာလည်းဖြစ်ပါတယ်။

ဒီသတ်မှတ်ရက်ကျော်လွန်ပြီးမှ ပေးပိုလာတဲ့ မေးခွန်းတွေကိုတော့ ယခုသတင်းစာရှင်းလင်းပွဲမှာ လက်ခံဖြေကြားပေးမည်မဟုတ်တဲ့အတွက် မေးခွန်းတွေကို သတ်မှတ်ရက်မကျော်ခင်မှာ ပေးပို့ဖို့အတွက်ကိုလည်း တိုက်တွန်းထားပါတယ်။

သတင်းထောက်တစ်ဦးအနေ နဲ့ကတော့ မေးခွန်း (၂) ခုကိုသာ လက်ခံသွားမှာ ဖြစ်ပြီးတော့ ထပ်ဆင့်မေးခွန်းတစ်ခုကိုလည်း ခွင့်ပြုပေးသွားမှာဖြစ်သလို ULA/AAရဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို မေးခွန်းတွေ အကန့်အသတ် နဲ့ လုပ်ထားရတာဟာ အခြားသတင်းထောက်တွေကိုလည်း အချိန်ပေးနိုင်ဖို့အတွက် လုပ်ဆောင်ထားရတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here