ရခိုင်ဒေသမှာဖြစ်နေတဲ့ မုဒိမ်းမှု ကိစ္စတွေကိုအမြန်ဆုံးအရေးယူဆောင်ရွက်ပေးတာတွေကို လုပ်ဆောင်ပေးဖို့အတွက် ရခိုင်အမျိုးသားအဖွဲ့ချုပ် – အာရက္ခတပ်တော် ULA/AA စစ်ဦးစီးချုပ် ရဲ့ ဇနီး ဒေါ်နှင်းဇာဖြူ က တောင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်နေ့က ပေါက်တောမြို့၊ဟင်းခရော်ကျေးရွာအတွင်းမှာ လေးတန်းကျောင်းသူ အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးကို အသက် ၆၉ နှစ်အရွယ် ဦးပဥ◌္ဇင်း စန္ဒိမာ (ခေါ်) ဦးစိန်လှထွန်း ဆိုသူက အတင်းအဓ္ဓမ မုဒိမ်းပြုကျင့်မှု တစ်ခုဖြစ်ပွါးခဲ့ပါတယ်။
အဲဒီလို ကိစ္စတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အနေ နဲ့ တစ်ဖက် နဲ့ တစ်ဖက်ဘော်လီဘောပုတ်နေတဲ့အတွက် နစ်နာသူတွေ ရုံးချိန်းပေးတာတွေလုပ်ဆောင်နေတဲ့ အတွက်နစ်နာသူတွေဟာ ပိုပြီးတော့ နစ်နာနေရတဲ့ အတွက် ဒီလိုကိစ္စတွေကို အမြန်ဆုံးတရားစီရင်ပေးဖို့လိုအပ်နေတယ်လို့ ရခိုင်အမျိုးသားအဖွဲ့ချုပ် – အာရက္ခတပ်တော် ULA/AA စစ်ဦးစီးချုပ် ရဲ့ ဇနီး ဒေါ်နှင်းဇာဖြူ က သူ့ရဲ့လူမှုကွန်ယက်ကနေတဆင့်ရေးသားကာ တောင်းဆိုထားတာလည်း ဖြစ်ပါတယ်။
“ဒီလိုအမှုကိစ္စတွေကို ရုံးချိန်းတွေပေးနေရင်း နစ်နာသူက ထပ်ပြီးတော့ နစ်နာနေရတယ်။ပြီးတော့ ဒီလပ် နဲ့ တရားရုံးက ဘော်လီဘောပုတ်ကြားနာရင်း နဲ့ ဗိုက်သာကြီးလာပြီးတော့ ကလေးသာမွေးလာတယ် တရားခံကို အရေးမယူနိုင်သေးဘူး။တရားစီရင်ရေးမှာလိုအပ်ချက်ရှိတာတွေ ဥပဒေခေါတ်မမှီတာတွေကို နားလည်ပေးလို့ရတယ်။ဒါပေမယ့် ဘယ်လိုအမှုကို ဘယ်လိုပုံစံ နဲ့ ချက်ချင်းအရေးယူလို့ရလဲ၊လုပ်လို့ရလဲ ဉပဒေကို နားမလည် မသိတဲ့သူတွေလည်း နားလည်နိုင်တယ်။တရားလိုတွေ တရားခံတွေကို ရုံးချိန်း ရက်ချိန်းတွေ အရေးတယူလုပ်ပြီးတော့ ဒီလိုနစ်နာနေတဲ့ ကလေးငယ်တွေ ရဲ့ အကြောင်တရား အရှက်တရားတွေကို မစဉ်းစားမိကြဘူးလားဆိုပြီးတော့ “သူကပြောဆိုထားတာလည်း ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း မြောက်ဦးလူငယ်အစည်းအရုံး MUYA က ရခိုင်ဒေသမှာ သက်ငယ်မုဒိမ်းမှု ဖြစ်ပွါးနေတာဟာ လုံခြုံရေး နဲ့ တရားဉပဒေစိုးမိုးရေးလိုအပ်ချက်ကြောင့် ဖြစ်တယ်လို့ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရကို ထောက်ပြပြောဆိုတာတွေ ရှိသလို ဒီလိုပြစ်မှုကျူးလွန်သူတွေကို အရေးယူဆောင်ရွက်တဲ့ နေရာမှာလည်း နောက်ထပ်ဘယ်သူတွေကမှ ဒီလိုပြစ်မှုတွေကို ထပ်မံ ကျူးလွန်ခြင်း မပြုရေး အောင်အကြီးမားဆုံး ပြစ်ဒဏ်ကိုလည်း ချမှတ်ပေးဖို့ လိုအပ်တယ်လို့လည်းဆိုထားပါတယ်။
အဲဒါတွေ အပြင်ကျူးလွန်ခံရတဲ့ ကလေးငယ်တွေ နဲ့ မိသားစုတွေကိုလည်း စိတ်ပိုင်းဆိုင်ရာ ၊ရုပ်ပိုင်းဆိုင်ရာ အထောက်အပံ့တွေ နဲ့ လုံခြုံရေးတွေကို အတတ်နိုင်ဆုံးကူညီထောက်ပံ့တာတွေ လုပ်ဆောင်ပေးဖို့ကိုလည်း ထည့်သွင်းစဉ်းစားပြီးတော့ ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ မြောက်ဦးလူငယ်အစည်းအရုံး MUYA ကတောင်းဆိုထားပါတယ်။
ဒါ့အပြင် အခုလို သက်ငယ်မဒိမ်းမှုကျူးလွန်ခံရတာဟာ ကလေးတွေ အတွက် အခွင့်အရေး၊လွတ်လပ်မှု၊တန်းတူညီမျှမှု နဲ့ လူဂုဏ်သိက္ခာကိုဆုံးရှုံးတဲ့ ဖြစ်ရပ်တစ်ခုဖြစ်တယ်လို့လည်း ဆိုထားပါသေးတယ်။အဲဒါကြောင့် အခုလို ကျူးလွန်ခံရတဲ့ ကလေးတွေ အတွက် စိတ်ပိုင်း၊ရုပ်ပိုင်း၊ဂုဏ်သိက္ခာပိုင်းတွေဟာ ဆုံးရှုံးရပြီးတော့ ဒီလိုအကြမ်းဖက်ရက်စက်မှုတွေကို အမျိုးသမီးထု အနေ နဲ့ ထပ်လို့ကြုံတွေ့တာလည်း မဖြစ်ချင်ဘူးလို့ မြောက်ဦးလူငယ်အစည်းအရုံး MUYA က ဆိုထားပါတယ်။